Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် လူ့အခွင့်အရေး အာရက္ခဒေသ

နိုင်ငံသားများ၏မူလအခွင့်အရေးများ

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
751
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

လူထု၏ထောက်ပြပြောဆိုတောင်းဆိုခွင့်

နိုင်ငံရေးသည်ကိုယ့်နှင့်မဆိုင်ဟူသောအမြင်အားကောင်းသည့်လူ့ဘောင်အဖွဲ့အစည်းတရပ်အတွက်“ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လိုအပ်ချက်”ကိုလည်း ကိုယ်နှင့်မဆိုင်ဟုသာ မြင်ကြမည်ဖြစ်ပေသည်။

နိုင်ငံရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအား ကိုယ်နှင့်မဆိုင်ဟုထင်မြင်နေမှုသည် မိမိတို့၏စားဝတ်နေရေးဘဝဖြစ်စဉ်ကောင်းမွန်မှုအား ကိုယ်နှင့်မဆိုင်ဟု ထင်မြင်နေသောသဘောမျိုးသက်ရော က်ပေသည်။

မိမိ၏နေ့စဉ်ဘဝစားဝတ်နေရေးသည် နိုင်ငံရေး၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည်ကို လီဗီးယားသန်ဆောင်းပါး နှင့် နိုင်ငံတော်ဆောင်းပါး တွင် ဖော်ပြခဲ့ပြီးပြီဖြစ်သည်။

Popular Sovereignty မှကင်းကွာခြင်း

မိမိတို့လူ့ဘောင်တရပ်သည် အဘယ်ကြောင့် နိုင်ငံရေးအား မိမိတို့၏စားဝတ်နေရေးဘဝဖြစ်စဉ်နှင့်မသက်ဆိုင်ဟု ထင်မှတ်စေသောအမြင်အောက်တွင် ပိတ်မိနေခဲ့သနည်း။

ထိုသို့ပိတ်မိနေသောအကြောင်းတရားများထဲတွင် “မိမိတို့၏အခွင့်အရေးနှင့်တာဝန်”ကို နားမလည်မှုသည်လည်းပါဝင်ပေသည်။

အခွင့်အရေးနှင့်တာဝန်ကို နားမလည်မှုသည် အချုပ်အခြာအာဏာသဘောကိုနားမလည်မှုလည်းဖြစ်ပေသည်။အချုပ်အခြာအာဏာသဘောကိုနားမလည်သော ပြည်သူလူထုသည် ကိုယ့်ဖာသာကိုယ်အချုပ်အခြာအာဏာ၏အရှင်သခင်ဖြစ်မှန်းမသိသောပြည်သူလူထုသာ ပြန်ဖြစ်လာပေသည်။

သဘောတရားဖော်ပြချက်နှင့်အကောင်အထည်ဖော်မှု

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် “ပြည်သူလူထုအားတန်းတူညီမျှမှု၊လွတ်လပ်မှု၊ငြိမ်းချမ်းမှု၊တရားမျှတမှု၊ဒီမိုကရေစီအခွင့်အရေး”ကို အာမခံချက်များပေးထားကြပေသည်။

ထိုအာမခံချက်များကိုအခြေခံသဘောတရားစံနှုန်း၊တန်ဖိုးအဖြစ်ဖော်ပြကြပေသည်။

သို့သော်သဘောတရားစံနှုန်း၊တန်ဖိုးအဖြစ် မည်မျှဖော်ပြစေကာမူနိုင်ငံတိုင်း အဆိုပါသဘောတရားများကိုလက်တွေ့ အကောင်အထည်ဖော်ကျင့်သုံးနိုင်ကြသည်တော့မဟုတ်ပေ။

လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးနိုင်သောနိုင်ငံများက ၎င်းတို့ကျင့်သုံးနိုင်သလောက်တိုးတက်ဖွံ့ဖြိုးပြီး မကျင့်သုံးနိုင်သောနိုင်ငံများတွင်ဆင်းရဲဒုက္ခဖြစ်နေကြပေသည်။

စံနှုန်း၊တန်ဖိုးများကို အကောင်အထည်ဖော်ပြမှု

မိမိတို့၏လူ့ဘောင်တွင်စံနှုန်း၊တန်းဖိုးများကို အကောင်အထည်ဖော်ပြမှုနှင့် ပတ်သက်၍ ပြောကြ၊ဆိုကြလျှင်အင်မတန်မှအန္တရာယ်များလှသော ငြင်းချက် တခုကရှိပေ၏။

ထို “ငြင်းချက်”မှာ ”မိမိတို့အခြေအနေနှင့်ကိုက်ညီသောလျော်ညီသောပုံစံ”ဟူသော စကားလုံးဖြစ်ပေသည်။

ဤ “ငြင်းချက်” စကားလုံး၏အန္တရာယ်မှာ စံနှုန်းများ၏ပကတိတန်ဖိုးကိုမျက်ကွယ်ပြုသွားနိုင်ခြင်းပင်ဖြစ်ပေသည်။ဥပမာ- လူတဦးသည် သူ၏သိန်းရာတန်ပတ္တမြားတလုံးအားလက်ဝတ်ရတ နာတခုလုပ်ရန် ပန်းထိမ်ဆိုင်ကို သွားသည်ဆိုပါစို့။သရဖူ၊လည်ဆွဲ၊ခါးပတ်၊ခြေချင်းစသဖြင့် သူ့အတွက်အဆင်ပြေရာ၊ကိုက်ညီရာတခုကို သူလုပ်ပေလိမ့်မည်။

“သရဖူကိုလုပ်သည်ဖြစ်စေ။ခြေချင်းကို လုပ်သည်ဖြစ်စေ” ထိုလက်ဝတ်တန်ဆာတွင် တပ်ထားသောပတ္တမြား၏မူလတန်ဖိုးအရည်အသွေးမှာ နဂိုထက်နှိမ့်ကျသွားမည်မဟုတ်ပေ။

ဆိုလိုချက်မှာ သရဖူ၊လည်ဆွဲစသည်တို့သည် အသွင်ပုံစံများဖြစ်သည်။အသွင်ပုံစံများကတခုနှင့်တခု ပြောင်းလဲသော်လည်း “ပတ္တမြား၏မူလတန်ဖိုးအရည်အသွေး”မှာ ပြောင်းလဲမှုမရှိဘဲစံနှုန်း၊တန်ဖိုးတခုသာရှိသည်။

တရားမျှတမှု၊တန်းတူညီမျှမှု၊ဒီမိုကရေ

စီဆိုသည့်တန်ဖိုးများကို ပြင်သစ်ကလည်း ပြင်သစ်ပုံစံ ဖြင့်ကျင့်သုံးသည်။ဂျပန်ကလည်း ဂျပန်ပုံစံဖြင့်ကျင့်သုံးသည်။ပြင်သစ်သည်လည်းကောင်း၊ဂျပန်သည်လည်းကောင်း ၎င်းတို့နှင့်ကိုက်ညီသည့်အသွင်ပုံစံဖြင့် ကျင့်သုံးသော်လည်း “တရားမျှတမှု၊တန်းတူညီမျှမှု၊ဒီမိုကေရစီ”စသည့်စံနှုန်းများ၏မူလတန်ဖိုးအရည်အသွေးသည် နှိမ့်ကျမသွား၊အပြောင်းအလဲမရှိပေ။

စံနှုန်း၊တန်ဖိုးများကို အကောင်အထည်ဖော်ပြရန်အတွက် လိုအပ်ချက်များမှာ “နိုင်ငံရေးစိတ်စေတနာ” ရှိရန်ပင်ဖြစ်ပေသည်။

နိုင်ငံရေးအဖွဲ့အစည်းတရပ်သည်(Popular Sovereignty၊ပြည်သူသာလျှင်အချုပ်အခြာအာဏာ၏အရှင်သခင်ဖြစ်သည်)ဟူသော စံနှုန်းတန်ဖိုးမှ မည်မျှကင်းကွာလာသနည်းဆိုသည်ကို အော က်ပါအချက်များဖြင့် တိုင်းတာနိုင်ပေသည်။

  • ၁။ အထက်အဆင့်အမိန့်ပေးညွှန်ကြားသူက တရားမျှတမှု၊တန်းတူညီမျှမှု၊ဒီမိုကရေစီစသည့် စံနှုန်းတန်ဖိုးများကိုဖော်ပြရန်ပျက်ကွက်နေခြင်း။
  • ၂။ ထိုစံနှုန်း၊တန်ဖိုးများနှင့်ပတ်သက်၍ပြည်သူကို ကတိပြုရန် ပျက်ကွက်ခြင်း။မူဝါဒအရတမင်ချန်လှပ်ထားခြင်း။
  • ၃။ ထိုစံနှုန်း၊တန်ဖိုးများကို အောက်ခြေအဆင့်မှလိုက်နာရန် အားထုတ်မှုကင်းမဲ့ခြင်း။
  • ၄။ အောက်ခြေအဆင့်မှလိုက်နာရန်ကင်းမဲ့နေမှုကို ဖုံးဖိထားခြင်း။ကာကွယ်ခြင်း။
  • ၅။ စံနှုန်း၊တန်ဖိုးများကို အခြေခံသည့်အမိန့်ညွှန်ကြားမှုထက် အထက်ဖား/အောက်ဖိ အမူအကျင့်များအားကောင်းလာခြင်း။
  • ၆။ စံနှုန်း၊တန်ဖိုးများနှင့်ပတ်သက်၍ ပြည်သူ၊လူမှုအဖွဲ့အစည်း၊မီဒီယာများဘက်မှပြန်လည်ထိန်းကျောင်းမှုကိုပိတ်ပင်ထားလိုခြင်း။

ထိုနည်းအတူ ပြည်သူလူထုသည်(Popular Sovereignty၊ပြည်သူသာလျှင်အချုပ်အခြာအာဏာ၏အရှင်သခင်ဖြစ်သည်)ဟူသော စံနှုန်းတန်ဖိုးမှမည်မျှကင်းကွာလာသနည်းဆိုသည်ကို အောက်ပါအချက်များဖြင့်တိုင်းတာနိုင်ပေသည်။

  • ၁။ တရားမျှတမှု၊တန်းတူညီမျှမှု၊ဒီမိုကရေစီစသည့်စံနှုန်းတန်ဖိုးများကိုနားမလည်ခြင်း။မသိခြင်း။
  • ၂။ တရားမျှတမှု၊တန်းတူညီမျှမှု၊ဒီမိုကရေစီစသည့်စံနှုန်းတန်ဖိုးများကို တည်ဆောက်ရန်ပျက်ကွက်ခြင်း။မကျင့်သုံးခြင်း။
  • ၃။ ထိုစံနှုန်းတန်ဖိုးများချိုးဖောက်သောအာဏာပိုင်များကို ထောက်ပြဝေဖန်ကန့်ကွက်ရန်ပျက်ကွက်ခြင်း။
  • ၄။ ထိုစံနှုန်းတန်ဖိုးများချိုးဖောက်ခံရသောအုပ်စုများကို မျက်ကွယ်ပြုနေခြင်း။
  • ၅။ ထိုစံနှုန်းတန်ဖိုးများကို ကာကွယ်ရန်၊တောင်းဆိုရန် ပျက်ကွက်နေခြင်း။

အာရက္ခလူ့ဘောင်အားသုံးသပ်ခြင်း

အာရက္ခလူ့ဘောင်၏အားသာချက်တွင် ပင်ကိုသဘောအရ တန်းတူညီမျှမှု၊တရားမျှတမှုနှင့်ဒီမိုကရေစီစံနှုန်းတန်ဖိုးများကို လိုလားသောလူထုဆန္ဒရှိပေသည်။

သို့သော် အားနည်းချက်များမှာအာရက္ခလူ့ဘောင်သည် အဆိုပါစံနှုန်းတန်ဖိုးများနှင့်ပတ်သက်၍အုပ်ချုပ်သူများဘက်မှ ကတိကဝတ်ပြုမှုကို မခံစားရသည်မှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပြီဖြစ်သည်။

သို့ဖြစ်၍ (Popular Sovereignty)တန်ဖိုးကို မြည်းစမ်းခွင့်မရခဲ့သည့်လူ့ဘောင်ဖြစ်နေပေသည်။

တဖက်တွင် ULA/AA ဘက်မှအားသာချက်မှာ အဆိုပါတန်းတူညီမျှမှု၊ တရားမျှတမှုနှင့်ဒီမိုကရေစီအခွင့်အရေးများအားတည်ဆောက်ရန် အခြေခံစိတ်နေစိတ်ထားရှိကြောင်းကို ဖော်ထုတ်ထားမှုများရှိပေသည်။

သို့သော်အကောင်အထည်ဖော်မှုအပိုင်းတွင် အထူးသဖြင့်အောက်ခြေအဆင့်မှ ကျင့်သုံးရန်အပိုင်းတွင် အားနည်းချက်များရှိနေသည်။

Popular Sovereignty တန်ဖိုးကိုဆယ်စုနှစ်များကြာအောင်မြည်းစမ်းခွင့်ပျောက်ဆုံးနေသည့် အာရက္ခလူ့ဘောင်၏လူမျိုးမရွေး၊ဘာသာမရွေး လူမျိုးတိုင်းကို အဆိုပါတန်ဖိုးအား ပြန်လည်မိတ်ဆက်ပေးရမည်မှာ ULA/AA တွင်တာဝန်ရှိပေသည်။

အဆိုပါတန်ဖိုး၊ စံနှုန်းများနှင့်ပတ်သက်၍လူထု၏အသံကိုလမ်းဖွင့်ပေးရန် လိုအပ်ပေသည်။

ULA/AA အောက်ခြေအဆင့်မှအဆိုပါစံနှုန်း၊တန်ဖိုးများကို လိုက်နာရန်ပျက်ကွက်ပါက အာရက္ခလူ့ဘောင်သည်လည်း Popular Sovereignty တန်ဖိုးများနှင့် ကင်းကွာနေမည်ဖြစ်ပေသည်။

အာရက္ခလူ့ဘောင်တရပ်အနေဖြင့်တရားမျှတမှု၊တန်းတူညီမျှမှုနှင့်ဒီမိုကရေစီစံနှုန်း၊တန်ဖိုးများနှင့်ကင်းကွာမှုသည် ULA/AA ၏ State Building လုပ်ငန်းစဉ်အတွက် ကြီးစွာသောအတားအဆီးဖြစ်ပေသည်။

အဆိုပါအတားအဆီးများကို ကျော်ဖြတ်ရန်အတွက် အားလုံးတွင်တာဝန်ရှိပေသည်။အာရက္ခလူထုအနေဖြင့် Popular Sovereignty တန်ဖိုးများအတွက်ထောက်ပြပြောဆိုတောင်းဆိုရန်တာဝန်ရှိပေသည်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၁၁ ကြိမ်မြောက် အာရက္ခတပ်တော်၊တပ်မွေးနေ့မိန့်ခွန်းတွင် ‘‘ခုနောက်ပိုင်းတပ်ဖွဲ့ဝင်တချို့စည်း ကမ်းပေါ့လျော့စွာနေထိုင်ခြင်း၊” ULA အဖွဲ့အစည်းအတွင်း အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာသောအခွင့်အရေးသမားများက“တော်လှန်ရေးကိုခု တုံးလုပ်အသုံးချရန်ကြိုးစားခြင်းများရှိနေကြောင်း၊မလိုအပ်ပဲဩဇာအာဏာသုံး၍ပြောဆိုမှုများ၊မဆိုင်သောကိစ္စများတွင် ဝင်ပါဆရာခံမှုများကို ကြာသိလာရကြောင်း၊ထိုအပြုအမှုများကို တာဝန်ရှိသောခေါင်းဆောင်များ၊တပ်မှူအဆင့်ဆင့်က ထိန်းသိမ်းအရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊နောက်ထိုသို့ထပ်မဖြစ်စေရန် ဆင်ခြင်ထိန်းသိမ်းရန်လိုကြောင်း” အသိပေးပြောဆိုထားသည်။

ထိုမိန့်ခွန်းထဲတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့၏ အာဏာအလွှဲသုံးစားပြုလုပ်နေမှုများကိုလည်းဝန်ခံထားပြီး သတိထားဆင်ခြင်ပြုပြင်ကြဖို့လည်း အသိပေးထားသည်ကိုတွေ့ရပေသည်။

“မိမိတို့ရက္ခိုင့်တပ်တော်သည် အမျိုးသားရေးတာဝန်၊တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့်အစဉ်အလာများနှင့်ရက္ခိုင်ပြည်သူများ၏အနာဂတ်ကို ပုံဖော်သွားမည်ဖြစ် ကြောင်း၊ပြည်သူများအပေါ် အာဏာပြဖိနှိပ်ဆက်ဆံခြင်း၊အနိုင်ကျင့်ခြင်း၊လူနည်းစုတိုင်းရင်းသားများအပေါ် ဘာသာရေး၊ခွဲခြားဆက်ဆံခြင်းများကို လုံးဝခွင့်မလွတ်ကြောင်း၊” လည်း အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၁၁ ကြိမ်မြောက်အာရက္ခတပ်တော်၊တပ်မွေးနေ့မိန့်ခွန်းတွင် ပြတ်ပြတ်သားသားသတိပေးထားသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတွင် အာရက္ခတပ်တော်သည် အာရက္ခဒေသကမြို့အများစုကိုတိုက်ခိုက်သိမ်းပိုက်ထိနိးချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရား များဖော်ဆောင်နေပေသည်။

ထိုကဲ့သို့ တော်လှန်ရေးကာလမပြီးပြတ်ခင်တွင် တော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေမှုများသည် အားနည်းချက်၊ လိုအပ်ချက်များစွာရှိနေမည်ကို လူတိုင်းလက်ခံနားလည်းကြပေသည်။

သို့သော်လည်း အာရက္ခတပ်တော်၏တပ်ဖွဲ့ဝင်အချို့အပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့လည်း အာရက္ခပြည်သူလူထုအပေါ်အာဏာပါဝါပြ အနိုင်ကျင့်စော်ကားမှုအချို့ရှိနေသည်ဟု အာရက္ခပြည်သူများကဆိုကြသည်။

ထိုကြောင့် အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၁၂ ကြိမ်မြောက်အာရက္ခတပ်တော်၊ တပ်မွေးနေ့မိန့်ခွန်းတွင် “ရဲဘော်များ၏ တိုင်းပြည်နှင့်လူမျိုးအတွက်စွန့်လွတ်အနစ် နာခံပေးဆပ်ရမှုများအား မိမိအနေနဲ့အထူးလေးစားဂုဏ်ပြုပါကြောင်း၊ထိုနည်းအတိုင်းပင်ရက္ခိုင်ပြည်သူတရပ်လုံးကလည်းလေးစားဂုဏ်ယူသည်ကို ရဲဘော်များမျက်မြင်ဖြစ်ကြောင်း”၊ ဤကိစ္စနှင့်ပတ်သက်၍ အထူးသတိပေးလိုသည်မှာ “မိမိတို့ကသာအဓိက၊အခြားသူများထက်မြင့်မြတ်သာလွန်သည်ဟုဆိုကာ အောက်ခြေလွတ်မာနများနှင့်အတွေးချော်ဖောက်ပြန်လမ်းမမှားသွားရန်သတိပေးလိုကြောင်း”၊ ထိုကဲ့ဖြစ်လာပါက လုံးဝသည်းခံခွင့်လွတ်မည်မဟုတ်ကြောင်း၊ မိမိတို့သည်တိုင်းပြည်နှင့်လူမျိုးအတွက် အားလုံးကိုစွန့်လွတ်အနစ်နာခံကာ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ထမ်းရွက်ရန်မမေ့ကြစေလိုကြောင်း” ဟု သတိပေးပြောကြားထားပေသည်။

အာရက္ခတပ်တော်၏ တော်လှန်ရေးအောင်မြင်မှုများကို နိုင်ငံတော်တည်ဆောက်ရေးထိမျှော်မှန်းဖော်ဆောင်နေပါက နိုင်ငံသားများ၏မူလအခွင့်အရေးများကို လေးစားအသိအမှတ်ပြုခွင့်ပြုပေးရမည့်အပြင် ဥပဒေအရအကာအကွယ်ပေးသင့်သည်များကိုလည်း ပေးရမည်ဖြစ်ပေသည်။

သို့မှသာ နိုင်ငံတကာမှအသိအမှတ်ပြုပြီးအေးချမ်းသာယာတည်ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်သည့်အာရက္ခနိုင်ငံတော်ကို အာရက္ခနိုင်ငံသားများက သစ္စာစောင့်သိပူးပေါင်းပါဝင်တည်ဆောက်ကြမည်ဖြစ်ပေသည်။

PrevPreviousထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၂
Nextပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေးNext
Previous Post

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၂

Next Post

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

Releated Post

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026
​ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

September 20, 2026
​Photo - AFP/Reuters

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

September 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page