နိုင်ငံတကာ

မြန်မာဘက်လွှင့်တဲ့ တရားမဝင်ဖုန်းလိုင်းစက်တွေကို ထိုင်းစစ်တပ်ဝင်သိမ်း

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ​ထိုင်း - မြန်မာနယ်စပ် ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လွှင့်ထုတ်ပေးနေတဲ့ စက်ပစ္စည်းတွေကို အာဏာပိုင်တွေကဝင်ရောက်သိမ်းဆည်းလိုက်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  ထိုင်းစစ်တပ်စူရသီတပ်ဖွဲ့ နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းပြီး စံခလဘူရီမြို့နယ်ထဲက ပုဂ္ဂလိကဖုန်းလိုင်းလွှင့်စင်တခုကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာပါ။ ​အဲဒီဖုန်းလိုင်းလွှင့်စင်ဟာ ထိုင်းအစိုးရဆီက ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်အချက်ပြလှိုင်းတွေ လွှင့်ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ​အဲဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အင်တင်နာတိုင် ၄ တိုင်၊ ရေဒီယိုအချက်ပြထိန်းချုပ်စက် ၆ လုံးနဲ့ လစ်သီယမ်ဘက်ထရီတွေအပါအဝင် အရေးကြီးဆက်သွယ်ရေးပစ္စည်း အမြောက်အမြား ပါဝင်ပါတယ်။ ​အဲဒီ ဒီပစ္စည်းတွေကို သက်သေအဖြစ်သိမ်းဆည်းထားပြီး ပတ်သက်သူတွေကို အရေးယူဖို့ပြင်ဆင်နေသလို တရားမဝင် လွှင့်တင်ထားတဲ့ ဖုန်းတိုင်တွေကိုလည်း ဆက်လက်ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

Read more

ပဋိပက္ခနယ်မြေက ပြည်သူကိုကယ်ထုတ်ရေး  Cobra Gold မှာ သုံးနိုင်ငံ ပူးပေါင်းလေ့ကျင့်

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ ​Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ ​အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ​ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ ​အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ ​အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

Read more

​ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံမှာ ဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်

​အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၆ မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အဖွင့်အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ ​သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ရဲ့ ကမ္ဘာ့အရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ဂရုတစိုက် တက်ရောက်နားထောင်ခဲ့တယ်လို့ဆိုပါတယ်။ ​ညီလာခံကာလအတွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက်ကမ္ဘာ့ဩဇာရှိ ခေါင်းဆောင်ဟောင်းတွေအဖွဲ့ဖြစ်တဲ့ The Elders က ထိပ်သီးပုဂ္ဂိုလ်တွေနဲ့လည်း အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီတွေ့ဆုံမှုတွေမှာ စစ်အာဏာသိမ်းမှုအလွန် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့သလို နိုင်ငံတကာရဲ့ အကူအညီတွေရဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။

Read more

IIMM မှတ်တမ်းတွေဟာဥပဒေကြောင်းအရ ပိုအားကောင်းနိုင်

ဂမ်ဘီယာနဲ့မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့  ICJ တရားခွင်မှာ"ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state's consent)နဲ့ IIFFMM ရဲ့ စံနှုန်း တွေကြား အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။ အဲဒီမှာ ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒဆိုတာနိုင်ငံတကာပဋိညာဉ်အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာယန္တယားတရပ်ရပ်နဲ့ပူး ပေါင်းဆောင်ရွက်တဲ့အခါ ပင်ရင်းနိုင်ငံရဲ့ပူးပေါင်းလိုတဲ့စိတ်ဆန္ဒအရသာဖြစ်ရမယ်။  တကယ်လို့ ပင်ရင်းနိုင်ငံက ပူးပေါင်းလိုတဲ့ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ရှိပါတယ်။ မြန်မာက ဒီအချက်ကိုင်ပြောပေမယ့် ICJ ပယ်ချလိုက်ပါတယ်။ပယ်ချတဲ့အ ကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ ဖော်ပြထားပါတယ်။ အဲဒီအပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတဲ့ကိစ္စမဟုတ်ပါဘူး။  မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အ ကျိုးစီးပွားဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။  အဲဒါကြောင့် ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံတိုင်းက တရားစွဲခွင့်ရှိတယ်ဆိုပြီးပယ်ချလိုက်တာပါ။ IIFFMM ရဲ့ ဥပဒေကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ခရစ်စတိုဖာဆီတိုတီ(Christopher Sidoti)ကိုယ်တိုင်က  အစီရင်ခံစာဟာ "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe)ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတ ရားစီရင်ရေးမှာလိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင်သက်သေပြနိုင်ခြင်း" (Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက် အများကြီးနိမ့်ကျကြောင်းနဲ့တရားရုံးမှာ တိုက်ရိုက်သက်သေအဖြစ်အသုံးပြုဖို့ထက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် "လမ်းပြမြေပုံ" အဖြစ်သာ ရည်ရွယ်ကြော င်းပြောခဲ့တာရှိပါတယ်။ အဲဒီနှစ်ချက်ကိုသုံးပြီး မြန်မာကခုခံချေပခဲ့တာရှိပါတယ်။Sate's Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းခဲ့သလို IIFFMM ကို အခြေခံပြီးပေါ်လာတဲ့ IIMMနဲ့မပူးပေါင်းတာလည်းဖြစ်ပါတယ်။   အဲဒီတော့ State's Consent အရသဘောမတူတဲ့ယန္တရားတွေကရတဲ့အချက်အလက်တွေကို မြန်မာနဲ့ဆိုင်တဲ့နေ ရာတွေ၊တရားခွင်တွေမှာ အသုံးချစရာမလိုပါဘူး။  မြန်မာကို တရားစွဲတဲ့အခါ ဘမ်ဘီယားဟာ IIFFMM ရဲ့အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ကန့်ကွက်တယ်ဆိုတဲ့သ ဘောပါ။ပြီးရင် အစီရင်ခံစာရေးသားရာမှာကိုယ်တိုင်ပါဝင်သူကလည်း အစီ ရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာတရားစီ ရင်ရေးမှာလိုအပ်တဲ့"သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း "(Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက်အများကြီး နိမ့်ကျတယ်လို့ ဆိုထားတဲ့အတွက်အစီရင်ခံစာကိုသက် သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူးဆိုတဲ့ သဘောမျိုးကန့်ကွက်ခဲ့တာပါ။ မြန်မာက ကန့်ကွက်ချက်တွေကို ICJ က ပယ်ချလိုက်ပါတယ်။ပယ်ချလိုက်တဲ့အကြောင်းပြချက်တွေကိုလည်း ခုလိုပေးပါတယ်။ ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့အဆင့်အတန်းကို အမှုတခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့အပြည့်အစုံံမရနိုင်ပေမယ့်အမှုဖြစ် စဉ်အပေါ် နားလည်ရန်ကူညီပေးသော ဇစ်မြစ်"အထောက်အထား တစိတ်တပိုင်း"အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖြစ်တန်ရာယုတ္တိရှိခြင်း(Plausiblity) သို့မဟုတ်  ဇစ်မြစ်အထောက်အထား တစိတ်တပိုင်း  ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ကနဦးကန့်ကွက်လွှာတွေအပေါ်ဆုံးဖြတ်ချက် "Preliminary Objections"စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အပိုဒ် ၅၄ မှာ ခုလို ဖော်ပြထားပါတယ်။...

Read more

ထိုင်းမှာ တရားမဝင်ဝင်ရောက်သူနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်တဲ့ နိုင်ငံခြားသား ၅ ဦးကို ဖမ်းဆီးခံရ

​ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လဝကနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အထောက်အထားမဲ့ တရုတ်နိုင်ငံသားတဦးနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်သူ (Overstay) အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ​အဲဒီမဲဆောက်မြို့၊ သာ့ဆိုင်လော့ဒ်ကျေးရွာရှိ လဝကရုံးအနီးမှာ မနေ့ နေ့လည် ၂ နာရီအချိန်ခန့်က အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသားတဦးကို နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ တာ့ခ်ခရိုင်လဝကရုံးရှေ့မှာတင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၄၀၀ ဝန်းကျင်အထိ ကြာမြင့်စွာ ဆက်လက်နေထိုင်နေကြတဲ့ အသက် ၂၀ မှ ၂၇ နှစ်ကြားရှိ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ၂၀၂၂ ခုနှစ်၊ နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေးအက်ဥပဒေ (P.R.B.) ပုဒ်မ ၂၂ နဲ့အညီ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးနောက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ဆိုပါတယ်။

Read more

​မဲဆောက်မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

​မဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနေ့ကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​အဲဒီ မဲဆောက်မြို့၊ မယ်ပအုပ်စုထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုဖေဖော်ဝါရီဘ ၂၄ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က တာ့ခ်ခရိုင် လဝကအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလုပ်ငန်းခွင်ဟာ ဝပ်စန်တီသမ်ဘုရားကျောင်းအနီးမှာ ရှိပြီး အိမ်နံပါတ်မရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ​စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လည်း မရှိဘဲ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲ​ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု နဲ့ လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။ အဲဒိီဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သူတို့ကို မဲဆောက်မြို့မရဲစခန်းကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ​မြန်မာပြည်တွင်း အခြေအနေတွေကြောင့် အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ ခပ်စိပ်စိပ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Read more

​နိုင်ငံ ၃၀ ပါဝင်တဲ့ ကော့ဘရာဂိုးလ် ၂၀၂၆ စစ်ရေးလေ့ကျင့်မှု ထိုင်းမှာစတင်

​ထိုင်းတပ်မတော်က ဦးဆောင်ကျင်းပတဲ့ ၄၅ ကြိမ်မြောက် Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊မနက်ပိုင်းမှာ ရယောင်းခရိုင်ရှိ အူတာပေါင်းလေဆိပ်မှာကျင်းပခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်ကထုတ်ပြန်ထားပါတယ်။ အဲဒီအခမ်းအနားကို ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ် ဘွန်တာနွန်နဲ့ အမေရိကန်သံအမတ်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ​အခုနှစ်မှာတော့ နိုင်ငံပေါင်း ၃၀ က စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး အကြီးစားလေ့ကျင့်မှုတွေလုပ်မယ့် (Heavy Year) လည်း ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရ အသင့်ဖြစ်နေဖို့နဲ့ ဒေသတွင်း တည်ငြိမ်လုံခြုံရေးအတွက် စုပေါင်းအားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာပါ။ အဲဒီထဲ ​ကြည်း၊ရေ၊ လေ စစ်ဆင်ရေးတွေတင်မကဘဲ အာကာသစစ်ဆင်ရေးနဲ့ ဆိုက်ဘာ (Cyber) ကဏ္ဍတွေကိုပါ အပြည့်အဝ ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဝေဟင်ဓာတ်ပုံခွဲခြမ်းစိတ်ဖြာတာနဲ့ အချက်ပြထောက်လှမ်းရေးလို နည်းပညာမြင့်စနစ်တွေကိုပါ တိုးမြှင့်လေ့ကျင့်သွားမယ်လို့လည်းဆိုပါတယ်။ ​သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လေ့ကျင့်ခန်းမှာလည်း ထိုင်းမင်းသမီးရဲ့ အချစ်တော်ခွေးလေး “Mi-6” ပါဝင်တဲ့ K9 ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သရုပ်ပြခဲ့ကြပါတယ်။ အဲ​ဒီစစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေမတ်လ ၆ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒါဟာ အာရှတိုက်ရဲ့ အကြီးဆုံးနဲ့ သမိုင်းအရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကြီးတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

Read more

နှစ်နှစ်အတွင်းမြန်မာ ၁၇,၀၀၀ နီးပါး ပြည်ပမှာဖမ်းခံရ

​စစ်ခေါင်းဆောင်ရဲ့စစ်မှုထမ်းဥပဒေနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်ပြေးနေကြတဲ့ မြန်မာနိုင်ငံသား ၁၇,၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွေမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံက ၁၀,၉၆၅ ဦးနဲ့ အများဆုံးဖြစ်နေပြီး မလေးရှား၊အိန္ဒိယနဲ့ လာအိုနိုင်ငံတွေမှာလည်း ဆက်တိုက်ဖမ်းဆီးခံနေရတာပါ။ အဲ​ဒီလိုထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်တွင်းမှာစစ်ကော်မရှင်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့်ဖြစ်ပြီး စစ်မှုထမ်းဥပဒေထွက်ပြီး တနှစ်အတွင်းမှာတင် လူပေါင်း ၁၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲ အထူးသဖြင့် ထိုင်းကနေ မြန်မာပြည်ဘက် ပြန်ပို့ခံရတဲ့သူတွေကို နယ်စပ်မှာတင် စစ်ကော်မရှင်တပ်က စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ထပ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။ ​အဲဒီအပြင် ၅ နှစ်တာအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်တာတွေကြောင့် အရပ်သားနဲ့ တော်လှန်ရေးရဲဘော် ၄,၀၀၀ နီးပါး အသက်ပေးခဲ့ရပါတယ်။ အဲဒီလို ဘက်ပေါင်းစုံက ဖိနှိပ်မှုတွေကြောင့် မြန်မာလူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံကို စွန့်ခွာဖို့ဆုံးဖြတ်ထားကြပြီး ပညာတတ်လူငယ်တွေပါ ပြည်ပထွက်ကုန်တာကြောင့် မြန်မာ့အနာဂတ်အတွက် UNDP ကပါ စိုးရိမ်ကြောင်း သတိပေးထားပါတယ်။

Read more

ကမ္ဘောဒီးယားစစ်တပ်တောမီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန်အများအပြားသေဆုံး

​ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ရှေ့တန်းတလျှောက်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်းဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေ အပြင်းအထန် ပျက်စီးသွားခဲ့ရတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှိ ထိုင်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေ ပိတ်ဆို့ဖို့အတွက် ရည်ရွယ်ပြီး မီးရှို့ခဲ့ရာကနေ စတင်ခဲ့တာလို့ ဆိုကြပါတယ်။ အဲ​ဒီလို မီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန် အများအပြားဟာ မီးဘေးကနေ မလွတ်ဘဲ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒီ မီးတောက်တွေဟာ အရှိန်အဟုန်နဲ့ ကူးစက်မြန်တာကြောင့် တိရစ္ဆာန်လေးတွေဟာ ဘေးလွတ်ရာကို ပြေးနိုင်ဖို့ အခွင့်အရေး မရခဲ့ကြဘူးလို့သိရပါတယ်။ တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးတောက်တွေကြားထဲမှာတင် အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသလိုတချို့မှာလည်း မီးခိုးမွှန်ပြီးထွက်ပြေးဖို့ ကြိုးစားရင်း လမ်းမှာတင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

Read more

​မြန်မာနိုင်ငံမှ လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေစစ်ဆေး

​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၄။ ​မြန်မာနိုင်ငံဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်း - မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက်ပိုင်းမှာ လက်ခံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီလိုလက်ခံရာမှာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့၊ သာ့ဆဲလော့ဒ်ကျေးရွာရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားရဲ့ဆိုက်ရောက်ခန်းမမှာ စောင့်ကြိုလက်ခံခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ ပြန်လည်လွှဲပြောင်းလာသူတွေကို ထိုင်းအာဏာပိုင်တွေက ကိုယ်ရေးအချက်အလက်တွေကောက်ယူတာ၊ ဇီဝအချက်အလက် (Identity) စစ်ဆေးတာတွေအပြင် စောင့်ကြည့်လူစာရင်း (Watchlist) ထဲမှာပါဝင်တာ ရှိ၊ မရှိကိုပါ သေသေချာချာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေဟာ လူကုန်ကူးခံရသူတွေဟုတ်၊ မဟုတ်နဲ့ပတ်သက်ပြီး အမျိုးသားအဆင့်ကာကွယ်စောင့်ရှောက်ရေး ယန္တရား (NRM) အရ သက်ဆိုင်ရာဌာနစုံအဖွဲ့ဝင်တွေကပါ အသေးစိတ်စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

Read more
Page 17 of 33 1 16 17 18 33

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here