Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် လူ့အခွင့်အရေး သတင်း အာရက္ခဒေသ

ရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊စက်တင်ဘာ ၂။

ရခိုင်မှာ အာရက္ခတပ်တော်(AA)ရော စစ်ကော်မရှင်ကပါ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)က စက်တင်ဘာ ၂ ရက် ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်ဟာ သတ်ဖြတ်မှု၊ အဓမ္မစစ်သားစုဆောင်းမှု၊အဓမ္မနေရပ်ရွှေ့ ပြောင်းစေမှု၊ဖမ်းဆီးမှု၊မီးရှို့မှု၊ငွေညှစ်မှု၊လုယက်မှုနဲ့ပိုင်ဆိုင်မှုတွေကို သိမ်းပို က်မှုတွေကို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်ကလည်း ၂၀၂၄ ခုနှစ်၊မေလ ၂၉ ရက်နေ့က စစ်တွေမြို့န ယ်၊ဗျိုင်းဖြူကျေးရွာက အရပ်သား ၈၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့အနီးပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းတွေနဲ့ကျေးရွာတွေက ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်မှာ ဘယ်သူ့ကိုမှ အဓမ္မစစ်သားစုဆောင်းတာတွေမလုပ်ကြောင်း OHCHR ကိုတုံ့ပြန်ခဲ့ပေမယ့် ဘူးသီးတောင်၊မောင်တော၊ပေါက်တော၊ကျောက်တော်၊မြောက်ဦး၊မင်းပြားနဲ့မြေပုံမြို့နယ်မှာ အဓမ္မစစ်သားစုဆောင်းမှုနဲ့ပတ်သက်ပြီး ယုံကြည်စိ တ်ချရတဲ့သတင်းတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအပြင် မူဝါဒတခုတည်းအောက်မှာ လူ့အသိုင်းအဝိုင်းအားလုံးကို တန်းတူဆက်ဆံကြောင်း အာရက္ခတပ်တော်က ပြောကြားခဲ့ပေမယ့်လက်တွေ့မှာ အရင်အစိုးရတွေကချမှတ်ခဲ့တဲ့ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေအပေါ်ကန့်သတ်မှုတွေက ဆက်လက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသား အသို င်းအဝိုင်းနှစ်ခုလုံးက အရပ်သားပြည်သူတွေဟာ တိုက်ပွဲတွေရဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကို ဆက်ပြီး ခံစားနေရတုန်းပါပဲ။စစ်တပ်က အရပ်သားတွေနဲ့ ကာကွယ် ထားတဲ့ နေရာတွေကို ပစ်မှ တ်မခွဲဘဲ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခို က်တာတွေ၊အတင်းအကျပ်နေရပ်ရွှေ့ ပြောင်းခိုင်းတာ၊အဓမ္မစစ်သားစုဆော င်းတာ၊လူတွေကို ဖမ်းဆီးပျောက်ဆုံးအောင်လုပ်တာ၊မတရားဖမ်းဆီးထိန်း သိမ်းတာ၊မီးရှို့ဖျက်ဆီးတာ၊လူသားချင်းစာနာမှုအကူအညီတွေ မပေးဘဲ ပိတ်ပင်တာအပြင် သူတို့ကို ကြောက် လန့်သွားအောင် ရက်စက်ကြမ်းကြုတ်မှုတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နေတဲ့ဒဏ်တွေကို ခံနေရတာပါ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မ ဟာမင်းကြီးဗော်လ်ကာတာ့ခ် (Volker Türk)က ပြောပါတယ်။

စာမျက်နှာ ၁၄ မျက်နှာရှိတဲ့ ဒီအစီရင် ခံစာမှာ အာရက္ခတပ်တော်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေနဲ့ စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို လုံခြုံရေးကောင်စီကတဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)ကို အပြည့်အဝ လွှဲပြောင်းပေးဖို့ကိုလည်း အစီရင်ခံစာမှာ ထပ်မံတောင်းဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ကိုလည်း လူသားချ င်းစာနာမှုအကူအညီလိုအပ်တဲ့ အရပ် သားတွေဆီ အတားအဆီးမရှိ ဖြတ်သ န်းသွားလာခွင့်ပြုပြီး အစားအစာ၊ဆေး ဝါး၊မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့၊အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့မကိုက်ညီတဲ့ ရိုဟ င်ဂျာတွေအပါအဝင် စစ်မှုထမ်းဖို့ ဆင့် ခေါ်တဲ့ပုံစံအားလုံးကို အဆုံးသတ်ဖို့၊နိုင် ငံရေးအကျဉ်းသားအားလုံးကို လွှတ် ပေးကိုလည်းတောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစ ည်းတွေနဲ့ စစ်တပ်ဆန့်ကျင်ရေး လက် နက်ကိုင်အဖွဲ့တွေကိုလည်း အပြည်ပြ ည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့မတော်မတရားပြုကျင့်မှုအားလုံးကို ရပ်တန့်ဖို့၊တရားလက်လွတ် သတ်ဖြ တ်မှုကနေ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ကိုလည်း ရိုဟင်ဂျာတွေကို အဓမ္မစစ်သားစုဆောင်းတဲ့ ပုံစံ အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာအားလုံးကို သူတို့ရဲ့ မူလနေရာတွေကို ပြန်လာခွင့်ပြုပြီး စစ်ဆင်ရေးအတွင်း ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ငွေကြေးအကူအညီပေးဖို့၊ ရိုဟင်ဂျာတွေ သွားလာလှုပ်ရှားမှုနဲ့မလို အပ်တဲ့ ကန့်သတ်ချက်အားလုံးကို ချက် ချင်းပယ်ဖျက်ပေးဖို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

PrevPreviousအာရက္ခအစိုးရရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးအပါ အဝင် ဆယ့်တဦးကို မူးယစ်ဆေးဝါးအ မှုနဲ့ဖမ်းဆီး
Nextကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွားNext
Previous Post

အာရက္ခအစိုးရရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးအပါ အဝင် ဆယ့်တဦးကို မူးယစ်ဆေးဝါးအ မှုနဲ့ဖမ်းဆီး

Next Post

ကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ဂန့်ဂေါခရိုင် တပ်ရင်း ၃

ဆော – လောင်းရှည် – ကျောက်ထုလမ်းပိုင်း သွားလာမှုမပြုဖို့ သတိပေး

June 10, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

အမေရိကန်-အီရန် တင်းမာမှုတွေအရှိန်မြင့်တက်လာပြီး အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွား

June 10, 2026
ဓာတ်ပုံ - One Nation News

နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော် ကျပ်သိန်း ၁၀၀ ထောက်ပံ့

June 10, 2026
ဓာတ်ပုံ - ပခုက္ကူခရိုင်စစ်ဌာန

အာဏာသိမ်းစစ်တပ်ရဲ့ မြစ်ခြေရဲစခန်းကို PDF တပ်ဖွဲ့တွေသိမ်းပိုက်

June 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page