Border News Agency ဘင်ဒရိုဘင်၊ ဖေဖော်ဝါရီ ၂၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်ခရိုင်)၊ ရိုအန်ဆိုရီ (ဒေသအခေါ် ရခိုင်ဝ) အနီးရှိ မူရန်ဘဇားဒေသမှာ စစ်တကောင်းတောင်တန်းဒေသ ပြည်သူ့စည်းလုံးညီညွတ်ရေးအဖွဲ့ (JSS)အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကင်းလှည့်စစ်ဆင်ရေးဆောင်ရွက်နေစဉ် JSS အဖွဲ့ဝင်တွေနဲ့ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်မှုဖြစ်ပွားချိန်မှာ JSS အဖွဲ့ဝင်အချို့ဟာ အနီးရှိစာသင်ကျောင်းတကျောင်းအတွင်း ခိုလှုံရင်းပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး စစ်တပ်ကနယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာမှာတော့ ဒဏ်ရာရရှိထားတဲ့ အဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာကနေ SMG စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၄၀ ကျော်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ဒဏ်ရာရသူကိုတော့ ဘင်ဒရိုဘင်ခရိုင်ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ JSS အဖွဲ့ဟာ စစ်တကောင်းတောင်တန်းဒေသရှိ သက် (Chakma)၊ မရာမာ (Marma) အပါအဝင် လူမျိုးစု ၁၁ ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်ပါတယ်။
Read moreBorder News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၄။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲအေးမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း (၁,၆၀၀,၀၀၀ ပြား) ကို သယ်ဆောင်လာတဲ့ကားတစီးနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ (ဖာမိူင်းတပ်ဖွဲ့) က ဖေဖော်ဝါရီလ ၂၄ ရက် ၊ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောင်းကျေးရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၄ နာရီခွဲအချိန်ခန့်က ကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာပစ်ကပ်ကားတစီးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီကားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ ရပ်တန့်တာမရှိဘဲ အရှိန်ပြင်းစွာမောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ဆို့ခဲ့ရပြီး၊ မောင်းပြေးတဲ့ကားဟာ လမ်းဘေးရှိလျှပ်စစ်မီးတိုင်ကိုတိုက်မိကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီတိမ်းမှောက်သွားတဲ့ ကားအတွင်းကို ဝင်ရောက်စစ်ဆေးရာမှာတော့ ကားနောက်ခန်းထဲမှာ သယ်ဆောင်လာတဲ့ ဆာလာအိတ် ၈ အိတ်အတွင်းကနေ စိတ်ကြွဆေးပြားစုစုပေါင်း ၁,၆၀၀,၀၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကားမောင်းသူ အသက် ၂၆ အရွယ်ရှိအမျိုးသားကို ဖမ်းဆီးရမိထားပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲအေးရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ် သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၄။ ထိုင်း - လာအိုနယ်စပ်လဲယခရိုင်၊ ထားလီမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတွေ ခိုးယူသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက စောင့်ကြည့်စစ်ဆေးနေစဉ်မှာ ဆိုင်ကယ်နဲ့မသင်္ကာဖွယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲဒီမသင်္ကာဖွယ်အမျိုးသားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ သူသယ်လာတဲ့အထုပ်တွေကိုလွှင့်ပစ်ပြီး ဆိုင်ကယ်နဲ့ အရှိန်ပြင်းစွာ မောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက အဲဒီနောက်ကိုထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ လိုလိုက်လံရှာဖွေရာမှာတော့ တရားခံစွန့်ပစ်ခဲ့တဲ့ အထုပ်တွေထဲကနေစိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ အသုံးပြုခဲ့တဲ့ ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ သက်သေအထောက်အထားတွေအရ အသက် ၂၀ အရွယ်ရှိတဲ့တရားခံ အမျိုးသားကိုဖမ်းဆီးရမိထားပြီးဖြစ်ကာ မူးယစ်ဆေးဝါးဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဖုန်းထောင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၄။ အာဖဂန်နစ္စတန်အရှေ့ဘက်ခြမ်းကို ပါကစ္စတန်တပ်မတော်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီလ၂၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေအရှိန်မြင့်နေချိန်မှာ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၂ ရက်အကူး ညပိုင်းမှာ နန်ဂါဟာပြည်နယ်အတွင်းက ခရိုင်အချို့ကို ထိမှန်ခဲ့တာလို့ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) ကဆိုပါတယ်။ တာလီဘန်အစိုးရဘက်ကလည်း ပက်တီကာပြည်နယ်အပါအဝင် နေရာအတော်များများမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်တွေပါ ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ ပါကစ္စတန်အစိုးရဘက်ကတော့ သူတို့နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ အာဖဂန်မြေပေါ်မှာ အခြေစိုက်တဲ့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒါကြောင့် အာဖဂန်အခြေစိုက်တာလီဘန်နဲ့ အိုင်စစ် (IS) စခန်း ၇ ခုကို သတင်းအချက်အလက်အပေါ် အခြေခံပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့တွေကို အာဖဂန်ကနောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။ အာဖဂန်တာလီဘန်အစိုးရကတော့ သူတို့နယ်မြေကိုအသုံးပြုပြီး တခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့ ခွင့်မပြုကြောင်း အမြဲတမ်းငြင်းဆိုထားပြီး ပါကစ္စတန်ရဲ့ အခုလုပ်ရပ်ဟာ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကန့်ကွက်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွက် သင့်တော်တဲ့အချိန်မှာ ထိုက်တန်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ အာဖဂန် ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူတွေထဲမှာ ကျောင်းသား ၈ ဦးအထိ ပါဝင်နေပြီး ပညာရေးအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လက်ရှိမှာ နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေရပ်တန့်နေပြီး လက်တုံ့ပြန်မှုတွေဆက်တိုက်ဖြစ်လာမှာကို နိုင်ငံတကာကစိုးရိမ်နေကြပါတယ်။
Read moreထိုင်းကြည်းတပ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဖနာ ကလောင်ပလော့ဒု (Phana Klaewplodtuk) ဟာ အမေရိကန် တပ်မတော် အမှတ် ၁ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သယူး မက်ဖားလိန်း (Matthew McFarlane) ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ကလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အချုပ်အခြာအာဏာကို ကာကွယ်နေတာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမှုအပေါ် ယုံကြည်ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း ထိုင်းစစ်တပ်ဟာ အင်အားသုံးမှုအပေါ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တာကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်တာကို ထောက်ပြပြီး ထိုင်းရဲ့သည်းခံနိုင်မှုနဲ့ သာလွန်တဲ့ ကိုင်တွယ်ပုံတွေကို ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်ရေးပူးပေါင်းမှုအနေနဲ့ Cobra Gold နဲ့ Hanuman Guardian လေ့ကျင့်ခန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြသလို အမေရိကန်က ထိုင်းစစ်တပ်ကို EDA အစီအစဉ်နဲ့ Stryker သံချပ်ကာကား ၁၇ စီးထောက်ပံ့ပေးသွားမှာဖြစ်ပြီး နည်းပညာနဲ့ စစ်ဆင်ရေးပိုင်းတွေကိုပါ ဆက်လက်ကူညီပေးသွားမယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဆိုင်ဘာနဲ့ အာကာသစစ်ပွဲတွေလို ခေတ်သစ်စစ်ဆင်ရေးတွေမှာ နည်းပညာပိုင်း ပေါင်းစပ်ဖို့နဲ့ ဒရုန်းရန်သူတွေကို တားဆီးတဲ့ စနစ်တွေကိုပါ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
Read moreနီပေါနိုင်ငံရဲ့ဒီမိုကရေစီခရီးကြမ်းအစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့တဲ့ကာမဲလ်ရာနာ(Kamal Rana)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာအသက်ကိုးဆယ်ရှစ်နှစ်အရွယ်ရှိနေပါပြီ။ သူမဟာ နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်(National decision- making)တွေ ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာလည်း စွမ်းရည်ရှိတယ်ဆိုတဲ့ ယဉ် ကျေးမှုအစဉ်အလာတွေကို အာခံပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို နီပေါနိုင်ငံတန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah)ဟာလည်း နီပေါနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်လာတဲ့နောက်ပို င်းမှာ အဲဒီအချိန်တုန်းက နီပေါတော်ဝ င်မိသားစုဝင်တဦးဖြစ်သူ မင်းရှုမ်ရှာ ဂျေဘီရာနာ(Meen Shumsher J.B. Rana)ဆိုတဲ့ စစ်ဗိုလ်တဦးနဲ့လက်ထက်ခဲ့ပါတယ်။ သူမဟာ ထရိဘူဝမ်တက္ကသိုလ် ( Tribhuvan University)မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက်ပါတီကဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီစနစ်ကို ပိုသွားဖို့နဲ့ဘုရင်စန စ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်တချို့ရလာပြီး နီပေါနိုင်ငံရဲ့အ ပြောင်းအလဲအချိုးအကွေ့ဖြစ်လာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရာနာဟာ အမျိုးသမီးစေတနာဝန်ထမ်းအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူမကို အမျိုးသားလွှတ်တော် (National Assembly)မှာ ဒုဥက္ကဌအ ဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်မှ၁၉၅၉ ခုနှစ်ထိ သူမဟာ အကြံပေးအတိုင်ပင် ခံလွှတ်တော်(Advisory Assembly) မှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပြီးဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်အရ နီပေါမှာ လွှတ်တော်နှစ်ရပ်စနစ်(Bicameral Parliament)ကို ကျင့်သုံးလာပါတယ်။ အဲဒီလွှတ်တော်နှစ်ရပ်မှာ လူထုရွေး ကောက်တင်မြောက်ထားတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်(House of Representatives)ဖြစ်ပြီးခန့်အပ်ခံရတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့အထက်လွှ တ်တော်မဟာဆဘာ( Maha Sabha (Senate))ဖြစ်ပါတယ်။ ရာနာကို ဘုရင် မဟင်ဒရာက မဟာဆဘာမှာ အဖွဲ့ဝင်အမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ House of Representativesထဲမှာတော့ အမျိုးသမီးတဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ(Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင်အမျိုးသမီးနိုင်ငံရေး သမားတဦးဖြစ်လာပါတယ်။ ၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြပါတယ်။ နောင်သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလအထွေထွေညီလာ ခံကို နီပေါကိုယ်စားပြုသွားတက်ရပါတယ်။ ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မရှင် (United Nations Commission on the Status of Women)ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအတွက် အသံတွေထုတ်ပေးခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့အသံဟာကျယ်လောင်လာခဲ့ပါတယ်။...
Read moreနိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။ အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။ ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။ ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။ တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။ သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။ သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။ "ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ" ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။ အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။ ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။ BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။ သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။ အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။ ...
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၃ ။ ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ်၊ ထာ့လီမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မူးယစ်ဆေးဝါးတွေနဲ့အတူ ထွက်ပြေးဖို့ကြိုးစားတဲ့လူငယ်တဦးကို ထိုင်းအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ အထူးအမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက နောင်ဖွန်းကျေးရွာအနီးမှာ လုံခြုံရေးအရစစ်ဆေးရေးဂိတ်ဖွင့်ပြီးစစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာတဲ့လူငယ်တဦးကို ရပ်တန့်စစ်ဆေးဖို့အချက်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလူငယ်ဟာရပ်တန့်တာမရှိဘဲ စစ်ဆေးရေးဂိတ်က အတားအဆီးတွေကိုတိုက်မိပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ဆိုင်ကယ်လဲကျသွားချိန်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် သူ့ကိုရှာဖွေစစ်ဆေးခဲ့ရာမှာ ဘောင်းဘီအိတ်ထဲမှာ ဝှက်ထားတဲ့စိတ်ကြွဆေးပြား ၁၂၇ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လူငယ်ကိုဥပဒေအရအရေးယူနိုင်ဖို့ ထာ့လီရဲစခန်းကို ပေးပို့ထားတယ်လို့ဆိုပါတယ်။
Read moreBorder News Agency ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တာရက်ခ်ရာမန်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မှာ ဒါကာစစ်တပ်နယ်မြေထဲက လက်နက်ကိုင်တပ်ဖွဲ့များဌာနချုပ်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရုံးထိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မနက် ၉ နာရီမှာ ရုံးကိုရောက်ရှိလာတာဖြစ်ပြီး တပ်ဖွဲ့အသီးသီးက အကြီးအကဲတွေက သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်က တပ်ဖွဲ့အကြီးအကဲတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရာထူးတိုးမြှင့်ခံရတဲ့ ကြည်းတပ်အရာရှိကြီးနှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မီရ်မွတ်ရှ်ဖီကာ ရာမန် နဲ့ ဗိုလ်ချုပ် ကိုင်ဆာရာရှစ်ချောင်ဒရီတို့ကို အဆင့်တံဆိပ်တွေ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။
Read moreBorder News Agency မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။ မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အဲဒီလက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။
Read moreHey! Don't Copy my content.