Border News Agencyပလက်ဝ၊ စက်တင်ဘာလ ၄။ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတို က်ဖျက်ရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှဒီဇင်ဘာလ ၃၁ ရက်နေ့ထိ လေးလကြာအထူးစစ်ဆင်ရေးပြုလုပ်နေကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ဒုတိယရဲမှူးချုပ်(IGP)H.Ramthlengliana က ပြောတယ်လို့ အိန္ဒိယသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ အဲဒီအထူးစစ်ဆင်ရေးဟာ မြန်မာနိုင်ငံမှမီဇိုရမ်ပြည်နယ်သို့...
Read moreမောင်တူရေးသည်။ Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၄။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။ ခ.၇။ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နယ်မြေများ၊အဖွဲ့အစည်းများနှင့်မိတ်ဘက်ပြုဆောင်ရွက်ခြင်း။ မိတ်ဖက်ပြုဆောင်ရွက်ခြင်း။ ကုလသမဂ္ဂယန္တရားစနစ်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုကူညီရေးလုပ်ငန်းစဉ်(UND AF)ကဲ့သို့ ယန္တရားများအား ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အခြားအဖွဲ့အစည်းများ၊ နယ်မြေများနှင့် လည်းထိတွေ့မိတ်ဖက်ပြုဆောင်ရွက်နိုင်သည်ထိ ကျယ်ပြန့်ရန်လိုသည်။...
Read moreBorder News Agencyပလက်ဝ၊ စက်တင်ဘာ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ရှင်းလက်ဝကျေး ရွာရှိစစ်ဆေးရေးဂိတ်မှာယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို ထုတ်ပေးနေတယ်လို့ ခရီးသွားပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလက်မှတ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ပြင်ပဆက်ဆံရေးဗျူရို၊ နယ်စပ်ဆက်ဆံရေးရုံး(အိန္ဒိယ)က ထုတ်ပေးနေတာဖြစ်ပြီးအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကိုသွားမယ့်သူအား လုံးမဖြစ်မနေပြုလုပ်နေကြရတယ်လို့ခရီးသွားပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလက်မှတ်ကိုပြီးခဲ့တဲ့သြဂုတ်လကစတင်ပြုလုပ်ပေးနေတာဖြစ်ပြီး...
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေအားလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေဆိီမှာရှိနေတဲ့လက် နက်တွေ၊ ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းအားလုံးကို ၄၅ ရက်အတွင်းလာရောက်အပ်နှံကြဖို့ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရမှအမိန့်ထုတ်လိုက်ပါတယ်။ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် အသက်အန္တာရာယ်ဖြစ်စေနိုင်တဲ့ သေနတ်၊ လေသေနတ်၊ တူးမီးယမ်းထောင်းအပါအဝင် ဆက်စပ်လက်နက်ခဲယမ်းတွေ၊ RT စကားပြောစက်တွေကို ၄၅ ရက်အတွင်း...
Read moreအာရက္ခတပ်တော်(AA)ခေါင်းဆောင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ညိုထွန်းအောင်အပါအဝင် တခြားအရာရှိအဆင့်ဆင့်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနားတရားစီရင်ရေးမှာ စက်တင် ဘာလ ၃ ရက်၊ ဒီနေ့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း(ယူကေ)က တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပို င်ခွင့်အမှုမှာ အာရက္ခတပ်တော်ရဲ့ရာဇဝတ်မှုတွေကိုလည်း ထည့်သွင်းရန်တိုးချဲ့တောင်းဆိုလိုက်တာလို့ ဆိုပါတယ်။ "အာဂျင်တီးနားတရားစီရင်ရေးအဖွဲ့ဟာ...
Read moreBorder News Agencyမောင်တော၊ စက်တင်ဘာ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောဒေသမှာ ရိုဟင်ဂျာတွေကို အကြောင်းမဲ့ဖမ်းဆီးတာာတွေ မရှိဘူးလို့ ULA/AA က တုံ့ပြန်ပြောဆိုကြောင်း The New Humanitarian သတင်းဌာနက စက်တင်ဘာ ၂ ရက်...
Read moreမောင်တူရေးသည်။ Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။ ခ.၆။မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သောယန္တရားများ၏စွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေခြင်း။ ကုလသမဂ္ဂယန္တရားစနစ်အတွင်းတွင်ပင် နိုင်ငံရေးနယ်ပယ်ထဲမှလည်းကောင်း၊ နည်းပညာနယ်ပယ်ထဲမှလည်းကောင်းမြေယာနှင့် ပဋိပက္ခကိစ္စရပ်များကိုကိုင်တွယ်ရန်စွမ်းဆောင်ရည်မှာကွာဟချက်များရှိနေသည်။ မြေယာနှင့် ပဋိပက္ခများကို နိုင်ငံရေးနယ်ပယ်နှင့် နည်းပညာနယ်ပယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန်သောအမြင်နှင့်နှိုင်းယှဉ်သုံးသပ် အဖြေထုတ်မှုများ...
Read moreBorder News Agencyကျောက်တော်၊ စက်တင်ဘာ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားထားတဲ့ကျောက်တော်မြို့အချုပ်ခန်းမှအချုပ်သားနှစ်ဦးဟာ သြဂုတ်လ ၂၈ ရက်နေ့က ထွက်ပြေးသွားကြတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။ အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာမှာဇူလိုင်လ ၂၄ ရက်နေ့ညက လူသတ်ဓားမြတိုက်ရွှေတွေ၊ငွေတွေယူ သွားသူစွပ်စွဲတရားခံအသက်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးနဲ့နောက်တဦးထွ က်ပြေးသွားကြတာလို့ ဆိုကြပါတယ်။ အဲဒီလူသတ်ဓားမြတိုက်စွပ်စွဲတရားခံညီညီစိုးဟာ လူသတ်ဓားမြတိုက်ခဲ့တာကိုဝန်ခံထားပြီး...
Read moreBorder News Agencyမောင်တော၊စက်တင်ဘာ ၂။ ရခိုင်မှာ အာရက္ခတပ်တော်(AA)ရော စစ်ကော်မရှင်ကပါ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)က စက်တင်ဘာ ၂ ရက် ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရက္ခတပ်တော်ဟာ သတ်ဖြတ်မှု၊ အဓမ္မစစ်သားစုဆောင်းမှု၊အဓမ္မနေရပ်ရွှေ့...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင်မူးယစ်ဆေးဝါးရောင်း ချဖြန့်ဖြူးသုံးစွဲသူ တဆယ့်တဦးကို သြဂုတ်လ ၃၁ရက်နေ့ကအာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)အဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအသက်၂၁ နှစ်အရွယ်တပ်သားခန့်စိုးလင်း၊အသက်၂၄ နှစ်အရွယ်ဒု-တပ် ကြပ်သန်းဟန်၊အသက် ၃၅ နှစ်အရွယ်တပ်သားကျော်စိုးလှိုင်၊အသက် ၂၀ အ...
Read moreHey! Don't Copy my content.