မောင်တူရေးသည်။ လူထု၏ထောက်ပြပြောဆိုတောင်းဆိုခွင့် နိုင်ငံရေးသည်ကိုယ့်နှင့်မဆိုင်ဟူသောအမြင်အားကောင်းသည့်လူ့ဘောင်အဖွဲ့အစည်းတရပ်အတွက်"ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လိုအပ်ချက်"ကိုလည်း ကိုယ်နှင့်မဆိုင်ဟုသာ မြင်ကြမည်ဖြစ်ပေသည်။ နိုင်ငံရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအား ကိုယ်နှင့်မဆိုင်ဟုထင်မြင်နေမှုသည် မိမိတို့၏စားဝတ်နေရေးဘဝဖြစ်စဉ်ကောင်းမွန်မှုအား ကိုယ်နှင့်မဆိုင်ဟု ထင်မြင်နေသောသဘောမျိုးသက်ရော က်ပေသည်။ မိမိ၏နေ့စဉ်ဘဝစားဝတ်နေရေးသည် နိုင်ငံရေး၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည်ကို လီဗီးယားသန်ဆောင်းပါး နှင့် နိုင်ငံတော်ဆောင်းပါး တွင် ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ Popular Sovereignty...
Read moreမောင်တူရေးသည်။ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့ အစည်း ၂ အခြေခံသဘောတရား ၁ ထုတ်ကုန်မြင့်သောလူ့အဖွဲ့အစည်းသည်ချမ်းသာသည်။ထုတ်ကုန်မဲ့သော လူ့အဖွဲ့အစည်းသည် ဆင်းရဲသည်။ အခြေခံသဘောတရား ၂ သကြားမထုတ်လုပ်နိုင်သောသူသည် အခြားလူထုတ်လုပ်ထားသော သကြားကို ဝယ်ရသည်။ အခြေခံသဘောတရား ၃ သွင်းအားစုနှင့်ဈေးကွက်သည် စီးပွားရေးဆိုင်ရာ...
Read moreဇာနည်ရေးသည်။ ရခိုင်သတင်းမီဒီယာများ “မီဒီယာဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးဖြစ်တယ်။အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊အပြစ်ရှိ သူကိုအပြစ်မဲ့သူဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားရှိတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာလူထုရဲ့စိတ် ကိုချုပ်ကိုင်ထားနိုင်လို့ပဲ”ဟုအမေရိကန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Malcolm X က ပြောခဲ့ဖူးသည်။ Malcolm X ၏စကားတွင် စဉ်းစားချင့်ချိန်စရာများစွာပါဝင်သည်။သတင်းမီဒီယာများသည် ပြည်သူလူထု၏စိတ်ကိုချုပ်ထိန်းထားနိုင်သလိုပင်၊သမိုင်းနှင့်နေ့စဉ်လူနေမှုဘဝပေါင်းများစွာတွင်လည်းသက်ရောက်မှုကြီးမားသည်။ အထူးသဖြင့် နိုင်ငံရေး၊စစ်ရေးပဋိပက္ခများ၊စီးပွားရေး၊ပညာရေးကဲ့သို့သော...
Read moreခိုင်ဇော်ရေးပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါ အဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက်တရုတ်စီမံကိန်းတွေရှိရာကျောက်ဖြူမြို့နယ်၊အိန္ဒိယစီမံကိန်းရှိရာမြို့တော်စစ်တွေနဲ့ရေလည်ကျွန်းမြို့မာန်အောင်သာကျန်နေပါတယ်။ အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့"၁၀၂၇စစ်ဆင်ရေး" အဖြစ် အာရက္ခဒေ သမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို...
Read moreမောင်တူရေးသည်။ နိုင်ငံတော် "နိုင်ငံတော်" ဆိုသောစကားလုံး၏အနက်အဓိပ္ပါယ်ကို လူထုသည် သိရန်၊ ခံစားရန်လိုအပ်သည်။ "နိုင်ငံရေး" သို့မဟုတ် "အာသာဘေဒ''သည် "ကိုယ်နှင့်မဆိုင်"၊ "နိုင်ငံရေး"သည် ထမင်းမစားရသောကိစ္စဟု အသိအမြင်အနည်ထိုင်နေသည့် လူ့အသိုက်အမြုံအတွက် ''နိုင်ငံတော်'' ဆိုသည့် အဓိပ္ပါယ်ကို သိရန်ပိုလိုအပ်ပေသည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင်(State)ဟူသော...
Read moreမောင်တူရေးသည်။ လီဗီးယားသန်(Leviathan)ဟူသည် ရှေးခေတ်ဟီဘရူး(အစ္စရေး)ကျမ်းစာဒဏ္ဍရီလာတွင်ပါသော မကောင်းဆိုးဝါးကြီး၏အမည်ဖြစ်သည်။အဆိုပါမကောင်းဆိုးဝါးကြီးသည် ရက်စက်ကြမ်းကြုတ်လှပြီး တွေ့မြင်သမျှကို ဆွဲယူဝါးမြိုပစ်သည်ဟု အဆိုရှိပေသည်။ နိုင်ငံရေးအယူအဆဘက်ကိုရောက်ရှိလာသော လီဗီးယားသန် ကမ္ဘာ့သမိုင်းတွင် လူသားများသည် သက်ဦးဆံပိုင်ဘုရင်စနစ်၊မြေရှင်ပဒေသရာဇ်စနစ်စသောအကြွင်းမဲ့အာဏာပိုင်စနစ်များ၏ ဆင်းရဲဒုက္ခဆိုးကျိုးများကိိုကြုံလာခဲ့ရသည်။ ဆင်းရဲဒုက္ခများကို မခံနိုင်သောအခါ တော်လှန်ရေးများဖြစ်ပေါခဲ့သည်။တော်လှန်ရေးများတွင် အကြွင်းမဲ့အာဏာပိုင်စနစ်များကို ကျားကန်ပေးထားသောအယူအဆများကို ဖြိုချပစ်သည့်...
Read moreမောင်တူရေးသည်။ ထုတ်ကုန်နည်းပါးလွန်းသောလူ့အဖွဲ့အစည်း ၁ ကုန်ထုတ်လုပ်မှုများသောလူ့အဖွဲ့အစည်းသည် ချမ်းသာသည်။လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းဖြစ်သည်။ ကျောက်ခေတ်လူတွင် မည်သည့်ကုန် ထုတ်လုပ်မှုမှမရှိပေ။အစာအတွက်လည်း ထုတ်ကုန်မရှိ၊အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊နေရန်အတွက်လည်း ထုတ်ကုန်မရှိကြပေ။အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ကြရပေသည်။ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံကြရပေသည်။နေစရာမရှိ၍ ကျောက်ဂူများတွင်နေကြရပေသည်။ ကမ္ဘာပေါ်တွင် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းသည်...
Read moreမောင်တူရေးသည်။ စစ်ရာဇဝတ်မှုနှင့်အာရက္ခအစိုးရ အာရက္ခဒေသအတွင်း ဖြစ်ပွားသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့အစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်လော့။နိုင်ငံတကာ၏အမြင်တွင်အားလုံးသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်ဟုမယုံကြည်ကြပေ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်များကိုယ်တိုင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုသာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဥပဒေကြောင်းအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်နယ်မြေ၏အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သောဖြစ်ရပ်များနှင့်မူဆလင်လက်နက်ကိုင်အကြမ်းဖက်သမားများကျူးလွန်ခဲ့သောဖြစ်ရပ်များကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် နိုင်ငံတကာအကူအညီမပါဘဲ တကိုယ်တည်းကိုင်တွယ်ဖြေရှင်းအရေးယူရန် မဖြစ်နိုင်ပေ။ အာရက္ခဒေသအတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ်တွင် ပြည်သူလူထုအများစုမျှော်လင့်ချက်ထားကြပေသည်။...
Read moreမောင်တူရေးသည်။ အာရက္ခဒေသ၏ စီးပွားရေးအခြေအနေချွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိနေသည်။စီးပွားရေးတိုးတက်မှုသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံခန့်ခွဲမှုအပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့်အချက်များထဲတွင် တခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များထိန်းချုပ်ထားသောနယ်မြေများ၏စီးပွားရေးတိုးတက်မှုသည် အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းထုတ်လုပ်နိုင်သောစီးပွားရေးတည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝပြည်နှင့်မိုင်းလားကဲ့သို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင်စီးပွားရေးအရ...
Read moreဇာနည် ရေးသားသည်။ တဖြည်းဖြည်းနှင့်နည်းလာသည့်ဆေးများကိုကြည့်ရင်း မနွယ်နွယ်တစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။နှစ်ရှည်လများကုနေရသည့် သူမအမေ၏ ကျောက်ကပ်ရောဂါမှာ လက်ကျန်ဆေးများပေါ်မှာ မှီခိုနေရခြင်းဖြစ်သည်။ဆေးများပြတ်သွားလျှင် ဘာဆက်ဖြစ်မလဲဆိုသည်ကို မနွယ်နွယ်တစ်ယောက် ဆက်မတွေးရဲပါ။ သူမအမေ၏ သောက်နေကျဆေးများ မပြတ်ဖို့နှင့်ရန်ကုန်မှမှာထားသောဆေးများ အချိန်မှီရောက်လာဖို့ကိုသာ မနွယ်နွယ်နေ့တိုင်းစောင့်နေမိသည်။ဆေးများကို လူကြုံနှင့်မှာထားသည်မှာလနဲ့ချီပြီး ကြာမြှင့်နေပြီဖြစ်သည်။ ဇွန်လ၏...
Read moreHey! Don't Copy my content.