အာရက္ခဒေသ

တောင်ကုတ်မှာ မိုင်းနင်းမိလို့အမျိုးသမီးတဦးဒဏ်ရာရ

တောင်ကုတ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ဒီနေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံးကိုတက်နင်းမိပြီး အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့တောင်ကုတ်ဒေသခဲတွေက ဆိုကြပါတယ်။ အဲဒီ တောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်ကအသက် ၅၁ နှစ်အရွယ်ဒေါ်လင်မျိုးချေမှာ ဘယ်ဖက်ခြေထောက်သွားခဲ့ပါတယ်။ အဲဒီတောင်ကုတ်အခြေစစ် စစ်ကောင်စီတပ်အမှတ် ၃၄၆ ခြေမြန်တပ်ရင်းနား၊ကံပိုင်ရပ်ကွက်ရှိ...

Read more

အာရက္ခဒေသက စစ်ဘေးရှောင်တွေ ဆေးဝါးအကူအညီလိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ "ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်" လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News...

Read more

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်၊ မနက်က စစ်ကောင်စီတပ်ထောင် ထားခဲ့တဲ့မြေမြုပ်မိုင်းတလုံးကိုနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက နိုရ်ရူလောက်ရဲ့သားအသက် ၂၇ နှစ်အရွယ်မာမတ်ဂျူနိုက်မှာ ညာဖက် ခြေထောက်တဖက်ပြတ်ထွက်သွားပါတယ်။ အဲဒီ မာမတ်ဂျူနိုက်ဟာ မနက်...

Read more

မြောက်ဦးနယ်မှာ တရားမဝင်အရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့အာဏာပိုင်အဖွဲ့က ဖမ်းဆီး

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ ဖေ ဖော်ဝါရီလ၃ ရက်နေ့က တရားမဝင်ပြင်ပထုတ် အရက်၊ဘီယာ၊ဝိုင်တွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးနေပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပ ဒေစိုးမိုးရေးဌာနက ပြင်ပထုတ်အရက်၊ဘီယာကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် လိုက်လံဖမ်းဆီးနေတယ်လို့ဆိုပါတယ်။ အဲဒီ...

Read more

ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

(ဂွမြို့နယ်တွင် စစ်ကျန်လက်နက်​ကြောင့် ထိခိုက်သူဒါဇင်နဲ့ချီရှိလာ) ဂွမြို့နယ်မှာ ​ဖေ​ဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ အသက်...

Read more

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

အာရက္ခတပ်တော်(AA)က မောင်တောဒေသခံပြည်သူတွေကို ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာတွေမှာ ပြည်သူ လူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ဟာ မောင်တောဒေသကအရပ်သားပြည်သူတချို့အပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေများလာပြီးနောက် အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာလို့ ဆိုပါတယ်။ အဲဒီလိုခေါ်ယူချိန်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဟာ...

Read more

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး အခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ "ဘယ်မြို့၊ဘယ်ဒေသမှာမဆို CSOs နဲ့ အရပ်ဖက်အဖွဲ့အစည်းက အရေးကြီးပါတယ်။...

Read more

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ်...

Read more

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။ အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။...

Read more

စစ်တွေမြို့အနီးမှာ နှစ်ဘက်စစ်ရေးတင်းမာနေ

ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံး​ကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။...

Read more
Page 98 of 106 1 97 98 99 106

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here