BNA

စစ်ဘေးရှောင်

စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေ

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ပုံမှန်ဝင်ငွေမရှိကြသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်းမရကြဘူးလို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်ပုံမှန်စားဝတ်နေရေးအတွက် ထမင်းတောင်နပ်မှန်အောင်မစားရကြတော့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ “မနက်စားရင်ညစာမစားရ၊ညစာစားရင် မနက်မစားရ။အဲလိုနေကြရတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border...

Read more

စစ်ဘေးရှောင်အမျိုးသမီးတွေ လူကုန်ကူးသားကောင်အဖြစ်ပစ်မှတ်ထားခံနေကြရ

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေမှ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လူကုန်ကူးသမားတွေအတွက် ပစ်မှတ်ထားခံနေကြရတဲ့သားကောင်တွေဖြစ်နေကြတယ်လို့ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်(AA) နဲ့စစ်ကောင်စီတပ်ကြားနှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲစစ်တွေနဲ့ကျောက်ဖြူမှစစ်ဘေးရှောင်အမျိုးသမီးတဆယ်ကျော်ဟာ တရုတ်မယားအဖြစ်လူကုန်ကူးခံခဲ့ကြရပါတယ်။ အဲဒီအထဲမှာ စစ်တွေမြို့နယ်မှဆယ်ဦး၊ကျောက်ဖြူမြို့နယ်သုံးဦး၊ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာကတဦးပါဝင်ပြီး အသက်တဆယ့်ငါးနှစ်အရွယ်မှသုံးဆယ့်ရှစ်နှစ်အရွယ်ထိပါဝင်ပါတယ်။ အဲဒီအမျိုးသမီးတွေကို စစ်တွေမြို့၊ နာဇီရွာစျေးမှာစျေးရောင်နေသူအသက်သုံးဆယ်အရွယ်ကိုအောင်အောင်က စည်းရုံးခေါ်ယူပြီး စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှနေအိမ်တအိမ်မှစုထားကာ...

Read more

အာရက္ခဒေသကစစ်ဘေးရှောင်တသိန်းအပါအဝင်လူတသန်းကျော်ကို WFP က အကူအညီပေးမှုရပ်ဆိုင်း

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ လာမယ့်ဧပြီ လကစတင်ပြီး အာရက္ခဒေသက စစ်ဘေးရှောင်တသိန်းအပါအဝင်လူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီပေးမှုတွေ ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့အထောက်အပံ့ကိုသာအားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေအပါအဝင်လူပေါင်းတသန်းကျော်ထိခိုက်လာမယ်လို့ မတ်လ ၁၄ ရက်၊ဒီ​နေ့မှာကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ၊နေရပ်စွန့်ခွာရွှေ့ပြောင်းတာတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေ တိုးလာတာကြောင့်...

Read more

စစ်ဘေးရှောင်တွေ နိုင်ငံတကာအကူအညီတွေလိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးခက်ခဲနေကြတာမို့နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာအကူအညီတွေမရကြတာ လေးလခန့်ရှိနေပြီး စားဝတ်နေရေး၊ကျန်းမာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်စားဝတ်နေရေးအတွက် အခက်ခဲဆုံးအခြေအနေတွကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ "ရွာတွေပတ်ပြီး ဆန် အကူအညီတောင်းတယ်။...

Read more

အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုအခြေအနေတွေရှိနေလဲ

ခိုင်ဇော် ရေးပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလို...

Read more

စစ်တွေမှာ စစ်ဘေးရှောင်တွေကို စစ်ကောင်စီငွေကြေးထောက်ပံ့

ပြည်နယ်အစိုးရရုံးစိုက်တဲ့ မြို့တော်စစ်တွေမှာ ဖေဖော်ဝါရီလ ၂၁ ၊ဒီနေ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီကငွေ ကြေးထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တဦးကို နှစ်သောင်းကျပ်စီထောက်ပံ့ပေးပြီး စစ်ဘေးရှောင်လူဦးရေ ၁၃၁၃၂ ဦးအတွက် တလစာငွေကျပ် ၂၆၂ ဒသမ ၆၄ သန်းကို ဇန်နဝါရီ...

Read more

“စားဝတ်နေရေးကအဆင်မပြေဘူး။ အကူအညီတွေပေးစေချင်ပါတယ်။”

https://youtu.be/V7ELauz_zIc အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြေပုံမြို့နယ်က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို Border News Agency ကတွေ့ဆုံမေးမြန်းထားပါတယ်။

Read more

“ဆန်ကိုရောင်းပြီးဆေးဝယ်ရမယ်။ အဲဒီဆေးမသောက်ရရင် အမေကအဆင်မပြေဘူး။”

https://youtu.be/DCxk8VtJdlA အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်တွေဟာ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆို င်ရာအကူအညီတွေမရကြတာမို့ စားဝ တ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြေ ပုံမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးကို Border News Agencyကတွေ့ ဆုံမေးမြန်းထားပါတယ်။

Read more

ရန်ကုန်ရောက် ချင်းလူမျိုးစစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

ရန်ကုန်ကို စစ်ဘေးရှောင်ရောက်ရှိနေကြတဲ့ ချင်းလူမျိုးစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီလိုစစ်ရှောင်လာကြတာ တနှစ်ခန့်ကြာလာပြီမို့ ပါလာတဲ့ငွေကြေးတချို့နဲ့ ရွှေထည်ပစွည်းတွေကို ရောင်းချစားသောက်ခဲ့ကြပြီး လက်ရှိမှာ ကြုံရာကျပန်းအလုပ်တွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ရန်ကုန်မြို့ရှိနေရာတချို့မှာ အိမ်ငှားပြီး...

Read more

ရန်ကုန်မှာ စစ်ဘေးရှောင်ကျောင်းသူတဦး ကားတိုက်ခံရလို့သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အမှတ် ၂ အခြေခံပညာအထ က်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဆယ့်နှစ်တန်း၊စစ်ဘေးရှောင်ကျော င်းသူနှစ်ဦးဟာ ဖေဖော်ဝါရီ ၈ ရက်၊ညနေ ၃ အချိန်ခန့်က ကားတိုက်ခံရပြီးတဦးသေဆုံးကာ တဦးဒဏ်ရာရသွားတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ဆိုကြပါတယ်။ အဲဒီသေဆုံးသွားသူမှာ မြေပုံမြို့နယ်၊လေးတူကျေးရွာက ဦးမောင်မြင့်...

Read more
Page 6 of 7 1 5 6 7

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here