အာရက္ခဒေသ

​ဘူးသီးတောင်ရှိစစ်သုံ့ပန်းမိသားစုကို ULA က ငွေကျပ် ၁၀ သိန်း ထောက်ပံ့

Border News Agencyဘူးသီးတောင်၊ မတ် ၃။ ဘူးသီးတောင်မြို့နယ်အတွင်းက အာရက္ခတပ်တော် (AA)ဆီလက်နက်ချခဲ့တဲ့ စစ်သုံ့ပန်းမိသားစုတစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီကော်မတီက မတ်လ ၂ ရက်၊မနေ့ကငွေကျပ် ၁၀ သိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။ ​အဲဒီထောက်ပံ့မှုကို ခမရ...

Read more

ပလက်ဝဆိပ်ကမ်းမှာ ရေနစ်မြုပ်‌နေတဲ့ ခရီးသည်နဲ့ကုန်တင်လှေကို အာရက္ခတပ်တော်မှကူညီကယ်ဆယ်

Border News Agencyပလက်ဝ၊ မတ် ၃။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဆိပ်ကမ်းမှာ ရေနစ်မြုပ်‌နေတဲ့ ခရီးသည်နဲ့ကုန်တင်လှေကို အာရက္ခတပ်တော်မှဖေဖော်ဝါရီလ ၂ရက်၊မနက်ပိုင်းက ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပလက်ဝ - ကျောက်တော်ကို လိုင်းဆွဲထွက်နေတဲ့ကုန်တင်လှေတစီးဟာ မတ် ၁ ရက်နေ့...

Read more

မင်းပြားမှာကားတိုက်ခံရလို့ သက်ကြီးပိုင်းအမျိုးသားတဦး သေဆုံး

Border News Agencyမင်းပြား၊ မတ် ၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ ကားတိုက်ခံရလို့ သက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်(ချင်း)ကျေးရွာမှ အသက်ခြောက်ဆယ်အရွယ် ဦးမောင်စိန် သေဆုံးသွားတာလို့ ဆိုပါတယ်။ အဲဒီ ဦးမောင်စိန်ဟာ မတ်လ ၁...

Read more

ARSA တွေပြန်ပီးဆွဲထားတဲ့ မူဆလင်လူငယ်တဦးပြန်လွတ်လာ

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၂၈။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ARSA တွေပြန်ပီးဆွဲထားတဲ့ မူဆလင်လူငယ်တဦး ဖေဖော်ဝါရီလ၂၃ ရက်နေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ မောင်တောမြို့နယ်၊ မီးကျောင်းတက်ရွာမှ အဒူလ္လရဲ့သားအသက်ဆယ့်သုံးနှစ်အရွယ်  ယာဆဲလ်အာရ်ဖတ်ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့၊ ည ၁နာရီအချိန်ခန့်မှာ ARSAအဖွဲ့ရဲ့ ပြန်ပေးဆွဲဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ အဲဒီ ARSAအဖွဲ့ဟာ ယာဆဲအာရ်ဖတ်ရဲ့မိသားစုထံ တာကာငွေ ၁၅ သိန်း (မြန် မာငွေ သိန်း၄၈၀ ခန့်)ကို တောင်းခံပြီး မပေးရင် ယာဆာအာရ်ဖာတ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဆဲလ်အာရ်ဖတ်ရဲ့မိသားစုတွေမှ တာကာငွေ ၁၅သိန်းမပေးနိုင်ဘူးလို့ငြင်းဆိုခဲ့သလို နောက်ထပ်သုံးကြိမ်တောင်းတာတွေကိုလည်းငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာ တာကာငွေနှစ်သိန်းပေးပါက ပြန်လွှတ်ပေးမယ်လို့ ငွေညှစ်တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ARSA အဖွဲ့တောင်းတဲ့ တာကာငွေနှစ်သိန်းကို ဖေဖော်ဝါရီလ၁၉ ရက်နေ့မှာ လွှဲပေးလိုက်ပြီး ဖေဖော်ဝါရီလ၂၃ ရက်နေ့၊ နေ့လည်၂ နာရီအချိန်မှာ ယာဆဲလ်အာရ်ဖတ် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ ယာဆဲလ်အာရ်ဖတ်ဟာ မောင်တောမြို့နယ် မီးကျောင်းတက်ရွာရဲ့အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ကျော်ခန့်အကွာ  လှဖိုးခေါင်အနီးတောထဲမှာ သုံးဆယ့်ခုနှစ်ရက်ကြာဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ချ်ကို ဆေးကုသဖို့သွားတဲ့ မောင်တောဒေသခံသုံးဦးကိုလည်း အကြမ်းဖက် ARSA၊ RSO အဖွဲ့မှ ဖမ်းဆီးငွေညှစ်ခဲ့ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ပြည်သူလူထုတွေကို လူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တာ၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်တာ၊ အနိုင်ကျင့်ငွေညှစ်တာ၊ လုယက်တာ၊ ပြန်ပေးဆွဲတာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေရှိနေပြီး ဒေသခံအရပ် သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးကိုခြိမ်ခြောက်နေတာမို့ အာရက္ခတပ်တော်ကအကြမ်းဖက်ရှင်းလင်းရေးတွေအပြီးသတ်လုပ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။

Read more

စစ်တွေခရိုင်ကစစ်ရှောင်နဲ့ ဒေသခံ ၅၀၀ နီးပါးကိုအာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Border News Agency  စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ ​စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို  အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ​အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ ​အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။

Read more

အာရက္ခအစိုးရသတိထားကိုင်တွယ်ရမယ့်ဆိုက်ဝါးလက်မည်းကြီးတွေ

ရီရီလှိုင်(ကစ္ဆပမြီ)ရေးပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သတင်းအခြေခံသင်တန်းကို လေ့လာသူအဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ သတင်းစကားတွေရဲ့ ပြောင်းလဲပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ကစားနည်း(Game)နဲ့ လက်တွေ့ပြသတာကို ကြုံခဲ့ဖူးပါတယ်။ အဲဒီကစားနည်းကို ကစားဖို့အတွက် သင်တန်းသူ၊ သင်တန်းသားတွေအားလုံး ရှေ့နောက်တန်းစီပြီး မတ်တပ်ရပ်လိုက်ကြပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သင်တန်းဆရာက နောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့သင်သားတန်းသားတဦးအနားကိုကပ်ပြီးတော့ သတင်းတပုဒ်ကို တိုးတိုးကလေးပြောပြလိုက်ပါတယ်။ အဲဒီသင်တန်းဆရာပြောပြတဲ့သတင်းကို ပထမဦးဆုံးရရှိသွားသူက သူရရှိခဲ့တဲ့သတင်းကို သူ့ရှေ့ကနောက်ထပ်သင် တန်းသားဆီသို့ တိုးတိုးကလေးကပ်ပြီး ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။  အဲဒီလိုနဲ့တဦးပြီးတဦး ထပ်ဆင့်ဖြန့်ဝေလာလိုက်တာ အတန်းရဲ့ရှေ့ဆုံးကလူဆီကိုရောက်တာနဲ့“ မူရင်းသတင်း”ရဲ့ ပုံ သဏ္ဍာန်ရော အဓိပ္ပါယ်ပါပြောင်းလဲသွားတာကို အံ့သြဖွယ်မြင်တွေ့ရပါတော့တယ်။ ဥပမာ မူရင်းသတင်းက “မြိုင်ကြီးမှာ မိုးကြီးပြီး မြေပြိုနေတဲ့အတွက် ကားလမ်းပြတ်တောက်နေတယ်။”ဆိုတဲ့ သတင်းဆိုပါတော့။ အဲဒီသတင်းကို ပထမဦးဆုံးရရှိလိုက်တဲ့သင်တန်းသားက သူကြားလိုက်ရတဲ့ သတင်းစကားရဲ့အစီအစဉ်နဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး စဉ်းစားပြီးတော့ပြန် လည်ဖြန့်ဝေလိုက်တဲ့အခါမှာ“မြိုင်ကြီးမှာမိုးကြီးမြေပြိုလို့ ကားလမ်းပြတ်နေတယ်။”လို့ ဖြစ်သွားပါတယ်။ နောက်ထပ်တယောက်ကို ထပ်ဆင့်ဖြန့်ဝေလိုက်တဲ့အခါမှာတော့ သတင်းက “မြိုင်ကြီးမှာ မိုးကြီး မြေမြိုလို့ ကားလမ်းဖြတ်ထားတယ်။”လို့ ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ တယောက်ပြီးတယောက် ထပ် ဆင့်ဖြန်ဝေလာပြီးတဲ့အခါမှာတော့ နောက်ဆုံးတယောက်ဆီမှာသတင်းက“ မြိုင်ကြီးမှာမျိုးကြီးတယောက် မြေမြို့လို့ ခြေထောက်ဖြတ်တောက်ခံလိုက် ရတယ်။”ဆိုပြီး ဖြစ်သွားပါတော့တယ်။  အဲဒါဟာ သတင်းစကားရဲ့ပျံ့နှံ့ ပြောင်းလဲသွားနိုင်ခြေကို တက်ရောက်လေ့ လာခဲ့တဲ့ သတင်တန်းမှာကြုံဖူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ဖြန့်ဝေတဲ့ သတင်းစကားဟာ သတင်းလက်ခံပြီး ဖြန့်ဝေသူတွေရဲ့ နား လည်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင်မှု၊ ရိုး သားမှုနဲ့တာဝန်ယူ၊တာဝန်ခံနိုင်မှုအပေါ်မှာမူတည်ပြီးတော့ ဆင့်ကဲပြောင်းလဲသွားနိုင် စေပါတယ်။  မူရင်းသတင်းရဲ့ဆိုလိုရင်း ပျောက်ပြီးတော့ အဆိုးဖက်ကို ပြောင်းလဲသွားစေနိုင်သလို အကောင်းဖက်ကိုလည်း ဦးတ ည်ပြီးလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။  မူရင်းဖြန့်ဝေနေသူတွေကိုယ်တိုင်ကိုက အဆိုးဖက်ကို ဦးတည်ထုတ်လွှင့်ဖြန့်ဝေတဲ့သတင်းမျိုးဆိုရင်တော့ ပြောဖွယ်ပင်မရှိတော့ပါဘူး။ပြီးတော့ သတင်းရဲ့ ပျံ့နှံ့နိုင်ခြေဟာလည်း တစက္ကန့်၊ တမိနစ်အတွင်းမှာတင် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားစေနိုင်ပါတယ်။  သတင်းကို လူတယောက်ကလူတယောက်ချင်းစီကိုပဲ ဖြန့်ဝေတယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာတင် ကြီးမားကျ ယ်ပျံ့သွားနိုင်တာ အမှန်ပါပဲ။လူစည်ကားရာနေရာမျိုးတွေမှာ သတင်းကို ဖြန့်ဝေတယ်ဆိုရင်တော့ ပြောဖွယ်ပင် မရှိတော့ပါဘူး။ ဒီနေ့ ကမ္ဘာကြီးဟာ သတင်းနဲ့ နည်းပညာ(IT)ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ စက္ကန့်နဲ့အမျှပြောင်းလဲ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့ နည်းပညာနောက်ကို အမှီလိုက်နေရပါတယ်။နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကမ္ဘာကြီးအတွာက် အကောင်းဖက်ကို ဦးတည်တာတွေရှိသလို ကမ္ဘာကြီးကို နည်းပညာစစ်ပွဲတွေထဲ တဝဲလည်လည် ခြိမ်းခြောက်ခံနေရစေပါတယ်။  အဲဒီလိုပဲ သတင်းရယူနိုင်တဲ့နေရာတွေ၊ ဖြန့်ဖြူးတဲ့နေရာတွေပေါများလာတာကလည်း ကမ္ဘာကြီးအတွက် ဆိုးမွေ ကောင်းမွေတွေ ဒွန်တွဲရှိနေတာပါပဲ။ ဒီခေတ်မှာ သတင်းအယောင်ဆောင်ပြီး ဝါဒဖြန့်ချိနေကြတဲ့ ဆိုက်ဝါး(Psy War) တွေကလည်း အလွန်ပေါများနေပါတယ်။  ဆိုက်ဝါး(Psy War)ဆိုတာက ပြိုင်ဘ က်တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ထုတ်လွှင့်ကြတဲ့ ဝါဒဖြန့်တာတွေဖြစ်ပါတယ်။ ဆိုက်ဝါးတွေကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တချို့နိုင်ငံတော်အစိုးရတွေရဲ့ အာဘော်တွေထိတွေ့ရတတ်ပါတယ်။ ...

Read more

မောင်တောမှာ ဒေသကြက်တွေဈေး ကောင်းရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာ ဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်‌ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊ အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အဲဒီဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှလာရောက်ရောင်းချသူတွေက စျေးကောင်းရနေကြတယ်လို့ ဆို​ကြပါတယ်။ "တရက်မှာကြက်အကောင်ရေသုံးဆယ်လောက်ရောင်းချရပါတယ်။လေးသော င်းနဲ့ဝယ်ရင် ဒီ‌မှာလေးသောင်းနှစ်ထော င်ရောင်းတယ်။ငါးသောင်းနဲ့ဝယ်ငါး သောင်းနှစ်ထောင်ရောင်းတယ်။ကြက်တကောင်ကနှစ်ထောင်ပဲအမြတ်ရတ ယ်။ဘူးသီးတောင်က ဆိုက်ကယ်နဲ့လာရတယ်။ဆီစာရိတ်၊ထမင်းနဲ့ကုန်ကျ စာရိတ်ကသုံးသောင်းလောက်ရှိတယ်။တရက်အမြတ်ငွေကတောသုံးသောင်း၊ လေးသောင်းလောက်ရပါတယ်။ကြက်တွေကတော ကျေးရွာတွေမှာလည်ပတ်ပြီးရှာဝယ်ရတယ်။"လို့ ဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှအဒူလာမိန်က Border News Agency ကို ပြောပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒေသတွင်းမွေးမြူရေးတွေနည်းနေသေးသလို ဒေသကြက်တွေလ ည်းနည်းပါးနေသေးတာမို့ တရွာဝင်တရွာထွက်ရှာဖွေဝယ်ယူနေကြရတယ်လို့ကြက်ရောင်းသူတွေက ဆိုကြပါတယ်။ "ကြက်တွေကတော့ ကျေးရွာတွေကိုလည်ပတ်ပြီးဝယ်ရပါတယ်။မိသားစုစားသောက်ဖို့ တရက်မှာနှစ်သောင်းကျော်ကုန်ပါတယ်။သားသမီးသုံးဦးက ငါးနှစ်အထက်မရှိသေးပါဘူး။ငါးနှစ်အောက်သာရှိပါတယ်။"လို့ ဘူးသီးတောင်မြို့နယ်မှကြက်ရောင်းချနေသူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေမွေးမြူရေးတွေပိုမိုလုပ်နိုငိကြဖို့နိုင်ငံတကာအကူ အညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။

Read more

အာရက္ခပြည်သူ့အစိုးရမြို့ရွာသန့်ရှင်းရေးဆောင်ရွက်နေ

​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ရွာသန့်ရှင်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ​အဲဒီစည်ပင်သာယာရေးဌာနက မြို့ပေါ်လမ်းတွေမှာ အမှိုက်ကားတွေနဲ့ လိုက်လံသိမ်းဆည်းတာ၊ရေမြောင်းတွေ ပိတ်ဆို့မှုမရှိအောင်ရှင်းလင်းတာနဲ့ အမှိုက်ပုံဟောင်းတွေကို ဖယ်ရှားတာတွေ လုပ်ပေးနေတာပါ။ ​အဲဒီအပြင် ဈေးတွေအတွင်း သန့်ရှင်းရေးလုပ်တာနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။ အဲဒီ ​လမ်းဆုံလမ်းခွတွေမှာလည်း အမှိုက်ပုံးတွေချထားပေးသလို၊ အမှိုက်မပစ်ရမယ့် နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ ​အဲဒီအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ မရှိအောင် စည်ပင်ဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Read more

​မြေပုံမှာ တရားမဝင် အရက်ဘီယာတွေကို အာရက္ခအစိုးရ သိမ်းဆည်း

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ ​အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ ​အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ​ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။

Read more

မောင်တောမှာ ဒေသကြက်တွေဈေး ကောင်းရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်‌ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။

Read more
Page 6 of 108 1 5 6 7 108

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here