Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး ဆောင်းပါး အာရက္ခဒေသ

ပြေးစရာမြေမရှိ၊ စားစရာဆန်မရှိတဲ့မြို့ တော်စစ်တွေက ပိတ်လှောင်ခံပြည်သူတွေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော် ရေးတယ်။

Border News Agency
စစ်တွေ၊ ဧပြီ ၂၈။

အရပ်သားပြည်သူတွေကို မြို့တွင်းထဲ အတင်းအဓမ္မသွင်းပြီး ပိတ်လှောင်ထားတဲ့ စစ်ကောင်စီထိန်းချုပ်ရာစစ်တွေမြို့ မှာ လူဦးရေသောင်းချီရှိနေသေးပါတယ်။

အဲဒီပြည်သူတွေဟာ ကုန်စျေးနှုန်းကြီး မြင့်တာတွေ၊အလုပ်မကိုင်မရှိတာတွေ၊အကူအညီမရတော့တာတွေကြောင့် အငတ်ဘေးနဲ့ကြုံနေကြရတယ်လို့ စစ်တွေမြို့နေပြည်သူတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ဒစက)အထိုင်ချထားပြီး အစိုးရအဖွဲ့ဝင်တွေနေထိုင်တဲ့ စစ်တွေမြို့ကို
အဝင်အထွက်ပိတ်ထားတာဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊နိုဝင်ဘာလကတည်းက အာဏာသိမ်းစစ်ဟာ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

စစ်တွေကနေရန်ကုန်သို့ လေယာဉ်နဲ့သွားလာနိုင်တဲ့ လမ်းကြောင်းသာ ဖွင့်ထားပြီးကုန်းလမ်းရေလမ်းအားလုံးကို တင်းကြပ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီအစောပိုင်းမှာ မြို့တွင်းနဲ့မြို့နီးဝန်း ကျင်ကျေးရွာတွေမှ ပြည်သူအချို့ဟာအာရက္ခတပ်တော်ထိန်းချုပ်ရာဒေသတွေဆီ ခိုးထွက်နိုင်ခဲ့ကြပေမယ့်ခုတော့ မြို့ပြင်ထွက်လို့ လုံး၀မရတော့ဘူးလို့
စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“တပေါက်မှ မရှိတော့ဘူး။အကုန်လုံး မိုင်းတွေနဲ့ ခွေးတွေရော။လဗွီ(ALP တပ်ဖွဲ့ဝင်တွေ)ရော နေရာတိုင်းမှာ။” လို့ စစ်တွေမြို့မှပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့တွင်းနေပြည်သူတွေကိုသာ မြို့ပြင်ထွက်ခွင့်မပေး၊ပိတ်လှောင်ထားတာမဟုတ်ဘဲ မြို့နီးဝန်းကျင်မှာရှိတဲ့ ကျေးရွာအားလုံးမှ ပြည်သူတွေကိုလည်း မြို့တွင်းသို့ အတင်းသွင်းခဲ့ပြီး အဲဒီကျေးရွာတွေထဲမှာ စစ်စခန်းချနေထိုင်နေကြပါတယ်။

အဲဒီအပြင် ကျေးရွာတွေရှိနေအိမ်တွေကိုလည်း မွတ်ဆလင်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ဖြိုဖျက်ရောင်းစားနေကြတယ်လို့ စစ်တွေဒေသခံတွေက ဆိုကြပါတယ်။

“တရွာလုံးမရှိတော့ဘူး။တိုက်အိမ်ဆယ်ကိုးဆောင်ပဲကျန်တော့တယ်။ခွေးတွေဖျက်ပစ်တာ။ကျွန်မတို့အိမ်လည်းမရှိတော့ဘူး။မရှိမဲ့ရှိမဲ့စုပြီး ဆောက်ထားတာ၊ရွာတိုင်းကို အဲလိုဖျက်ပစ်တာပြောတယ်။” လို့ စစ်တွေမြို့နယ်မှအမျိုးသမီးတဦက Border News Agency ကို ပြောပါတယ်။

အဲဒီလိုမြို့နီးဝန်းကျင်ကျေးရွာတွေကနေ စစ်တွေမြို့တွင်းထဲ ဆန္ဒမပါဘဲ အတင်းသွင်းကာ ပိတ်လှောင်ခံထားရပြီး မြို့ထဲဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရသူသုံးသောင်းဝန်းကျင်ရှိတ ယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတ ယ်။

အဲဒီသုံးသောင်းကျော်ပြည်သူတွေဟာ မြို့အနှံ့ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး အရင်တုန်းကတော့ ကမ္ဘာစားနှပ်ရိက္ခာအဖွဲ့(WFP)ရဲ့ လစဉ်ထောက်ပံ့ကြေးရခဲ့ကြပါတယ်။

ဒါပေမယ့် WFP အဖွဲ့က အထောက်အပံ့ဖြတ်တောက်လိုက်ချိန်မှာတော့ အကူအညီလုံး၀နီးပါးမရကြတော့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“မနက်စားရင်ညစာမစားရ။ညစာစားရင်မနက်မစားရ။အဲလိုနေကြရတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency
ကို ပြောပါတယ်။

အဲဒီအပြင် တိုက်ပွဲစချိန်ကတည်းက လျှပ်စစ်မီးမရတော့တဲ့ စစ်တွေမြို့ထဲမှာ ထင်းနဲ့ မီးသွေးစျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပြီး မိသားစုတစုစာထမင်းတနပ်ချက်ဖို့ ကျပ်သုံးထော င်ဖို့ထိ ထင်းဝယ်ကြရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“ထင်းစရိတ်တခုတည်း တရက်မှာ ငါးထောင်၊ခြောက်ထောင်ကုန်တယ်။ကယ်ဆယ်ရေးလည်းမရတော့ငတ်နေတာပဲ” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် စစ်တွေမြို့မှာ ဆန်ကြမ်းတအိတ်ကို တသိန်းခွဲဝန်းကျင်၊ပေါ်ဆန်းမွှေးဆန်တအိတ်ကို နှစ်သိန်းကျော်၊ငါးစိမ်းတပိဿာကို သုံးသောင်းကနေ တသိန်းနှစ်သောင်း၊ဝက်သားတစ်ပိဿာကို ခုနှစ်သောင်းဝန်းကျင်၊စားဆီတလီတာကို တသောင်းကျော်၊ငရုတ်သီးခြောက်တပိဿာကို သုံးသောင်း၊ကြက်ဥတလုံးတထောင်၊ဓါတ်ဆီတလီတာ နှစ်သောင်းထိ စျေးရှိနေတယ်လို့ စစ်တွေမြို့ထဲ ပိတ်မိနေသူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ကအပြည့်အ၀ထိန်း ချုပ်ထားနိုင်သေးတယ်လို့ ပြောလို့ရတဲ့ စစ်တွေမြို့ထဲမှာ စစ်ကောင်စီတပ်စခန်းတွေ၊ဂိတ်တွေလည်း အများအပြားတိုးချထားပြီး မြို့ဝင်တပ်ထိန်းဂိတ်နဲ့ ကျေးတောရွာဘက်ဆီသွားတဲ့ ဆတ်ရိုးကျတံတားတို့ကို လုံး၀ဖြတ်သွားခွင့်မရှိဘူးလို့ စစ်တွေမြို့နေပြည်သူတွေက ဆိုကြပါတယ်။

“မြို့ပြင်နည်းနည်းတောင်ထွက်လို့မရဘူး။ဆတ်ရိုးကျတံတားဆို အနားတောင်မကပ်ရ။”လို့ စစ်တွေမြို့ခံ လူငယ်အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းဘုန်းတော်ကြီးတွေမှာ ခိုလှုံနေသူတွေကိုလည်း အနည်းဆုံးတလတကြိမ်လာရောက်စစ်ဆေးကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကားနဲ့အုပ်စုလိုက်လာစစ်တယ်။ကြမ်းကြမ်းတမ်း တမ်းစစ်တယ်။” လို့ ကျေးတောရွာမမှစစ်တွေမြို့ထဲခိုလှုံနေရသူအမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့နဲ့ငါးမိုင်ဝန်းကျင်သာဝေးတဲ့ ဝါဘိုကျွန်း၊စစ်တွေ – ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကျေးရွာတွေမှာ နေရာယူထားပြီး မြေပြင်နှစ်ဘက်တိုက်ပွဲတွေ ရံဖန်ရံခါရှိနေပါတ ယ်။

အဲဒီအပြင် နှစ်ဘက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်တာတွေတော့ နေ့စဉ်နီးပါးရှိနေတယ်လို့ စစ်တွေမြို့ခံတွေနဲ့ အနီးတဝိုက် ဒေသခံတွေက ဆိုကြပါတ ယ်။

“ခုက တပ်တော်ကလည်း မြို့အနားလေးကို ရောက်နေပြီ၊။တချို့ရွာတွေကခွေးစခန်းတွေဆို ဆုပ်သွားကြရပြီ။” လို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ တဆယ့်ငါးဆယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခဒေသတခုလုံးကို သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ချက်တွေမှာ အတိအလင်းကြွေးကြော်ထားတာမို့ မြို့တော်စစ်တွေကိုလည်း အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းထားကြပါတယ်။

အဲဒီလိုတိုက်ပွဲဖြစ်လာခဲ့ရင်တော့ မြို့တွင်းပိတ်နေသူတွေဟာ အထိအခိုက်များနိုင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေတာမို့ စစ်တွေမြို့ နေ ပြည်သူတွေအနေနဲ့ လွတ်မြောက်နယ်မြေတွေဆီ တိမ်းရှောင်ကြဖို့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ဧပြီလ ၁၀ ရက်၊တပ်မွေးနေ့မိန့်ခွန်းထဲမှာ ထည့်သွင်းအသိပေးခဲ့ပါတယ်။

ဒါပေမယ့် စစ်တွေမြို့အနီးပတ်ဝန်းကျ င်ကျေးရွာတွေမှ ပြည်သူတွေဟာ မြို့ တွင်းဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေနဲ့ မြို့တွင်းနေ ဆင်းရဲ နွမ်းပါးသူတွေကတော့ ငွေကြေးအခက် အခဲကြောင့် အချိန်မီမတိမ်းရှောင်နိုင်ခဲ့ကြဘူးလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“ပွဲစားတွေနဲ့ သွားရတာကို၊စက်လှေတစီးသိန်တဆယ်ကျော်ပေးပြီး ပြေးဖို့ပိုက်ဆံကမရှိဘူးလေ။အလုပ်လည်းမရှိ၊စားဖို့တောင်မရှိတာ။အဲဒါကြောင့် မပြေးတာ၊ပြေးနိုင်တဲ့သူတွေ မပြေးတာကတော့ တိုက်ပွဲကိုမယုံတာလား၊ဘာလို့လဲမသိပါဘူးသူတို့ကျတော့၊ကျွန်တော်တို့က ပြေးချင်တယ်၊ပိုက်ဆံမရှိတာ” လို့ စစ်တွေမြို့၊မင်းဂံရပ်ကွက်နေအမျိုးသားတစ်ဦးက Border News Agency ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အချိန်မရွေးထိုးစစ်ဆင်တိုက်ခိုက်ခံလာရနိုင်တဲ့ စစ်တွေမြို့တွင်းထဲမှာ အရပ်သားပြည်သူတွေကို ပိတ်လှောင်ထားသလို ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း မြို့ပြင်ထွက်ခွင့်အပြင် ပြည်မဘက်ဆီ သွားလာနိုင်တဲ့ လေယာဉ်စီးခွင့်ကိုပါ ပိတ်ပင်ထားတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

“ဆေးခန်းပြဖို့တောင် သွားခွင့်မရဘူး၊ရန်ကုန်ပြေးသွားသူတွေကိုတောင် မလာမနေရခြိမ်းခြောက်ပြီးခေါ်ထားတယ်။” လို့ စစ်တွေမြို့မှာ တာဝန်ထမ်းနေရတဲ့ စစ်ကောင်စီလက်အောက်ခံပညာ ရေးဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီလိုအခြေအနေမှာ စစ်တွေမြို့တွင်းထဲ အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေရောက်လာခဲ့ရင်တော့ အရပ်သားပြည်သူတွေ ထိခိုက်မှုအများအပြားရှိလာမှာ သေချာနေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

ဒါပေမယ့် မြို့တွင်းပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကတော့ စစ်ပွဲဖြစ်လာရင် ထိခိုက်လာမယ့်အရေးထက် လောလောဆယ်ကြုံနေရတဲ့ ငတ်မွတ်ဘေးကို ပိုကြောက်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“တိုက်ပွဲထက် ငတ်ဖို့ကိုပဲကြောက်နေတယ်။” လို့စစ်တွေမြို့နယ်၊ရွှေမင်းဂံရွာမှ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေနဲ့ဝန်ထမ်းတွေကို မြို့တွင်းထဲပိတ်လှောင်ထားတာဟာ တိုက်ပွဲဖြစ်လာခဲ့ရင် အကာအကွယ်ရအောင် လူသားဒိုင်းကာလုပ်ထားတာလို့ ဝေဖန်ထောက်ပြကြပါတယ်။

အဲဒါဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။

PrevPrevious“ထမင်းငတ်မှာကိုပဲ စိုးရိမ်နေတာပါ။တို က်ပွဲတွေတော့ အဲဒီလောက်ကြောက်ရွံ့မှုမရှိတော့ပါဘူး။”
Nextတောင်ကိုးရီးယား၏ ၂၇ နှစ်ကာလစီးပွားရေးတိုးတက်မှုကို လေ့လာခြင်းNext
Previous Post

“ထမင်းငတ်မှာကိုပဲ စိုးရိမ်နေတာပါ။တို က်ပွဲတွေတော့ အဲဒီလောက်ကြောက်ရွံ့မှုမရှိတော့ပါဘူး။”

Next Post

တောင်ကိုးရီးယား၏ ၂၇ နှစ်ကာလစီးပွားရေးတိုးတက်မှုကို လေ့လာခြင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Releated Post

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page