Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး စစ်တွေခရိုင် စစ်ဘေးရှောင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသကကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၂၆။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေက ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးဖို့ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေကစပြီး အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးအပါအဝင် ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့တားမြစ်ထားတာမို့ ဆေးဝါးတွေစျေးနှုန်းကြီးမြင့်တာ​ကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့က လေးငယ်တွေဟာ ကာကွယ်ဆေးတကြိမ်မှ မထိုးရသေးဘူးလို့ ဆိုကြပါတယ်။

“ကျွန်မက ခုမွေးလစေ့နေပြီ။ သန္ဓေစလွယ်ချိန်ကနေ ခုချိန်ထိကာကွယ်ဆေးတကြိမ်မှမထိုးရသေးပါဘူး။ ကာကွယ်ဆေးမထိုးရတော့ မွေးလာမယ့်ကလေးနဲ့ ကျွန်မအတွက်ပါ စိုးရိမ်မှုတွေရှိတယ်။ ခုက ရောဂါတွေအမျိုးမျိုးဖြစ်နေတာနဲ့လေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှစစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ ကိုယ်ဝန်ဆောင်တွေနဲ့ နှစ်နှစ်အောက်ကလေးငယ်တွေကို တနို င်ငံလုံးအတိုင်းအတာနဲ့ UNICEF က ထောက်ပံ့တဲ့ ကာကွယ်ဆေးတွေ အခမဲ့ထိုးပေးခဲ့ပေမယ့် ကာကွယ်ဆေးထိုးခွင့်တွေ ဆုံးရှုံးနေကြတာ တနှစ်ကျော်ကြာနေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့သန္ဓေစလွယ်ချိန်ကစပြီး မိခင်နဲ့ကလေးငယ်ကျန်းမာဖို့၊မေးခိုင်ရောဂါကာကွယ်ဖို့နဲ့ ကိုယ်ဝန်ဆောင်စဥ်မွေးဖွားပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ဆေးရုံဆေးခန်းတွေမှာ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ခန့်ထိုးကြရပါတယ်။

နှစ်နှစ်အောက် မွေးကင်းစကလေးငယ်တွေကို တီဘီရောဂါ၊အသည်းရောင်(ဘီဝမ်း) ရောဂါကာကွယ်ဆေး၊ နှစ်လကနေ ခြောက်လကလေးငယ်တွေကို အသ ည်းရောင်(ဘီတူး)ရောဂါ၊ဆုံဆို့နာ၊ကြ က်ညှာချောင်းဆိုး၊မေးခိုင်၊ပိုလီယို၊ရိုတာစတဲ့ရောဂါတွေအတွက် ကာကွယ် ဆေးတွေထိုးပေးကြရပါတယ်။

ကိုးလမှဆယ့်နှစ်လ၊ တနှစ်နဲ့ နှစ်နှစ်ကြားကလေးငယ်တွေကို ဝက်သက်၊ ပါးချိတ်ရောင်၊ဂျာမန်ဝက်သက်၊ ဦးနှောက်ရောင်ရောဂါ၊တုတ်ကွေးရောဂါကာကွယ်ဆေးတွေ သတ်မှတ်ချိန်အတိုင်း ပုံမှန် ကာကွယ်ဆေးထိုးပေးကြရပါတယ်။

အဲဒီကာကွယ်ဆေးတွေ မထိုးရတဲ့အတွက် ကိုယ်ဝန်ဆောင်တွေဟာ စိုးရိမ်ပူပန်မှုတွေရှိနေကြပြီး ကလေးငယ်တွေရဲ့အနာဂတ်အတွက်လည်း စိုးရိမ်မှုတွေမြင့်တက်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကာကွယ်ဆေးတွေ ပုံမှန်မထိုးရတော့ ကလေးတွေအတွက် စိုးရိမ်မိတယ်။ နောက်ဆက်တွဲ ကျန်းမာရေးနဲ့ပတ်သ က်လို့လည်း စိတ်ပူရတယ်။ဘယ်ကျန်း မာရေးဌာနက ဘာကာကွယ်ဆေးမှလာမထိုးတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။” အာရက္ခဒေသနေ ကလေးမိခင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကာကွယ်ဆေးထိုးတာတွေ မရှိသေးသလို ပြည်သူတွေနဲ့စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါးရှားပါးမှုတွေ၊ ငွေကြေးအခက်အခဲတွေကြောင့် ပုံမှန် ကိုယ်ဝန်ဆောင်တွေ သောက်သုံးတဲ့ သံဓာတ်အားဆေးတွေကိုလည်း ဝယ်မသောက်နိုင်ဘူးလို့ ဆိုကြပါတယ်။

ငွေကြေးတတ်နိုင်သူအချို့ကဆေးရုံ၊ဆေးခန်းတွေသွားရောက်ပြီး ကာကွယ်ဆေးထိုးကြပေမယ့် အာရက္ခ​ဒေသက တိုက်ပွဲတွေကြောင့် ဆေးရုံ၊ ဆေးခန်းတွေပိတ်ထားတာတွေ၊ဆေးတွေဝယ် ယူလို့မရတဲ့အပြင် ဈေးနှုန်းအဆမတန်မြင့်တက်နေတဲ့ အခက်အခဲတွေကိုပါ ကြုံတွေနေရတယ်လို့ အာရက္ခပြည်သူ တွေက ဆိုကြပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ နှစ်နှစ်အောက်ကလေးငယ်တွေဟာ အသည်းရောင်အသားဝါကာကွယ်ဆေးနဲ့ ပိုလီယို၊ ကြက်ညှာ၊ ဆုံဆို့၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်၊ မေးခိုင်၊ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျော၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတွေကို ပုံမှန်သတ်မှတ်ချိန်အတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အာရက္ခဒေသကကိုယ်ဝန် ဆောင်တွေနဲ့ကလေးငယ်တွေဟာ ပုံမှန်သတ်မှတ်ချိန်အတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမယ့် အခွင့်အရေးတွေကို တနှစ်ကျော်ထိ ဆုံးရှုံးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကိုယ်ဝန်ဆောင်အများကြီးက ကာ ကွယ်ဆေးမထိုးကြရဘူး။ ကာကွယ် ဆေးမထိုးရဘဲ ဒီအတိုင်းကလေးမွေးဖွားနေကြရတာ။ ကလေးတွေလည်း တနှစ်ကျော်ကြာတဲ့အချိန်ထိ ဆေးတကြိမ်မှမထိုးကြရဘူး။ ကာကွယ်ဆေးမထိုးတဲ့အတွက် နောက်ဆက်တွဲကျန်မာရေးဆိုးကျိုးတွေကကြောက်ဖို့ကောင်းတယ်။ ကလေးတွေဆို ဉာဏ်ရည်မဖွံ့ဖြိုးတာ၊ဆွံ့အနားမကြားပဲ မသန်စွမ်းတွေဖြစ်သွားတတ်တာတွေရှိတယ်။ ဆေးတွေက ရှာလို့ကိုမရဘူး။ ရခိုင်ကို ကာကွယ်ဆေးတွေလည်း မရောက်ဘူး။ ရောက်ခဲ့ရင်တောင် ငွေကြေးတတ်နိုင်သူတွေလောက်ပဲ ထိုးနိုင်ကြတယ်။ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းအနေနဲ့လည်းဆေးမရှိတာ၊ ဆေးရှာမရတာနဲ့ဘာမှလုပ်လို့မရဘူး။” လို့ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင်စစ်ကောင်စီတပ်က အာရက္ခဒေသမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာမို့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးမွေးဖွားဖို့အတွက် စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကူညီဆောင်ရွက်ပေးမှုနဲ့နိုင်ငံတကားကပေးတဲ့ကာကွယ် ဆေးတချို့ကို နယ်စပ်ဖြတ်ကျော်ပြီးတောင်ပြိုလက်ဝဲကတဆင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ပေးဖူးပေမ ယ့်အရေအတွက်အလွန်နည်းပါးတာမို့ကိုယ်ဝန်ဆောင်မိခင်တွေ၊နှစ်နှစ်အော က်ကလေးငယ်တွေ ကာကွယ်ဆေးမ ထိုးလိုက်ကြရဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ဖွဲ့စည်းထားပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ဆေးဝါးတွေအပါအဝင်လို အပ်ချက်တွေမပြည့်စုံတာမို့ အာရက္ခပြည်သူတွေ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြဘူးလို့ ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်၊အာရက္ခ-အိန္ဒိ ယနယ်စပ်အပါအဝင် ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီစတဲ့နယ်ခြားဒေသတွေကလည်း ဆေးဝါးတွေအပါအဝင် ကုန်းပစ္စည်းတွေ အကန့်အသတ်နဲ့ဝင်ရောက်နေပေမယ့် ကာကွယ်ဆေးတွေအပါအ ဝင် လိုအပ်တာအားလုံးမရနိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။

PrevPreviousပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို ပြန်လွတ်ပေး
Next“ခြေထောက်ပြတ်ထွက်သွားတာကို ဘာတခုမှမသိလိုက်ပါဘူး။ပိုင်းသွားတယ်လို့လည်းကိုယ့်ကိုကိုယ်မထင်ပါဘူး။”Next
Previous Post

ပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို ပြန်လွတ်ပေး

Next Post

“ခြေထောက်ပြတ်ထွက်သွားတာကို ဘာတခုမှမသိလိုက်ပါဘူး။ပိုင်းသွားတယ်လို့လည်းကိုယ့်ကိုကိုယ်မထင်ပါဘူး။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်း

April 30, 2026

လယ်ဒိုမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

April 30, 2026

​အီရန်စစ်ပွဲအတွက်အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကုန်ကျ

April 30, 2026

​ဘန်ကောက်အပူချိန် ၅၂ ဒီဂရီကျော်ထိ ရှိနိုင်လို့ အိမ်ပြင်မထွက်ဖို့သတိပေး

April 30, 2026

​ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်း

လယ်ဒိုမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

​အီရန်စစ်ပွဲအတွက်အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကုန်ကျ

​ဘန်ကောက်အပူချိန် ၅၂ ဒီဂရီကျော်ထိ ရှိနိုင်လို့ အိမ်ပြင်မထွက်ဖို့သတိပေး

​ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ရင်သက်သေပြဖို့ သားဖြစ်သူ တောင်းဆို

​အမေရိကန်ရဲ့ပိတ်ဆို့မှုကို အီရန်က အရိပ်ပြောက်ကျား သင်္ဘောတွေနဲ့ဖြတ်နေ

Releated Post

​ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်း

April 30, 2026

လယ်ဒိုမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

April 30, 2026

​အီရန်စစ်ပွဲအတွက်အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကုန်ကျ

April 30, 2026

​ဘန်ကောက်အပူချိန် ၅၂ ဒီဂရီကျော်ထိ ရှိနိုင်လို့ အိမ်ပြင်မထွက်ဖို့သတိပေး

April 30, 2026

​ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ရင်သက်သေပြဖို့ သားဖြစ်သူ တောင်းဆို

April 30, 2026
Ref / Photo - Al

​အမေရိကန်ရဲ့ပိတ်ဆို့မှုကို အီရန်က အရိပ်ပြောက်ကျား သင်္ဘောတွေနဲ့ဖြတ်နေ

April 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page