Border News Agencyနေပြည်တော်၊ မတ် ၄ ။ အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာစက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။ အဲဒီဓာတ်ဆီဂါလံသန်း ၆၀ နဲ့ ဒီဇယ်ဂါလံသန်း ၇၀ နီးပါးစုထားတာမို့ ရက် ၄၀...
Read moreBorder News agencyမင်းပြား၊ မတ် ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်း လေလံအောင်မြင်ထားတဲ့ ကူတို့ဆိပ်လုပ်ငန်းတွေမှာ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ အဲဒီ စစ်ဆေးမှုကို မြို့နယ်ဒီလပ်ဌာန၊...
Read moreBorder News Agencyအိန္ဒိယ၊ မတ်လ ၃။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်း ရူပီးကုဋေနဲ့ချီ တန်ဖိုးရှိတဲ့ မက်အဖက်တမင်းနဲ့ ဟီးရိုးအင်း အမြောက်အမြားကို ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က မတ်လ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ မီဇိုရမ်ပြည်နယ်မှာ...
Read moreBorder News Agencyပလက်ဝ၊ မတ် ၃။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဆိပ်ကမ်းမှာ ရေနစ်မြုပ်နေတဲ့ ခရီးသည်နဲ့ကုန်တင်လှေကို အာရက္ခတပ်တော်မှဖေဖော်ဝါရီလ ၂ရက်၊မနက်ပိုင်းက ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပလက်ဝ - ကျောက်တော်ကို လိုင်းဆွဲထွက်နေတဲ့ကုန်တင်လှေတစီးဟာ မတ် ၁ ရက်နေ့...
Read moreBorder News Agencyအိုမန်၊ မတ် ၂။ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ ပလောင်းနိုင်ငံအလံတင် Skylight ရေနံတင်သင်္ဘောဟာ အိုမန်နိုင်ငံကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အိုမန်ရေကြောင်းလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ပါ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပေမယ့်...
Read moreBorder News Agencyအမေရိကန်၊ မတ် ၂။ Operation Epic Fury စစ်ဆင်ရေးအတွင်းမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးခဲ့ရပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM)က မတ်လ ၁...
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာ ဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊ အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အဲဒီဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှလာရောက်ရောင်းချသူတွေက စျေးကောင်းရနေကြတယ်လို့ ဆိုကြပါတယ်။ "တရက်မှာကြက်အကောင်ရေသုံးဆယ်လောက်ရောင်းချရပါတယ်။လေးသော င်းနဲ့ဝယ်ရင် ဒီမှာလေးသောင်းနှစ်ထော င်ရောင်းတယ်။ငါးသောင်းနဲ့ဝယ်ငါး သောင်းနှစ်ထောင်ရောင်းတယ်။ကြက်တကောင်ကနှစ်ထောင်ပဲအမြတ်ရတ ယ်။ဘူးသီးတောင်က ဆိုက်ကယ်နဲ့လာရတယ်။ဆီစာရိတ်၊ထမင်းနဲ့ကုန်ကျ စာရိတ်ကသုံးသောင်းလောက်ရှိတယ်။တရက်အမြတ်ငွေကတောသုံးသောင်း၊ လေးသောင်းလောက်ရပါတယ်။ကြက်တွေကတော ကျေးရွာတွေမှာလည်ပတ်ပြီးရှာဝယ်ရတယ်။"လို့ ဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှအဒူလာမိန်က Border News Agency ကို ပြောပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒေသတွင်းမွေးမြူရေးတွေနည်းနေသေးသလို ဒေသကြက်တွေလ ည်းနည်းပါးနေသေးတာမို့ တရွာဝင်တရွာထွက်ရှာဖွေဝယ်ယူနေကြရတယ်လို့ကြက်ရောင်းသူတွေက ဆိုကြပါတယ်။ "ကြက်တွေကတော့ ကျေးရွာတွေကိုလည်ပတ်ပြီးဝယ်ရပါတယ်။မိသားစုစားသောက်ဖို့ တရက်မှာနှစ်သောင်းကျော်ကုန်ပါတယ်။သားသမီးသုံးဦးက ငါးနှစ်အထက်မရှိသေးပါဘူး။ငါးနှစ်အောက်သာရှိပါတယ်။"လို့ ဘူးသီးတောင်မြို့နယ်မှကြက်ရောင်းချနေသူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေမွေးမြူရေးတွေပိုမိုလုပ်နိုငိကြဖို့နိုင်ငံတကာအကူ အညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်-မောင်တောလမ်းမှာ ပြန်လည်ပြုပြင်မှုမရှိသေးတာကြောင့် လမ်းတလျှောက် ချိုင့်ခွက်တွေများနေပြီး မိုးမကျမှီပြုပြင်ပေးဖို့ ခရီးသွားတွေကမျှော်လင့်နေကြပါတယ်။ အဲဒီလမ်းဟာ လက်ရှိမှာ ကုန်ကားကြီးတွေ သွားနေရပေမယ့် မိုးတွင်းဆိုရင် လမ်းအခြေအနေကြောင့် ကားကြီးတွေသွားလို့မရတော့ဘဲ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ယာဉ်ငယ်တွေနဲ့ပဲ ခက်ခက်ခဲခဲ သယ်ယူနေကြရတယ်လို့ဆိုကြပါတယ်။ ရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လမ်းတံတားတချို့ ပြုပြင်ပေးနေပေမယ့် ဒီလမ်းပိုင်းမှာတော့ စက်ယန္တရားနဲ့ နည်းပညာလိုအပ်ချက်အပြင် ကုန်ကျစရိတ် များတာကြောင့် မပြင်နိုင်သေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလမ်းဆိုးတာကြောင့် ခရီးကြန့်ကြာရုံတင်မကဘဲ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လာမှာကိုလည်း ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ မိုးတွင်းမှာလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် သက်ဆိုင်ရာက ဒီလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
Read moreHey! Don't Copy my content.