သတင်း

နီပေါနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်ကွယ်လွန်

နီပေါနိုင်ငံရဲ့ဒီမိုကရေစီခရီးကြမ်းအစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့တဲ့ကာမဲလ်ရာနာ(Kamal Rana)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာအသက်ကိုးဆယ်ရှစ်နှစ်အရွယ်ရှိနေပါပြီ။ သူမဟာ နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်(National decision- making)တွေ ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာလည်း စွမ်းရည်ရှိတယ်ဆိုတဲ့ ယဉ် ကျေးမှုအစဉ်အလာတွေကို အာခံပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို နီပေါနိုင်ငံတန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah)ဟာလည်း နီပေါနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်လာတဲ့နောက်ပို င်းမှာ အဲဒီအချိန်တုန်းက နီပေါတော်ဝ င်မိသားစုဝင်တဦးဖြစ်သူ မင်းရှုမ်ရှာ ဂျေဘီရာနာ(Meen Shumsher J.B. Rana)ဆိုတဲ့ စစ်ဗိုလ်တဦးနဲ့လက်ထက်ခဲ့ပါတယ်။ သူမဟာ ထရိဘူဝမ်တက္ကသိုလ် ( Tribhuvan University)မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက်ပါတီကဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။  ဒီမိုကရေစီစနစ်ကို ပိုသွားဖို့နဲ့ဘုရင်စန စ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်တချို့ရလာပြီး နီပေါနိုင်ငံရဲ့အ ပြောင်းအလဲအချိုးအကွေ့ဖြစ်လာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရာနာဟာ အမျိုးသမီးစေတနာဝန်ထမ်းအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူမကို အမျိုးသားလွှတ်တော် (National Assembly)မှာ ဒုဥက္ကဌအ ဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်မှ၁၉၅၉ ခုနှစ်ထိ သူမဟာ အကြံပေးအတိုင်ပင် ခံလွှတ်တော်(Advisory Assembly) မှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပြီးဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်အရ နီပေါမှာ လွှတ်တော်နှစ်ရပ်စနစ်(Bicameral Parliament)ကို ကျင့်သုံးလာပါတယ်။  အဲဒီလွှတ်တော်နှစ်ရပ်မှာ လူထုရွေး ကောက်တင်မြောက်ထားတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်(House of Representatives)ဖြစ်ပြီးခန့်အပ်ခံရတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့အထက်လွှ တ်တော်မဟာဆဘာ( Maha Sabha (Senate))ဖြစ်ပါတယ်။  ရာနာကို ဘုရင် မဟင်ဒရာက မဟာဆဘာမှာ အဖွဲ့ဝင်အမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ House of Representativesထဲမှာတော့ အမျိုးသမီးတဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ(Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင်အမျိုးသမီးနိုင်ငံရေး သမားတဦးဖြစ်လာပါတယ်။ ၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြပါတယ်။  နောင်သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလအထွေထွေညီလာ ခံကို နီပေါကိုယ်စားပြုသွားတက်ရပါတယ်။ ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မရှင် (United Nations Commission on the Status of Women)ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအတွက် အသံတွေထုတ်ပေးခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့အသံဟာကျယ်လောင်လာခဲ့ပါတယ်။...

Read more

ဘင်္ဂလားဒေ့ရှ်တသီးပုဂ္ဂလအမျိုးသမီးအမတ်တိုက်ခိုက်ခံရ

နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။  အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။ ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။  အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။  အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။ ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။ တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။ သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။  သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။ "ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ" ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။  အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။ ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။ BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။  သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။  အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။ ...

Read more

မီဇိုရမ်မှာရူပီး ၁၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ချင်းအမျိုးသားတဦးဖမ်းဆီးခံရ

Border News Agency ​မီဇိုရမ်၊ ဖေဖော်ဝါရီ ၂၃ ။ ​မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်မှာ ရူပီး ၁၂ သန်းကျော်တန်ဖိုးရှိတဲ့ မက်သမ်ဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့အတူ ချင်းအမျိုးသားတဦးကို အာသံရိုင်ဖယ်နဲ့ ရဲတပ်ဖွဲ့ကပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။  အဲ​ဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇိုခေါထာရ် အမှတ် ၃ စစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအာသံရိုင်ဖယ်နဲ့ ရဲတပ်ဖွဲ့ဟာဆိုင်ကယ်တစီးကို မသင်္ကာလို့တားဆီးစစ်ဆေးရာကနေ အလေးချိန် ၁၅.၉ ကီလိုဂရမ်ကျော်ရှိတဲ့ စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ မူးယစ်ဆေးတွေဟာ နိုင်ငံတကာပေါက်ဈေးအရ အိန္ဒိယရူပီး ၁၂ သန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ အဲဒီ ​မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ချင်းပြည်၊ ဖလမ်းမြို့နယ်၊ Satawm ကျေးရွာက အသက် ၂၉ နှစ်အရွယ် လာလ်ရမ်းလျန်နာ (Lalramliana) ဖြစ်ပါတယ်။ အဲဒီ အာဏာပိုင်တွေက သူသယ်ဆောင်လာတဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ အဲဒိဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးအက်ဥပဒေအပြင် ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေတွေနဲ့ပါ ထပ်တိုးအမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Read more

မြေပုံမှာ ရေခပ်သွားတဲ့အမျိုးသမီးတဦး ရေကန်ထဲပြုတ်ကျသေဆုံး

Border News Agency  မြေပုံ၊ ဖေဖော်ဝါရီ ၂၃။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြေပုံမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်ပိုင်းက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတဦး ရေခပ်သွားရင်းရေကန်ထဲ ချော်ကျပြီးသေဆုံးသွားခဲ့ပါတယ်။ ​မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သိန်းမြဦးဟာ ရပ်ကွက်ထဲက ကန်တော်ကြီးကို ရေခပ်ဖို့သွားရင်းနဲ့ အခုလို မတော်တဆဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီသေဆုံးသူရဲ့ ရုပ်အလောင်းကို DLEPS ဌာနက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးဆောင်ရွက်နေပြီး ဒီနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးသွားမှာ ဖြစ်ပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို ရေကန်၊ မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက် ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Read more

​ရောဂါပိုးကြောင့်သေဆုံးသွားတဲ့ကျားတွေကို ရောင်းချတာမရှိဘဲမြှုပ်နှံသင်္ဂြိုဟ်

Border News Agency ​ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၃။ ​ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မဲရင်မြို့နယ်ရှိ ကျားဂေဟာတခုမှာ ကျား ၇၂ ကောင် ပုံမှန်မဟုတ်ဘဲ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့ကျားဆားတွေကို စီးပွားဖြစ်ရောင်းချတာမျိုးပြုလုပ်မှာမဟုတ်ဘဲ နည်းစနစ်တကျ မြှုပ်နှံသင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။ အဲဒီ​စိုက်ပျိုးရေးနဲ့ သမဝါယမ ဒုတိယဝန်ကြီးနိုင်းအာမင်းမာယူစိုး ရဲ့ ပြောကြားချက်အရ အဲဒီကျားတွေဟာ ခွေးရူးရောဂါဗိုင်းရပ်စ် (Distemper Virus) နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားပိုးတွေ ပူးတွဲကူးစက်ခံရပြီး ပြင်းထန်အဆုတ်ရောင်ဝေဒနာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။  အဲဒီရောဂါပိုးဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တာမရှိသလို လက်ရှိမှာလည်း ရောဂါပြန့်ပွားမှုကို အကန့်အသတ်နဲ့ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ဆိုပါတယ်။ ​ကျားဂေဟာပိုင်ရှင် နိုင်းချူးဝစ် က သေဆုံးသွားတဲ့ ကျား ၇၂ ကောင်စလုံးရဲ့ အလောင်းတွေကို မွေးမြူရေးဌာနနဲ့ သစ်တောဌာနရဲ့ လမ်းညွှန်ချက်၊ ကြီးကြပ်မှုတွေနဲ့အတူ နည်းစနစ်တကျ မြှုပ်နှံသင်္ဂြိုဟ်သွားမှာဖြစ်ပြီး ဘယ်လိုအကြောင်းနဲ့မှ ကျားဆားတွေကို အပြင်သို့ရောင်းချမှာမဟုတ်ဘူးလို့ အတည်ပြုပြောထားပါတယ်။ 

Read more

တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်

Border News Agency တွန်းဇံ၊ ဖေဖော်ဝါရီ ၂၃။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိလူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့နယ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီ တပ်သားသစ်စုဆောင်းတာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး စုဆောင်းသွားမယ်လို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်ကောင်စီကဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပထမအကြိမ် Zoom အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေနဲ့ တွန်းဇံမြို့ကိုရောက်ရှိလာတဲ့ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားရှိလူငယ်တွေကို အဓိကထားစုဆောင်းမှာလို့ ဆိုပါတယ်။ အဲဒါကြောင့် တွန်းဇံမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြင်ပမှရောက်လာကြတဲ့ လူငယ်တွေကို CDF - တွန်းဇံဇိုတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

Read more

​အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှာ FMR ကိုရပ်ဆိုင်းပြီး Biometric စနစ်နဲ့စစ်ဆေးမယ်

Border News Agency ​အိန္ဒိယ၊ ဖေဖော်ဝါရီ ၂၃ ။ ​အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာ ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ လွတ်လပ်စွာကူးသန်းသွားလာခွင့် (FMR) စနစ်ကို အပြီးတိုင်ရပ်ဆိုင်းပါတယ်။ အဲဒါကြောင့် နယ်စပ်လုံခြုံရေးအတွက် Biometric နည်းပညာသုံးစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တော့မှာလို့ မဏိပူရ်ပြည်နယ်ရဲ့ဝန်ကြီးချုပ် N. Biren Singh က တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။ အဲဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့ ပြည်ထဲရေးဝန်ကြီးအာမစ်ရှာတို့ ဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ အိန္ဒိယ - မြန်မာနယ်စပ်တလျှောက်မှာ ခြံစည်းရိုးခတ်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးအပြီးသတ်ဖို့ တွန်းအားပေးနေပါတယ်။ ကာလရှည်ကြာစွာ လျစ်လျူရှုခံထားရတဲ့ နယ်စပ်လုံခြုံရေးဟာ အခုအခါမှာတော့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့အဆင့်မှာရှိနေပြီး ခြံစည်းရိုးခတ်တာကြောင့် တရားမဝင်ဝင်ရောက်မှုတွေကို ထိရောက်စွာတားဆီးနိုင်မှာဖြစ်တယ်လို့ အစိုးရကရှုမြင်နေပါတယ်။ FMR စနစ်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် နယ်စပ်ဖြတ်ကျော်မယ့်သူတိုင်းဟာ ပြည်ဝင်ခွင့်ဗီဇာရယူရတော့မှာဖြစ်သလို ဝင်ရောက်လာသူတွေရဲ့ လက်ဗွေနဲ့မျက်နှာသွင်ပြင်ဆိုင်ရာ (Biometric) အချက်အလက်တွေကိုလည်း စနစ်တကျ မှတ်တမ်းတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းဟာ နယ်စပ်ဒေသတွေမှာ ခိုအောင်းနေနိုင်တဲ့ တရားမဝင်ဝင်ရောက်လာသူတွေကို တိတိကျကျစိစစ်ဖော်ထုတ်နိုင်ဖို့အတွက် အဓိကကျတဲ့လုပ်ငန်းစဉ်တခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။  မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တရားမဝင်လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသခံပြည်သူတွေက နယ်စပ်ကိုအသေပိတ်ဖို့နဲ့ စနစ်တကျစောင့်ကြည့်ဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ကြတာပါ။ အခုလို အစိုးရရဲ့လုပ်ဆောင်ချက်ဟာ ဒေသခံမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ နောင်လာနောက်သားတွေရဲ့ အနာဂတ်လုံခြုံရေးကို ကာကွယ်ပေးရာရောက်တယ်လို့ မဏိပူရ်ပြည်သူတွေက ယုံကြည်နေကြပါတယ်။ ​မဏိပူရ်ပြည်သူတွေဟာ ဒီလုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မျှော်လင့်နေကြပြီး အစိုးရအနေနဲ့လည်း တရားမဝင်ဝင်ရောက်လာသူတွေကိုဖော်ထုတ်ကာ ဥပဒေနဲ့အညီအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Read more

​ရွှေကုက္ကိုလ်မှထွက်ပြေးလာတဲ့ တရုတ်၂၀ ဦးသောင်ရင်းမြစ်ကိုဖြတ်ကူးချိန်ဖမ်းခံရ

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၃။ ​မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်ကျားဖြန့် (Online Scam) လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းမှာဖေဖော်ဝါရီလ ၂၃ ရက်၊ဒီနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။  အဲဒီ ​ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ ရာ့ချ်မနူး အထူးစစ်ကြောင်း (Ratchamanu Task Force) ဟာ နယ်စပ်ကင်းလှည့်နေစဉ်အတွင်း မဲဆောက်မြို့နယ်၊ မဲပတိုက်နယ်ရှိ ဘန်ဝမ်ကောကျေးရွာအနီးမှာ အထုတ်အပိုးတွေမြှောက်ကိုင်ပြီး သောင်ရင်းမြစ်ကိုဖြတ်ကျော်လာတဲ့လူတစုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ ထိုင်းဘက်အခြမ်း ရောက်ရှိလာချိန်မှာ တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေစစ်ဆေးခဲ့တာပါ။ အဲဒီလို​စစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးရမိသူ ၂၀ ဦးထဲက ၄ ဦးမှာသာ နိုင်ငံကူးလက်မှတ် (Passport) ရှိပြီး ကျန် ၁၆ ဦးမှာတော့ ခရီးသွားလာခွင့်အထောက်အထားမရှိဘူးလို့ သိရပါတယ်။ သူတို့အားလုံးဟာ တရားဝင်နယ်စပ်ဂိတ်ကမဟုတ်ဘဲ သဘာဝအတားအဆီးကိုဖြတ်ကျော်ကာ တရားမဝင်ခိုးဝင်မှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ​အဲဒီ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဆီလွှဲပြောင်းပေးအပ်ထားပါတယ်။ အဲဒီ မဲဆောက်မြို့နယ် ဝမ်ကောကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းက ရွှေကုက္ကိုလ်ကျားဖြန့်လုပ်ငန်းတွေကနေ အခုလိုနိုင်ငံခြားသားတွေ တရားမဝင်ခိုးဝင်ထွက်ပြေးမှုတွေဟာ ဆက်တိုက်ဆိုသလိုရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

Read more

​ထိုင်း၊ ထာ့လီမြို့မှာမူးယစ်ဆေးဝါးတွေနဲ့အတူ ဆိုင်ကယ်သမားတဦး ဖမ်းဆီးရမိ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၃ ။ ​ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ်၊ ထာ့လီမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မူးယစ်ဆေးဝါးတွေနဲ့အတူ  ထွက်ပြေးဖို့ကြိုးစားတဲ့လူငယ်တဦးကို ထိုင်းအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ ​အထူးအမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက နောင်ဖွန်းကျေးရွာအနီးမှာ လုံခြုံရေးအရစစ်ဆေးရေးဂိတ်ဖွင့်ပြီးစစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာတဲ့လူငယ်တဦးကို ရပ်တန့်စစ်ဆေးဖို့အချက်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလူငယ်ဟာရပ်တန့်တာမရှိဘဲ စစ်ဆေးရေးဂိတ်က အတားအဆီးတွေကိုတိုက်မိပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ဆိုင်ကယ်လဲကျသွားချိန်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီနောက် သူ့ကိုရှာဖွေစစ်ဆေးခဲ့ရာမှာ ဘောင်းဘီအိတ်ထဲမှာ ဝှက်ထားတဲ့စိတ်ကြွဆေးပြား ၁၂၇ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လူငယ်ကိုဥပဒေအရအရေးယူနိုင်ဖို့ ထာ့လီရဲစခန်းကို ပေးပို့ထားတယ်လို့ဆိုပါတယ်။

Read more

ဟုမ္မလင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦး သေဆုံး

Border News Agency  ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၃။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပဲနုပ်ဆွပ်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၃ နာရီအချိန်မှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ပဲနုပ်ဆွပ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးထဲမှာလည်း အခြေအနေစိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁ နာရီဝန်းကျင်မှာလည်း ကျွန်းလှမြို့နယ်အနောက်ခြမ်း၊ သဖန်းဆိပ်ဆည်အနီးကို ၅ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၄ စီးဟာ ဟုမ္မလင်းလေတပ် (ဟလခ) သို့ ရောက်ရှိနေပြီး  ဟုမ္မလင်းနဲ့ဖောင်းပြင်နယ်အတွင်းရှိ မိဘပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့ PDC က အသိပေးထားပါတယ်။

Read more
Page 41 of 275 1 40 41 42 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here