Border News Agencyပုဏ္ဏားကျွန်း၊ ဇွန် ၂၂။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကျန်းမာရေးဝန်ဆောင်မှုကုန် ကျစာရိတ်တွေ များပြားနေတာမို့ အာရက္ခပြည်သူတွေအခက်အခဲတွေကြုံနေကြရပါတယ်။ အာရက္ခပြည်သူတွေဟာ ကျန်းမာရေးမကောင်းလို့ ဆေးခန်းသွားပြကြရင်အ နည်းဆုံးကျပ်တသိန်းခန့်ထိကုန်ကျနေကြပြီး အလုပ်အကိုင်တွေရှားပါးဝင်ငွေမရှိကြတာမို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင် ခရီးစာရိတ်တွေလည်းများပြားနေတာမို့ ဆေးကုသစာရိတ်တွေပါပေါင်းရင်...
Read moreBorder News Agencyကျောက်တော်၊ဇွန် ၈။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရာသီတုတ်ကွေးရောဂါနဲ့ငှက် ဖျားရောဂါ အဖြစ်များနေကြတယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။ အဲဒီလိုဖြစ်နေကြတာဟာ ဖျားနာမှုတွေကြောင့် ဆေးခန်းလာပြသူတွေကို သွေး စစ်ကြည့်မှ ရာသီတုတ်ကွေးရောဂါ၊ငှ က်ဖျားရောဂါဖြစ်နေကြတာကို တွေ့ရတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ ဇွန် ၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဌက်ဖျားရေဂါဖြစ်လို့ အမျိုးသမီးငယ်တဦး သေဆုံးသွားခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာက အသက်တဆယ်ကျော်အ ရွယ်အမျိုးသမီငယ်တဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့မေလ တတိယအပတ်ကစတင်ကာငှက်ဖျားရောဂါဖြစ်နေတာဖြစ်ပြီး ရိုးရိုးဖျားနာတာထင်လို့ ဆေးခ န်းမပြခဲ့တာမို့...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ မေ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေက ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးဖို့ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေကစပြီး အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးအပါအဝင် ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့တားမြစ်ထားတာမို့ ဆေးဝါးတွေစျေးနှုန်းကြီးမြင့်တာကြောင့်...
Read moreBorder News Agencyကျောက်တော်၊မေ ၂၁။ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတွေရှိ ခုခံအားကျဆင်းမှုကူးစက် ရောဂါလူနာတွေအတွက် ဆေးဝါးတွေအရေးတကြီး လိုအပ်နေကြတယ်လို့ လူနာတွေက ဆိုကြပါတယ်။ အဲဒီလူနာတွေဟာ ဆေးဝါးပြတ်လပ်မူတွေ ကြုံတွေ့ခံစားနေကြရတာမို့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။ "ကျွန်တော်က ဒီရောဂါဖြစ်နေတာကိုမသိဘူး။...
Read moreBorder News Agencyမြောက်ဦး၊ မေ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားတွေ ဆောင်ရွက်နေကြပါတယ်။ အဲဒီဆောင်ရွက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးဆောင်ပြီး အာရက္ခတပ်တော်ဆေးဌာနမှပူးပေါင်းနေကြတာဖြစ်ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီနယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်ပြီး...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ မေ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းနဲ့စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် အသည်းရောင်အသားဝါရောဂါတွေဖြစ်ပွားနေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှု တွေ လိုအပ်နေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။...
Read moreBorder News Agencyမြောက်ဦး၊ မေ ၂ ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်းသားတွေ ခေါ်ယူနေပါတယ်။ အဲဒီသင်တန်းသားတွေကို ဧပြီလ ၂၅ ရ က်နေ့ကစတင်ခေါ်ယူနေတာဖြစ်ပြီး မေ လ ၁၅ ရက်နေ့၊ နောက်ဆုံးထားလျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပြည်သူ့ကျန်းမာရေးကြီးကြပ်...
Read moreအာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...
Read moreမောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။
Read moreHey! Don't Copy my content.