Border News Agencyအမေရိကန်၊ ဖေဖော်ဝါရီ ၂၈။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံဟာ ဘာရိန်း (Bahrain) နိုင်ငံမှာရှိတဲ့ အမေရိကန်ပဉ္စမမြောက်ရေတပ်ဖွဲ့ဌာနချုပ် (U.S. 5th Fleet) တည်ရှိရာ အယ်လ် -...
Read moreBorder News Agencyကစယ်ဒို၊ ဖေဖော်ဝါရီလ ၂၈။ စကယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်မှ အရပ်သားခုနှစ်ဦးကို ဖမ်ဆီးသတ်ဖြတ်ခဲ့တယ်လို့ မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးမှ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီကစယ်ဒိုမြို့နယ်၊ စုံစင်ဖျားကျေးရွာကို ဖေဖော်ဝါရီလ ၂၇...
Read moreBorder News Agencyအမေရိကန်၊ ဖေဖော်ဝါရီ ၂၈။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ ရေတပ်အင်အားစုတွေနဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းစုအားလုံးကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အရေးပေါ် ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတပ်ဖွဲ့တွေဟာ အီရန်မြို့တော်တီဟီရန်အပါအဝင် အရေးပါတဲ့စစ်ရေးပစ်မှတ်တွေကို အကြီးစားစစ်ဆင်ရေးအဖြစ်တိုက်ခိုက်နေပြီး မြို့တော်အတွင်းမှာလည်း...
Read moreBorder News Agencyအီရန်၊ ဖေဖော်ဝါရီ ၂၈။ အီရန်နိုင်ငံကို အစ္စရေးနဲ့အတူပူးပေါင်းတိုက်ခိုက်နေကြောင်း အမေရိကန်အရာရှိတဦးက အတည်ပြုလိုက်ပြီး လက်ရှိ မြို့တော်တီဟီရန်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ အီရန်သတင်းဌာန (Mehr News) ရဲ့ ဖော်ပြချက်အရ တီဟီရန်မြို့ရှိနေရာအချို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး...
Read moreBorder News Agencyရန်ကုန်၊ ဖေဖော်ဝါရီ ၂၈။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၇၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဖေဖော်ဝါရီလ ၂၈ ရက်၊...
Read moreBorder News Agencyမကွေး၊ ဖေဖော်ဝါရီ ၂၈။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ဟာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ...
Read moreBorder News Agencyထိုင်း၊ ဖေဖော်ဝါရီ ၂၈။ မဲဆောက်မြို့နယ်ထဲကို တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ကိုကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၁ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေပိုင်းမှာဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။...
Read moreBorder News Agencyဘိုလီးဗီးယား၊ ဖေဖော်ဝါရီ ၂၈။ ဘိုလီးဗီးယားနိုင်ငံမြို့တော်အနီးမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငွေစက္ကူအသစ်တွေတင်ဆောင်လာတဲ့ စစ်ဘက်ကုန်တင်လေယာဉ်တစီးပျက်ကျခဲ့လို့ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လမ်းပေါ်ကမော်တော်ယာဉ်အစီး ၂၀ နီးပါး ပျက်စီးသွားခဲ့တယ်လို့...
Read moreBorder News Agency ကွတ်ခိုင်၊ ဖေဖော်ဝါရီ ၂၈။ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် ကိုရင်လေးတပါး လက်ပစ်ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး ခြေထောက်ပြတ်ထွက်ကာ ဒဏ်ရာပြင်းထန်ရသွားခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ထားပါတယ်။ အဲဒီနမ့်ဖက်ကာ ရပ်ကွက် ၂ ရှိ ရဲစခန်းဟောင်းနဲ့ နတ်စင်အနီးမှာ ဖေဖော်ဝါရီဘ ၂၆ ရက်၊ နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်သွားတာလို့ဆိုပါတယ်။ ကိုရင်လေးဟာ အဲဒီလက်ပစ်ဗုံးကိုကောက်ရခဲ့တာဖြစ်ပြီး ဆော့ကစားနေချိန်ပေါက်ကွဲခဲ့တာကြောင့် ညာဘက်ခြေထောက်ပြတ်ထွက်သွားတဲ့အပြင် ဘယ်ဘက်ခြေထောက်၊ လည်ပင်းနဲ့မေးရိုးတွေမှာပါ ဒဏ်ရာရသွားခဲ့တာလို့ဆိုပါတယ်။ အဲဒီနေရာဟာ အရင်က KIA နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာဖြစ်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လက်ကျန်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအန္တရာယ်ကင်းရှင်းအောင် လုပ်ဆောင်ပေးဖို့နဲ့ မိုင်းအန္တရာယ်အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ အဲဒီဒဏ်ရာရသွားခဲ့တဲ့ ကိုရင်လေးဟာ နမ့်ခမ်းဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဆေးကုသစရိတ် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၈။ ထိုင်း-မြန်မာနယ်စပ်၊ ချင်းဒိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၅ သန်းခွဲနီးပါးနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ် ဖာမိူင်းစစ်ကြောင်း (Pha Muang Force) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ နယ်စပ်သဘာဝလမ်းကြောင်းကနေ မူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်ဆိုတဲ့သတင်းကြောင့် အာရုနိုထိုင်းရွာအနီးမှာ ထိုင်းစစ်တပ်ကကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်မှာ လူ ၂၀ ကျော်ပါတဲ့အဖွဲ့က ပစ်ကပ်ကားပေါ်ကို မူးယစ်ဆေးအထုပ်တွေ တင်နေတာကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အာဏာပိုင်တွေက ဝိုင်းဝန်းပိတ်ဆို့စစ်ဆေးဖို့ကြိုးစားချိန်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေဟာ ထွက်ပြေးလွတ်မြောက်သွားကြပြီး လမ်းပြအဖြစ်ယူဆရတဲ့ အာဘေးဆိုသူတစ်ဦးကိုသာ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့သယ်လာတဲ့ ကျောပိုးအိတ်တွေထဲကနေ စိတ်ကြွဆေးပြား ၅,၄၆၀,၀၀၀ ပြားနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ တရားခံနဲ့မူးယစ်ဆေးဝါးတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာမောင်းဏ(Muang Na) ရဲစခန်းကို လွှဲပြောင်းအပ်နှံထားပြီလို့ သိရပါတယ်။
Read moreHey! Don't Copy my content.