အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မင်းပြားမြို့နယ်မှာ ဧပြီလ ၂၁ ရက်၊ ဒီနေ့မြေယာအငြင်းပွားမှုရုပ်သံတခုပြန့်နေပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှာဖြစ်ကြတာဖော်ပြထားပေမယ့် ဘယ်နေ့၊ဘယ်အချိန်ကဖြစ်ကြတယ်ဆိုတာကို အတိအကျဖော်ပြမထားပါဘူး။ အဲဒီမြေယာအမှုဟာ ကိုးနှစ်၊ ဆယ်နှစ်တိုင်တိုင်လုပ်စားလာတဲ့အိမ်အနောက်ဘက်ကျွန်းကို တရပ်ကွက်တည်းအတူနေ မနာလိုသူလူတချို့တိုင်ကြားတာမို့ အာရက္ခတပ်တော်(AA) ပြည်ထဲရေးကလာရောက်သိမ်းယူနေတာလို့ဆိုပါတယ်။ အဲဒီနယ်မြေတာဝန်ခံ(နယ်မြေမှူး) ငစိုင်းရိုင်းချောင်းဇာတိကိုညီပုနဲ့...
Read moreအင်တာဗျူး အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီမောင်တောမြို့နယ်၊ လေးမိုင်နေ အသက်ငါးဆယ်နှစ်အရွယ်ဦးအောင်စိုးလွင်နဲ့ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စန္ဒာဝင်းရဲ့သားအသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ ၂၉ ရက်၊...
Read moreအာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်း ချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီမောင်တောမြို့နယ်၊ လေးမိုင်နေအသက်ငါးဆယ်နှစ်အရွယ်ဦးအောင်စိုးလွင်နဲ့ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စန္ဒာဝင်းရဲ့သားအသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ ၂၉ ရက်၊ နေ့လည်...
Read moreမောင်တူရေးသည်။ အာရက္ခဒေသ၏လူမှုစီးပွားဘဝသည် လက်ရှိအခြေအနေထိ အကျပ်အတည်းဆိုက်နေမှုတွင်သာရှိနေသေးသည်။အာရက္ခဒေသ၏လူမှုစီးပွားဘဝအကျပ်အတည်းမှာ "စီးပွားရေးပြိုလဲမှု" ကြောင့်ဖြစ်သည်။ "စီးပွားရေးပြိုလဲမှု" တွင် ပြိုလဲရသည့်အကြောင်းတရားနှင့်ပြိုလဲမှုကြောင့် ရိုက်ခတ်ခံရသည့်အကျိုးဆက်များရှိသည်။ အာရက္ခဒေသ၏စီးပွားရေးပြိုလဲမှုသည် "စစ်ကောင်စီမှအာရက္ခဒေသအားစီးပွားရေးပိတ်ဆို့မှုကြောင့်" ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အာရက္ခဒေသတွင် "စစ်ကောင်စီဘက်မှစီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်လောက်သောစီးပွားရေးလည်ပတ်မှု" ရှိမနေခဲ့ဟု ပြန်ဖြေရမည်ဖြစ်သည်။ ဤအချက်သည် အာရက္ခဒေသဘက်မှ...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ ဧပြီ ၂၀။ နွေရောက်ပြီဆိုတာနဲ့ရေရှားပါးမှုက စလာပြီ။ သောက်ရေသုံးရေကအစ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနည်းလာပါတော့တယ်။ တနှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်တဲ့ဒီရေရှားပါးမှုပြဿနာက အာရက္ခဒေသက ပြည်သူတွေအတွက် ခေါင်းခဲစရာပါ။ သောက်သုံးရေရှားပါးတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြ ရပါတယ်။ မသန့်တဲ့ရေတွေကို...
Read moreBorder News Agencyကျောက်တော်၊ ဧပြီ ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ဧပြီလ ၁၉ ရက်၊ ဒီနေ့ မနက် ၂ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ကျောက်တော်မြို့၊...
Read moreကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး စီမံအုပ်ချုပ်မယ့် အာရက္ခတပ်တော်(AA) မှာကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။ https://youtu.be/bEb9sdJNcX8
Read moreမြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ ဒီနေ့မှာနိုင်ငံတဝှမ်းလုံးရှိအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈ ၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမို့ စစ်တွေထောင်ကလည်း အကျဥ်းသားတချို့လွတ်လာကြပါတယ်။ ဒါပေမယ့်နိုင်ငံရေးအကျဥ်းသားတွေမပါလာကြသလို စစ်တွေမြို့နယ်ကမတ ရားဖမ်းဆီးထောင်ချခံထားရသူတွေလ ည်းမပါလာဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။ "စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါပါဘူး။ဗျိုင်းဖြူရွာကလူတွေလည်းမပါလာပါဘူး။စစ်တပ်ကသူတို့လွတ်ချင်သူတွေကိုလွတ်လိုက်တာပါ။'' လို့...
Read moreမြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ဒီနေ့မှာနိုင်ငံတဝှမ်းလုံးရှိအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈ ၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမို့စစ်တွေထောင်ကလည်း အကျဥ်းသားတချို့လွတ်လာကြပါတယ်။ ဒါပေမယ့်နိုင်ငံရေးအကျဥ်းသားတွေမပါလာကြသလို စစ်တွေမြို့နယ်ကမတ ရားဖမ်းဆီးထောင်ချခံထားရသူတွေလည်းမပါလာဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။ "စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါပါဘူး။ဗျိုင်းဖြူရွာကလူတွေလည်းမပါလာပါဘူး။ စစ်တပ်ကသူတို့လွတ်ချင်သူတွေကိုလွတ်လိုက်တာပါ။'' လို့ စစ်တွေမြို့၊ဗျိုင်းဖြူရွာမှလင်ယောကျ်ားဖမ်းဆီးထောင်ချခံထားရသူအ မျိုးသမီးတဦးက...
Read moreအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်မှာ အရပ်သားပြည်သူတချို့ဟာ ဧပြီလ ၁၄ ရက်နေ့မှဒီနေ့ထိသင်္ကြန်ပွဲတော်ကို ဆင်နွဲ့ခဲ့ကြပါတယ်။ အာရက္ခတပ်တော်(AA)နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာနေကြပေမယ့် အာရက္ခတပ်တော်က ဧပြီ လ ၃၀ ရက်နေ့ထိ ယာယီအပစ်ရပ်ထားပါတယ်။ အဲဒါကြောင့် စစ်တွေမြို့မှာ အာရက္ခတပ်တော်ကပစ်ခတ်မှုတွေမရှိတာမို့ မြို့ပေါ်မှာ ပိတ်မိကျန်နေကြသေးသူတွေ၊ နေရပ်ပြန်လာကြသူတွေဟာ...
Read moreHey! Don't Copy my content.