သတင်း

“ကျွန်တော်မှာ စားဖို့သောက်ဖို့မရှိလို့ အဲဒါတခုတော့အကူညီလိုချင်ပါတယ်။”

အင်တာဗျူးBorer News Agencyမောင်တော၊ မတ် ၁၀။ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်က ဟိန္ဒူဘာသာဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။ သူတို့ဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ဝင်ငွေလည်းမရှိကြဘူးလို့ ဆိုကြပါတယ်။ အဲဒီလိုအခြေအနေတွေကို ဟိန္ဒူဘာ သာဝင်တဦးက Border News Agency ကို တွေ့ဆုံပြောပြထားပါတယ်။...

Read more

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...

Read more

နိုင်ငံသားများ၏မူလအခွင့်အရေးများ

မောင်တူရေးသည်။ လူထု၏ထောက်ပြပြောဆိုတောင်းဆိုခွင့် နိုင်ငံရေးသည်ကိုယ့်နှင့်မဆိုင်ဟူသောအမြင်အားကောင်းသည့်လူ့ဘောင်အဖွဲ့အစည်းတရပ်အတွက်"ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လိုအပ်ချက်"ကိုလည်း ကိုယ်နှင့်မဆိုင်ဟုသာ မြင်ကြမည်ဖြစ်ပေသည်။ နိုင်ငံရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအား ကိုယ်နှင့်မဆိုင်ဟုထင်မြင်နေမှုသည် မိမိတို့၏စားဝတ်နေရေးဘဝဖြစ်စဉ်ကောင်းမွန်မှုအား ကိုယ်နှင့်မဆိုင်ဟု ထင်မြင်နေသောသဘောမျိုးသက်ရော က်ပေသည်။ မိမိ၏နေ့စဉ်ဘဝစားဝတ်နေရေးသည် နိုင်ငံရေး၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည်ကို လီဗီးယားသန်ဆောင်းပါး နှင့် နိုင်ငံတော်ဆောင်းပါး တွင် ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ Popular Sovereignty...

Read more

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၂

မောင်တူရေးသည်။ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့ အစည်း ၂ အခြေခံသဘောတရား ၁ ထုတ်ကုန်မြင့်သောလူ့အဖွဲ့အစည်းသည်ချမ်းသာသည်။ထုတ်ကုန်မဲ့သော လူ့အဖွဲ့အစည်းသည် ဆင်းရဲသည်။ အခြေခံသဘောတရား ၂ သကြားမထုတ်လုပ်နိုင်သောသူသည် အခြားလူထုတ်လုပ်ထားသော သကြားကို ဝယ်ရသည်။ အခြေခံသဘောတရား ၃ သွင်းအားစုနှင့်ဈေးကွက်သည် စီးပွားရေးဆိုင်ရာ...

Read more

စတုတ္ထမဏ္ဍိုင်ပီပြင်ဖို့ ပြုပြင်ရမည့်သတင်းမီဒီယာကျင့်ဝတ်များ

ဇာနည်ရေးသည်။ ရခိုင်သတင်းမီဒီယာများ “မီဒီယာဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးဖြစ်တယ်။အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊အပြစ်ရှိ သူကိုအပြစ်မဲ့သူဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားရှိတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာလူထုရဲ့စိတ် ကိုချုပ်ကိုင်ထားနိုင်လို့ပဲ”ဟုအမေရိကန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Malcolm X က ပြောခဲ့ဖူးသည်။ Malcolm X ၏စကားတွင် စဉ်းစားချင့်ချိန်စရာများစွာပါဝင်သည်။သတင်းမီဒီယာများသည် ပြည်သူလူထု၏စိတ်ကိုချုပ်ထိန်းထားနိုင်သလိုပင်၊သမိုင်းနှင့်နေ့စဉ်လူနေမှုဘဝပေါင်းများစွာတွင်လည်းသက်ရောက်မှုကြီးမားသည်။ အထူးသဖြင့် နိုင်ငံရေး၊စစ်ရေးပဋိပက္ခများ၊စီးပွားရေး၊ပညာရေးကဲ့သို့သော...

Read more

“အမျိုးသမီးများနေ့အမှန် သူတိုစကားသံ”

အင်တာဗျူးBorder News Agencyမြောက်ဦး၊မတ် ၈ ။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အာရက္ခဒေသရှိအမျိုးသမီးတွေအတွက် အရပ်ဖက်အဖွဲအစည်းတွေရဲ့အမြင်ကို Border News Agency က မေးမြန်းဖော်ပြလိုက်ပါတယ်။ "ကျားမရေးရာတန်းတူညီမျှမှုနဲ့ပတ်သက်လို ပါတီ၊လက်နက်ကိုင်အဖွဲအစည်းအားလုံးမှာအမျိုးသမီးအနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းပါဝင်ဖိုအတွက် ကျမတိုဆက်တိုင်းလုပ်လာခဲ့ပါတယ်။ပူးပေါင်းပါဝင်မှုဟာ အရေအတွက်အားဖြင့်ပါဝင်တာမဟုတ်ပဲ။အဲဒီပါဝင်မှုအမျိုးသမီးရာခိုင်နှုန်းတယောက်ချင်းစီဟာ အရည်အချင်းရှိတဲ့အမျိုးသမီးတွေဖြစ်ဖို့ သူတိုကိုစွမ်းရည်မြင့်တင်ပေးရင်းနဲ့သူတို့အတွေးအမြင်သဘောထားစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင့်လင့်ပါဝင်ဆွေးနွေးတိုင်ပင်လုပ်ဆောင်ဖိုအတွက်ပါ။နောက်ဆုံးအဆင့်အမျိုသမီးဖြစ်တာကြောင့်...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။

Read more

အာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့နောက် ဆုံးလက်ကျန်တိုက်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်လဲ

ခိုင်ဇော်ရေးပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါ အဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက်တရုတ်စီမံကိန်းတွေရှိရာကျောက်ဖြူမြို့နယ်၊အိန္ဒိယစီမံကိန်းရှိရာမြို့တော်စစ်တွေနဲ့ရေလည်ကျွန်းမြို့မာန်အောင်သာကျန်နေပါတယ်။ အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့"၁၀၂၇စစ်ဆင်ရေး" အဖြစ် အာရက္ခဒေ သမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို...

Read more

နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ

မောင်တူရေးသည်။ နိုင်ငံတော် "နိုင်ငံတော်" ဆိုသောစကားလုံး၏အနက်အဓိပ္ပါယ်ကို လူထုသည် သိရန်၊ ခံစားရန်လိုအပ်သည်။ "နိုင်ငံရေး" သို့မဟုတ် "အာသာဘေဒ''သည် "ကိုယ်နှင့်မဆိုင်"၊ "နိုင်ငံရေး"သည် ထမင်းမစားရသောကိစ္စဟု အသိအမြင်အနည်ထိုင်နေသည့် လူ့အသိုက်အမြုံအတွက် ''နိုင်ငံတော်'' ဆိုသည့် အဓိပ္ပါယ်ကို သိရန်ပိုလိုအပ်ပေသည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင်(State)ဟူသော...

Read more

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း

မောင်တူရေးသည်။ ထုတ်ကုန်နည်းပါးလွန်းသောလူ့အဖွဲ့အစည်း ၁  ကုန်ထုတ်လုပ်မှုများသောလူ့အဖွဲ့အစည်းသည် ချမ်းသာသည်။လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းဖြစ်သည်။ ကျောက်ခေတ်လူတွင် မည်သည့်ကုန် ထုတ်လုပ်မှုမှမရှိပေ။အစာအတွက်လည်း ထုတ်ကုန်မရှိ၊အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊နေရန်အတွက်လည်း ထုတ်ကုန်မရှိကြပေ။အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ကြရပေသည်။ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံကြရပေသည်။နေစရာမရှိ၍ ကျောက်ဂူများတွင်နေကြရပေသည်။ ကမ္ဘာပေါ်တွင် ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းသည်...

Read more
Page 257 of 270 1 256 257 258 270

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here