ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး စီမံအုပ်ချုပ်မယ့် အာရက္ခတပ်တော်(AA) မှာကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။ https://youtu.be/bEb9sdJNcX8
Read moreကျွန်းသားငမန်း ရေးသည်။ သင်္ကြန်အချိန်ကာလကို ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ထားကြသည်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်ဖြစ်သဖြင့် ဤအချိန်ကာလတွင် အတတ်နိုင်ဆုံးကုသိုလ်ကောင်းမှုများဖြင့် ကျင့်ကြံနေထိုင်နိုင်ရန် အားထုတ်ကြသည်။ နှစ်ဟောင်းအညစ်အကြေးများကို ဆေးကြောသန့် စင်သည့်အယူအဆဖြင့် တစ်ဦးနှင့်တစ်ဦး ရေပက်လေ့ရှိကြသည်။ သင်္ကြန်ရေ၏အေးမြခြင်းအထိအတွေ့ကြောင့် ကိုယ်အပူကိုအေးငြိမ်းစေသည်။ အညစ်အကြေးများကို...
Read moreကျော်အောင် ရေးသည်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်(AA)သည် ပလက်ဝဒေသအပါအဝင် အာရက္ခဒေသရှိ တစ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ ထိုထိန်းချုပ်နယ်မြေအားလုံးတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်ပြီး အစိုးရအဖြစ် စီမံအုပ်ချုပ်ဖော်ဆောင်နေပြီဖြစ်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အုပ်ချုပ်ရေး၊တရားစီရင်ရေးကို တရားဝင်စီမံခန့်ခွဲနေပြီဖြစ်သော်လည်း တရားဝင်ဥပဒေပြုရေးမရှိသေးသည့်အပြင် တရားဝင်ဥပဒေပြဌာန်းထုတ်ပြန်ချက်များမရှိသေးပေ။ သို့သော်လည်း အုပ်ချုပ်ရေးအာဏာတည်ဆောက်မှုနှင့်အတူ...
Read moreမောင်တူရေးသည်။ ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့်ကျူးကျော်ခံရခြင်းသည် မတူပေ။လူ့သဘာဝတွင် တစ်ဦးတည်းဖြေရှင်းရန်မတတ်နိုင်သည့်ကိစ္စရပ်များ၌ အခြားသူများထံမှအကူအညီကိုယူရသည့်ဖြစ်စဉ်များရှိသည်။ နိုင်ငံများ၊လူ့အသိုက်အမြုံများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တစ်နိုင်ငံတည်းဖြေရှင်းရန် မတတ်နိုင်သော ဖြစ်စဉ်များတွင်လည်းအခြားနိုင်ငံများ၏ အကူအညီကိုရယူကြရသည်။ လူတစ်ဦးတွင် မိမိ၏ကိစ္စရပ်ပြဿနာသည် မိမိ၏အတွင်းစည်းအဝိုင်းအဝန်းဖြစ်သည်။အခြားသူတစ်ဦးအား မိမိ၏ကိစ္စရပ်ပြဿနာအပေါ် ကိုင်တွယ်ပေးရန်တံခါးဖွင့်ပေးရခြင်းသည် မိမိ၏အ တွင်းစည်းအဝိုင်းအဝန်းသို့ ဝင်ရောက်ရန်လက်ခံပေးရသည့်...
Read moreလင်းခိုင်ရေးတယ်။ အရပ်သားပြည်သူ့အစိုးရလက်ထဲကနေ မဲသမာမှုအကြောင်းပြကာ တိုင်းပြည်အာဏာတွေကိုလုယူခဲ့တဲ့စစ်ခေါင်းဆောင်ဟာ အာဏာစသိမ်းချိန်ကတည်းက ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဆက်တိုက်ပြောဆိုကြွေးကြော်နေလာခဲ့တာလေးနှစ်ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်ပြောဆိုနေတဲ့ ရွေးကောက်ပွဲကတော့ လက်တွေ့တကယ်ဖြစ်မလာသေးပါဘူး။ စစ်အုပ်စုကပဲ အတည်ပြုရေးဆွဲခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးရမယ်လို့ဆိုထားပေမယ့် အာဏာသိမ်းကာလ လေးနှစ်ကျော်တဲ့ထိ ကျင်းပနိုင်ခြင်းမရှိသေးတာပါ။...
Read moreမောင်တူရေးသည်။ အခွန်ဟူသည် အဘယ်နည်း။ "ဘောဂဗေဒစကားရပ်အရအခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်။" ဟု ယဉ်ကျေးစွာအဓိပ္ပါယ်ဖွင့်ထားသည်။ သာမန်လူများတိုက်ရိုက်နားလည်ရန်အဓိပ္ပါယ်ဖွင့်ရပါက "အခွန်ဟူသည်မိမိ၏ ပိုင်ဆိုင်မှု၊ခံစားခွင့်များကို မိမိမှအုပ်ချုပ်သူထံလွဲပြောင်းပေးနေရခြင်း" ဖြစ်သည်။ မိမိဘဝရှင်သန်မှုအစိတ်အပိုင်းများကိုအုပ်ချုပ်သူထံသို့လွဲပြောင်းပေးနေရခြင်းလည်းဖြစ်သည်။ "အဘယ်ကြောင့် ထိုသို့...
Read moreခိုင်လင်းရေးပါတယ်။ မြို့နဲ့အလှမ်းဝေးပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ဒေသတွေမှာအများစုနေထိုင်ကြတဲ့ အာရက္ခဒေသမှ လူနည်းစုတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ကြရပြီး ဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေး အဘက်ဘက်မှာ များစွာနောက်ကျကျန်နေခဲ့ကြပါတယ်။ ဖွံဖြိုးမှုအနိမ့်ကျဆုံးသောအာရက္ခပြည်ထဲမှာမှလူနည်းစုတွေဟာ ပိုပြီးတော့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့အခြေအနေမှာရှိနေခဲ့တာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ကုန်စည်၊ဆေးဝါး၊ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ ခုအချိန်မှာတော့နဂိုကတည်းက အလှမ်းဝေးနောက်ကျနေခဲ့တဲ့မျိုးနွယ်စုဝင်မိသားစုတွေရဲ့လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအခြေအတွေဟာ ပိုမိုဆိုးဝါးလာခဲ့ကြရပြီး အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ ဆိုကြပါတယ်။...
Read moreမောင်တူရေးသည်။ အုပ်ချုပ်ရေးအားအကောင်အထည် ဖော်ရာတွင် လူမျိုးစုငယ်များ၊ စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ ULA/AA ၏ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့်အာရက္ခပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားပေသည်။ ULA/AA...
Read moreမောင်တူရေးသည်။ နိုင်ငံရေးနယ်ပါယ်ဘက်မှသုံးနှုန်းသော အင်စတီကျူးရှင်းအဓိပ္ပါယ်သည် ကျယ်ဝန်းပေသည်။ အင်စတီကျူးရှင်းအပေါ် ဥပမာပေးရသော် "သူ့အလိုလိုလည်ပတ်နေသော စက်ရုံတရုံ" အဖြစ် ဥပ မာပေးပါမည်။ စက်ရုံတွင် အလုပ်သမားများရှိသည်။ စီမံခန့်ခွဲသူရှိသည်။ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရှိသည်။ လည်ပတ်နေသော စက်ပစ္စည်းကိရိယာများရှိသည်။ မည်သို့မည်ပုံ အလုပ်လုပ်ရမည်ဆိုသည့်စည်းမျဉ်းများရှိသည်။...
Read moreမောင်တူရေးသည်။ ကမ္ဘာပေါ်တွင် မည်သည့်အဖွဲ့အစည်းမဆို အဖွဲ့ဝင်များသည် မိမိ၏တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ လုပ်ပိုင်ခွင့်ဆိုသည့်အချက်များကို အသေးစိတ်နားလည်သဘောပေါက်ရန်လိုအပ်ပေသည်။ အဖွဲ့အစည်းတခု၏အသက်သွေးကြောသည် ထိုအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများပင်ဖြစ်ပေသည်။ ထိုဖွဲ့စည်းပုံစည်းမျဉ်းများတွင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ကျင့်ဝတ်၊ စံနှုန်းများ၊ အကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများ...
Read moreHey! Don't Copy my content.