Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် အာရက္ခဒေသ

တမူထူးခြားနယ်စပ်မောင်တောမြို့က ရခိုင်သင်္ကြန်ကာလများ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
28
VIEWS
Share on FacebookShare on Twitter

ကျွန်းသားငမန်း ရေးသည်။

သင်္ကြန်အချိန်ကာလကို ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ထားကြသည်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်ဖြစ်သဖြင့် ဤအချိန်ကာလတွင် အတတ်နိုင်ဆုံးကုသိုလ်ကောင်းမှုများဖြင့် ကျင့်ကြံနေထိုင်နိုင်ရန် အားထုတ်ကြသည်။

နှစ်ဟောင်းအညစ်အကြေးများကို ဆေးကြောသန့် စင်သည့်အယူအဆဖြင့် တစ်ဦးနှင့်တစ်ဦး ရေပက်လေ့ရှိကြသည်။

သင်္ကြန်ရေ၏အေးမြခြင်းအထိအတွေ့ကြောင့် ကိုယ်အပူကိုအေးငြိမ်းစေသည်။ အညစ်အကြေးများကို ဆေးကြောသန့်စင်နိုင်စေသဖြင့် ကိုယ်၏သန့်ရှင်းစင်ကြယ်မှုကို ဖြစ်စေရသည်။

ရေကိုသား၍အကြားမထင်နိုင်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရေပက်ကျီစယ်ကြသော်လည်း ခင်မင်မှုမပျက်ကြ။သည်း ခံခွင့်လွှတ်ကြသည်သာ။

ကိုယ်၊ စိတ်၊ နှလုံးသုံးပါး၏ စိတ်သဏ္ဌာန်ဝယ် အေးမြခြင်း၊ စင်ကြယ်ခြင်း၊ စည်းလုံးချစ်ခင်ခြင်းစသည့် စိတ်ဓာတ်စွမ်းအင်များ ကိန်းအောင်းရရှိစေသည့်အချိန်ကာလလည်းဖြစ်သည်။

ယနေ့ဧပြီလ ၁၇ ရက်နေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ မြန်မာနိုင်ငံအဝှမ်း အနယ်နယ်အရပ်၌ သင်္ကြန်ပွဲတော်မှာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ရခိုင်ပြည်၊ နယ်စပ်ဒေသမောင်တောမြို့တွင်ကား သင်္ကြန်ပွဲတော်ကို စတင်ရုံသာရှိသေးသည်။

သင်္ကြန်ကာလ၏ ရက်မြတ်ကာလများဖြစ်သော ဧပြီလ ၁၄ (သင်္ကြန်အကျနေ့)၊ ဧပြီလ ၁၅ (သင်္ကြန်အကြတ်နေ့)၊ ဧပြီလ ၁၆ (သင်္ကြန်အတက်နေ့)များကို မောင်တောဒေသခံများသည် ကုသိုလ်ဒါနများပြုခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိတတ်ကြသည်။

အဆိုပါနေ့များတွင် အပျော်အပါးပွဲလန်းသဘင်များကို ဌာနဆိုင်ရာများက ပြုလုပ်ကြပြီး မောင်တောဒေသခံများမှာ ဆင်ယင်ခြင်းမပြုကြပေ။

လူငယ်တချို့မှာ မောင်တောမြို့နှင့်နီး ကပ်စွာတည်ရှိနေသော ဘူးသီးတောင်မြို့သင်္ကြန်ပွဲသို့ သွားရောက်လည်ပတ်ကြသည်။

သင်္ကြန်ရက်မြတ်ကာလများတွင် ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် စောင့်ထိန်းလိုက်နာရမည့်အချက်များလည်းရှိနှင့်ပြီးဖြစ်သည်။

သင်္ကြန်ချိန်အခါနှင့် ပတ်သက်၍ ရှေးပညာရှိကြီးများက သင်္ကြန်တွင်းမှာ ရှောင်ကြည်ရာဆယ်ဖြာတရားဟူ၍ သတိပေးထားရှိသည်။

ယင်းတို့မှာ (၁) ရုဒ = ငိုကြွေးပူဆွေးခြင်း၊ (၂) မေထုန = မေထုန် သ့ဝါသာပြု (လိင်ဆက်ဆံ) ခြင်း (၃) မံသ = သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်း၊ အသားဟင်းလျာများစားသောက်ခြင်း၊ (၄) သယရာ = အရက်သောက်စား မူးယစ်ဆေးဝါးကို သုံးစွဲခြင်း၊ (၅) ကောမ = အမျက်ဒေါသထွက်စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ပွားသတ်ပုတ်ခြင်း၊ (၆) ရုဓိရ = သွေးဖောက်၊ သွေးစုတ်ခြင်း (သုတ်အညစ်အကြေးထုတ်ခြင်း)၊ (၇) တေလိက = ဆီလိမ်းခြင်း၊ ဆေးလိမ်းခြင်း (အမွှေးနံ့သာလိမ်းခြင်း)၊ (၈) ရုက္စစ္ဆဒေ = သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း၊ (၉)တိက = ကုန်ပစ္စည်းဝယ်ယူစုဆောင်းခြင်း၊ (၁၀)ဝိက္ကဏ = ကုန်ပ စ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်းစသည့် ဆယ်ပါးသောအမှုများကိုရှောင်ကြည်ရမည်ဟု စာပေကျမ်းဂန်များတွင်ဖော်ပြထားသည်။

ထိုကျင့်ဝတ်နှင့် အညီရှေးလူကြီးများက သင်္ကြန်အတွင်း၌ မကောင်းမှုမှန်သမျှရှောင်ကြည်ကြပြီး၊ သားသတ်လွတ်စား ဥပုသ်စောင့်ကြသည်။

မောင်တောဒေသနေပြည်သူများက သင်္ကြန်ကာလ၏ ထူးမြတ်သောအချိန်ကာလများကို ကောင်းမှုကုသိုလ်ယူခြင်းဖြင့် အချိန်ကိုကုန်လွန်လေ့ရှိကြသည်။

သင်္ကြန်တွင်းပြုလုပ်လေ့ရှိသော ဘုရားရေသပ္ပာယ်ခြင်း၊ အတာတက်ဆွမ်း၊ ရေချမ်းကပ်လှူခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းများ ပြုလုပ်ကာ ကုသိုလ်ပြုလုပ်လေ့ ရှိကြသည်။

ဤအချိန်ကာလတွင် ရေပက်ကစားခြင်းစသည့် အပျော်အပါးများကိုပြုလုပ်ခြင်းမရှိသည့်အတွက် အထက်တွင် ဖေါ်ပြထားသည့် ရှောင်ကြည်စရာများကိုလည်း အလိုလိုလိုက်နာပြီးဖြစ်သွားသည်။

သောက်စားမူးယစ်မှု၊ အကုသိုလ်အမှုများ၌ နစ်မွန်းမှုမရှိကြတော့။ သို့ရာတွင် သင်္ကြန်ရက်မြတ်ကာလများကို ကျော်လွန်ပြီးသည့် ဧပြီလ ၁၇၊ ၁၈၊ ၁၉ ရက်များတွင်သာ သင်္ကြန်ရေကစားပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ရှိကြသည်။

မောင်တောသင်္ကြန်မှာ အခြားဒေသများ၌ပြုလုပ်သည့် သင်္ကြန်ပွဲတော်ရက်များ ကုန်ဆုံးပြီးမှပြုလုပ်သည့် ရေကစားပွဲဖြစ်သဖြင့် အချို့ အပျော်အပါးမက်သူများမှာ မိမိတို့ဒေသသင်္ကြန်ကာလအပြီး မောင်တောတွင် ဆက်လက်ရေကစားရန်လာရောက် လေ့ရှိတတ်ကြသည်။

နယ်ချင်းစပ်နေသော ဘူးသီးတောင်မြို့မှလည်း လာရောက်ပျော်ပါး ရေကစားလေ့ရှိတတ်ကြသည်။

ရခိုင်ပြည်တွင် ကိုဗစ် – ၁၉ ကာလ၊ ဒေသလုံခြုံရေးအခြေအနေအရ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ်မျှရှိခဲ့ပြီဖြစ်သည်။

ယခု ၂၀၂၂ ခုနှစ်တွင်ကားနယ်မြေဒေ သလည်းတည်ငြိမ်၊ ကိုဗစ် – ၁၉ ရောဂါထိန်းချုပ်မှုများကို လျှော့ပေးလိုက်ခြင်းကြောင့် ရခိုင်ပြည်အတွင်းမြို့နယ် အသီးသီးတွင် သင်္ကြန်ပွဲတော်ကို ယခင်နှစ်ကများနှင့်မတူ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ကျင်းပနိုင်ခဲ့သည်။

စစ်တွေသင်္ကြန်ပွဲတော်ဆိုလျှင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့်မြို့များမှ တပျော်တပါးလာရောက် ဆင်နွှဲကြသည်ကိုတွေ့ရသည်။

ထို့အတူ ရန်ကုန်လိုအခြားဒေသများမှ လာရောက်သူများကြောင့်လည်း စစ်တွေသင်္ကြန်မှာ ပိုမိုစည်ကားခဲ့သည်ကိုတွေ့မြင်ရသည်။

ရန်ကုန်မှစစ်တွေသို့လာရောက်သူများသောကြောင့် ရန်ကုန် – စစ်တွေ လေယာဉ်စာရိတ်မှာ ၆ သောင်းကျော်ရှိရာမှ တစ်သိန်းကျော်ထိမြင့်တက်သွားခဲ့သည် ကိုလည်းတွေ့ရသည်။

ဤစျေးမှာ ယခင်ခေတ်ကလို မှောင်ခိုစျေးမဟုတ်။ လေယာဉ်ကုမ္ပဏီမှ တရားဝင်သတ်မှတ် ရောင်းချသော စျေးနှုန်းဖြစ်ကြောင်းဖြင့်လည်း သိရသည်။ လေယာဉ်စျေးနှုန်းမှာ မေလလ ယ်ခန့်ထိ တည်ငြိမ်မှုရှိမည်မဟုတ်သေးကြောင်း ခရီးသွားပြည်သူတစ်ဦးကဆိုသည်။

ရခိုင်သင်္ကြန်၏ ကောင်းသတင်းကြော င့်လာရောက် ပျော်ပါးရေကစားသူတို့ဖြင့် စည်းကားနေခြင်းလည်းဖြစ်သည်။ ယခုနှစ်အတွင်း စစ်တွေတွင် ယခင်တကြိမ်ကမျှ ကျင်းပခြင်းမရှိခဲ့သည့်လမ်း လျှောက်သင်္ကြန်ပွဲတော်ကိုပါထည့်သွင်းကျင်းပခဲ့သည်။

မောင်တောသင်္ကြန်သို့ ၁၆ မိုင်ခန့်ဝေးသော ဘူးသီးတောင်မြို့မှလည်း သင်္ကြ န်ရက်များတွင် လာရောက်ရေပက်ကစားကြသည်။

ရခိုင်ရိုးရာစစ်စစ် လှေလောင်းဖြင့် ရေပက်ကစားကြခြင်းဖြစ်ရာ အနှစ်သာရအားဖြင့်ရိုးရာယဉ်ကျေးမှု အသွင်သဏ္ဌာန်ကို တွေ့မြင်ရသည်။

ယခုအခါ မောင်တောနယ်စပ်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေပြီဖြစ်သဖြင့် စစ်တွေမှမောင်တောသို့ ကုန်းလမ်းဖြင့်သွားလျှင်သုံးနာရီခန့်မျှဖြင့်သွားရောက်နိုင်ပြီ လည်းဖြစ်သည်။

ထို့အတူ ရသေ့တောင်မှလည်းသုံးနာရီသာသာခရီးဖြင့် မောင်တောသို့သွား ရောက်နိုင်သဖြင့် မောင်တောသင်္ကြန်မှာ ပိုမိုစည်ကားလာသည်။

မောင်တောသင်္ကြန်၏ တမူထူးခြားမှုများမှာ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲပြီးမှ ရေစလောင်းခြင်း၊ရေ လောင်းမဏ္ဍပ်များကို စတင်ပြုလုပ်ကြ​သည်။ ထိုအပြင် သင်္ကြန်ရက်များအပြီးအလယ်သံကျော်၊ ကျောက်ပန္ဒူစသည့်ကမ်းခြေများသို့ တပျော်တပါးသွား ရောက်ကြခြင်းများလည်း ပါဝင်သည်။

မောင်တောနယ်စပ်မြို့မှာ ဗုဒ္ဓဘာသာဝင်ဦးရေအားဖြင့် တရာခိုင်နှုန်းခန့်သာ ရှိနေသောမြို့လည်းဖြစ်သည်။

ဗုဒ္ဓဘာ သာဝင်တို့သည် မိမိတို့၏ဇာတိပုည၊ ဂုဏ်မာနကို ထင်ဟပ်နေသောသင်္ကြန်ပွဲတော်ကို ဘာသာရေးအဆုံး အမများနှင့်အညီ စောင့်ထိန်းလိုက်နာကျင့်ကြံခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့အစဉ်အလာများအား ထိန်းသိမ်းခြင်းစသည့် အစဉ်အလာကောင်းများနှင့်အညီကျင်းပလျက်ရှိသည်မှာအားရဝမ်းသာစရာပင်ဖြစ်ပေသည်။

PrevPreviousအကျဉ်းသားငါးထောင်နီးပါးကို စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေး
Nextစစ်ရေးတင်မာနေမှုကြားက စစ်တွေသင်္ကြန်Next
Previous Post

အကျဉ်းသားငါးထောင်နီးပါးကို စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေး

Next Post

စစ်ရေးတင်မာနေမှုကြားက စစ်တွေသင်္ကြန်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - KNU

ကစယ်ဒိုကို စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အဆောက်အအုံပျက်စီး

October 17, 2026
​ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

မြိုင်နဲ့ပေါက်နယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေ

October 17, 2026

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

October 17, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေကို အောက်တိုဘာလ ၁၇ ရက်နေ့၊မနက် ၉ နာရီကျော်အချိန်က စစ်သုံ့ပန်းများဖြင့်အကွက်ရိုက်နေပုံ/BNA)

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

October 17, 2026

ရေစကြိုစတားလင့်ဆိုင်လေကြောင်းတိုက်ခိုက်ခံရလို့ ဆယ်ငါးဦးသေဆုံး (ဓာတ်ပုံသတင်း)

ကစယ်ဒိုကို စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အဆောက်အအုံပျက်စီး

ထိုင်းမှာ ယာဉ်စီးခရီးသည်တင်ပစ္စည်းတွေအတွင်းမှ မူးယစ်ဆေးဝါးတသန်းကျော်ဖမ်းမိ

မြိုင်နဲ့ပေါက်နယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေ

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

Releated Post

ရေစကြိုစတားလင့်ဆိုင်လေကြောင်းတိုက်ခိုက်ခံရလို့ ဆယ်ငါးဦးသေဆုံး (ဓာတ်ပုံသတင်း)

October 17, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုကို စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အဆောက်အအုံပျက်စီး

October 17, 2026
​ဓာတ်ပုံ - ထိုင်းနိုင်ငံမှာမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ထိုင်းမှာ ယာဉ်စီးခရီးသည်တင်ပစ္စည်းတွေအတွင်းမှ မူးယစ်ဆေးဝါးတသန်းကျော်ဖမ်းမိ

October 17, 2026
​ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

မြိုင်နဲ့ပေါက်နယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေ

October 17, 2026

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

October 17, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေကို အောက်တိုဘာလ ၁၇ ရက်နေ့၊မနက် ၉ နာရီကျော်အချိန်က စစ်သုံ့ပန်းများဖြင့်အကွက်ရိုက်နေပုံ/BNA)

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

October 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page