Border News Agencyနောင်ခိုင်၊ မတ် ၁၈ ။ ထိုင်းနိုင်ငံ၊ နောင်ခိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၄ သိန်းကျော် ကိုထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး မတ်လ ၁၈ ရက်၊ ဒီနေ့မှာနောင်ခိုင်ခရိုင်...
Read moreBorder News Agencyအီရန်၊ မတ် ၁၅။ အီရန်နိုင်ငံ၊ ဟာမီဒန်ပြည်နယ်ရှိ စက်မှုဇုန်တခုအတွင်းက ကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို မတ်လ ၁၄ ရက်နေ့က အမေရိကန်နဲ့အစ္စရေးတို့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အီရန်သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သိုလှောင်ရုံအတွင်းရှိတဲ့ ကလေးနို့မှုန့်နဲ့ဆေးဝါးတွေအားလုံးလုံးဝပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်...
Read moreBorder News Agencyတအာင်းပြည်၊ မတ် ၆။ တအာင်းဒေသရှိ လက်ဖက်ခြံနဲ့ တောင်ယာတွေမှာကမျဉ်းနီကောင် (Mite) အကိုက်ခံရရာကတဆင့် ကူးစက်တတ်တဲ့ Scrub Typhus ရောဂါကို အထူးသတိပြုကြဖို့ တအာင်းပြည်ကျန်းမာရေးဌာနက အသိပေးနှိုးဆော်ထားပါတယ်။ ဒီရောဂါဟာ ပြင်းထန်စွာဖျားတာ၊ ခေါင်းကိုက်တာနဲ့...
Read moreBorder News Agencyနေပြည်တော်၊ မတ် ၅။ ဈေးကွက်ထဲက အလှကုန်တချို့မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့တားမြစ်ဓာတုပစ္စည်းတွေပါနေတာကြောင့် အလှကုန် ၂ မျိုးကို သုံးစွဲဖို့မသင့်ဘူးလို့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က မတ်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအလှကုန်ပစွည်းတွေဖြစ်တဲ့...
Read moreBorder News Agencyမောင်တော၊ မတ် ၄။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ငါးနှစ်အောက်ကလေးတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မတ်လ ၃ရက်နေ့က ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ နှစ်လနဲ့တနှစ်ကြားကလေးငယ်တွေ၊ တနှစ်နဲ့သုံးနှစ်ကြားကလေးငယ်တွေ၊ သုံးနှစ်နဲ့ငါးနှစ်ကြားကလေးငယ်တွေကို တတိယအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့တာပါ။ အဲဒီကာကွယ်ဆေးတွေဟာ ပိုလီယိုရောဂါကာကွယ်ဖို့ OPV...
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreထိုင်းတရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရဲ့ အတွင်းရေးမှူးချုပ် Pol.Maj. Suriya Singhakamol ရဲ့ ညွှန်ကြားချက်အရ မယ်ဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးကွန်ရက်တွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB ကထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့ကို ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာပြည်သူတွေက ၁၃၈၆ Hotline ဖုန်းလိုင်းကနေတဆင့် သတင်းပေးတိုင်ကြားချက်တွေကို အခြေခံပြီး မယ်ဆိုင်နဲ့ မယ်ချန်မြို့နယ်တွေအတွင်းက တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း တရားခံတဦးဆီကနေ ဆိုင်ကယ်ထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၄ ပြားကို အရင်တွေ့ရှိခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကို ထပ်ပြီးဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်ဆေးပြား ၁၆၄ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆၈ ပြား သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့အတွက် ဘဏ်စာအုပ် ၆ အုပ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီ ဖမ်းမိတဲ့တရားခံကို ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးနေတဲ့ နောက်ထပ်ပါဝင်ပတ်သက်သူတဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တခြားအမှုတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။ ONCB အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး ဘယ်လို မူးယစ်ဆေးဝါးသတင်းမျိုးကိုမဆို ၁၃၈၆ ဖုန်းလိုင်းကနေ ၂၄ နာရီပတ်လုံး သတင်းပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ရွာသန့်ရှင်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အဲဒီစည်ပင်သာယာရေးဌာနက မြို့ပေါ်လမ်းတွေမှာ အမှိုက်ကားတွေနဲ့ လိုက်လံသိမ်းဆည်းတာ၊ရေမြောင်းတွေ ပိတ်ဆို့မှုမရှိအောင်ရှင်းလင်းတာနဲ့ အမှိုက်ပုံဟောင်းတွေကို ဖယ်ရှားတာတွေ လုပ်ပေးနေတာပါ။ အဲဒီအပြင် ဈေးတွေအတွင်း သန့်ရှင်းရေးလုပ်တာနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။ အဲဒီ လမ်းဆုံလမ်းခွတွေမှာလည်း အမှိုက်ပုံးတွေချထားပေးသလို၊ အမှိုက်မပစ်ရမယ့် နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ မရှိအောင် စည်ပင်ဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။
Read moreကရင်နီပြည်အတွင်း စီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေတွေမှာ ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ အာဆင်းနစ် (Arsenic) အဆိပ်တွေ ပါဝင်မှု မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဖေဖော်ဝါရီလ ၂၅ ရက်၊ဒီနေ့မှာပြည်သူတွေကို သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ရေနမူနာတွေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ သံလွင်မြစ်ရေဟာ နိုင်ငံတကာစံနှုန်းထက် ၄ ဆကနေ ၉ ဆအထိ များနေသလို၊ မိုလိုချောင်းရေဆိုရင် အဆိပ်သင့်မှု ပမာဏ ၅၅၃ ဆအထိတောင် မြင့်မားနေတာကို တွေ့ရတဲ့ ဖြစ်ပါတယ်။ အဲဒီအဆိပ်သင့်ရေတွေကို တိုက်ရိုက်သောက်သုံးမိရင်ဖြစ်ဖြစ်၊ချက်ပြုတ်ရာမှာ သုံးမိရင်ဖြစ်ဖြစ် ရေရှည်မှာ ကင်ဆာရောဂါအမျိုးမျိုးနဲ့ နှလုံး၊ ဆီးချိုရောဂါတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီမြစ်ချောင်းတွေအတွင်းက ငါး၊ ခရု၊ ပုဇွန် စတဲ့ ရေနေသတ္တဝါတွေကိုလည်း စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကိုတော့ လုံးဝ (လုံးဝ) မစားကြဖို့နဲ့ သံလွင်မြစ်ထဲက ငါးတွေကို စားမယ်ဆိုရင်လည်း ခေါင်းနဲ့ ကလီစာတွေကို ဖယ်ရှားပြီးမှ စားကြဖို့ အထူးသတိပေးထားပါတယ်။ အကယ်လို့ အကြောင်းကြောင်းကြောင့် အဲဒီရေတွေကို ထိတွေ့ကိုင်တွယ်မိရင်လည်း သန့်စင်တဲ့ရေနဲ့ ချက်ချင်း ပြန်ဆေးကြောကြဖို့ လိုအပ်ပါတယ်။ အခုလို အဆိပ်သင့်မှုတွေဟာ ကလေးသူငယ်တွေရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ IEC က နှိုးဆော်ထားတာပါ။ IEC အနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရေနမူနာတွေ၊ မြေဆီလွှာတွေကို ဆက်လက်စစ်ဆေးနေသလို ထိန်းချုပ်နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မရမချင်း အခုသတိပေးချက်အတိုင်း အလေးထား လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။
Read moreHey! Don't Copy my content.