Border News Agency ကနေဒါ၊ ဖေဖော်ဝါရီ ၁၂။ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ် (British Columbia) မြောက်ပိုင်းရှိ တမ်ဘလာရစ်ချ် (Tumbler Ridge) မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအပါအဝင် စုစုပေါင်းလူကိုးဦး သေဆုံးခဲ့တယ်လို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) က ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီကျူးလွန်သူဟာ အသက်ဆယ့်ရှစ်နှစ်အရွယ် ဂျက်ဆီဗန်ရုစဲလား (Jesse Van Rootselaar) ဆိုသူဖြစ်ပြီး သူမဟာ ကျောင်းကိုမသွားခင်မှာ အိမ်မှာရှိနေတဲ့မိခင်နဲ့ ဆယ့်တနှစ်အရွယ် မောင်လေးဖြစ်သူကို အရင်ဆုံးပစ်သတ်ခဲ့တာပါ။ အဲဒီနောက် တမ်ဘလာရစ်ချ် အထက်တန်းကျောင်းကိုသွားရောက်ပြီး ကျောင်းဝင်းအတွင်းမှာ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကျောင်းအတွင်းရှိဆရာမတဦးနဲ့ အသက်ဆယ့်နှစ်နှစ်ကနေ ဆယ့်သုံးနှစ်ကြားရှိတဲ့ ကျောင်းသား၊ ကျောင်းသူငါးဦး သေဆုံးခဲ့ရသလို၊ အခြားကျောင်းသား နှစ်ဆယ့်ခုနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ကျူးလွန်သူဂျက်ဆီကတော့ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ချိန်မှာ မိမိကိုယ်ကိုယ်ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်သူဂျက်ဆီဟာ အမျိုးသားအဖြစ်မွေးဖွားလာသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၆ နှစ်ကစပြီး အမျိုးသမီးအဖြစ်ပြောင်းလဲနေထိုင်သူ (Transgender woman) တဦးဖြစ်ပါတယ်။ သူမဟာ အရင်ကလည်းစိတ်ကျန်းမာရေးပြဿနာကြောင့် ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စစ်ဆေးမှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးသူပါ။ ဒီပစ်ခတ်မှုမှာတော့ ပြောင်းရှည်သေနတ်တလက်နဲ့ ပြုပြင်ထားတဲ့လက်ကိုင်သေနတ်တလက်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးကျောင်းပစ်ခတ်မှုတွေထဲက တခုဖြစ်ပြီး တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) က ဒီဖြစ်စဉ်ဟာ "ကနေဒါပြည်သူအားလုံးအတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်နေ့" လို့ပြောကြားခဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ အစိုးရအဆောက်အအုံတွေမှာ နိုင်ငံတော်အလံကို ၇ ရက်တိုင်တိုင် ထက်ဝက်လျှော့ချလွှင့်ထူဖို့ ညွှန်ကြားထားပါတယ်။ လက်ရှိမှာတော့ ဒေသခံပြည်သူတွေက သေဆုံးသူတွေအတွက် ကျောင်းရှေ့မှာပန်းခွေတွေချပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အမှတ်တရတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။ မြန်မာနိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေကို ပိုမိုတင်းကျပ်နိုင်မယ့် ဥပဒေမူကြမ်းသစ်တရပ်ပြဋ္ဌာန်းဖို့အတွက် စစ်ကော်မရှင်က နေပြည်တော်မှာအပြီးသတ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိ သုံးစွဲနေတဲ့ ၁၉၂၀ ပြည့်နှစ်ဥပဒေဟာ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့အပြင် ပတ်စပို့အတုလုပ်တာနဲ့ လိမ်လည်ကိုင်ဆောင်တာတွေကို အရေးယူတဲ့နေရာမှာ အခက်အခဲတွေရှိနေတာကြောင့် အခုလိုဥပဒေအသစ်ကို အစားထိုးဖို့ ပြင်ဆင်လာတာပါ။ နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကော်မရှင်တပ်ဟာ ဒီဥပဒေအသစ်ကိုအသုံးချပြီး ပြည်ပထွက်မယ့်သူတွေကို ပိုပြီး စိစစ်ကန့်သတ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သွားလာမှုကိုပိတ်ဆို့ဖို့ ကြံစည်နေတာလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ပတ်စပို့ကိုအချက်အလက်ပြင်တာ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကိုင်ဆောင်တာတွေကို ရာဇဝတ်မှုအကြီးစားအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးအရဖိနှိပ်ဖို့ လမ်းစရှာနေတာလည်း ဖြစ်ပါတယ်။ အဲဒီအပြင် ဒီဥပဒေဟာပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပတ်စပို့သက်တမ်းတိုးတာနဲ့ အသစ်လဲလှယ်တာတွေကိုပါ လက်နက်သဖွယ်အသုံးချပြီး အကျပ်ကိုင်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ခေတ်စနစ်နဲ့လျော်ညီဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကော်မရှင်က သူတို့ရဲ့ထိန်းချုပ်မှုကို ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ အလှပြင်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Tak) က ဖေဖော်ဝါရီလ ၁၁ ရက်၊ မနေ့ထုတ်ပြန်ပါတယ်။ အဲဒီ မဲဆောက်မြို့၊ဖရာသတ်ဖာဒဲန်းကျေးရွာအုပ်စုရှိ "မာမာဘျူတီဆလွန်း" (Ma Ma Beauty Salon) အလှပြင်ဆိုင်ကိုဖေဖော်ဝါရီလ ၁၀ ရက်နေ့က တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့၊လဝက အမှတ် ၅ အဖွဲ့နဲ့ တာ့ခ်ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလိုစစ်ဆေးရာမှာ အသက်လေးဆယ်အရွယ်နဲ့ နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိဘဲ ဆိုင်မှာ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး၊ လုပ်ထုံးလုပ်နည်းအတိုင်း မဲဆောက်ရဲစခန်းကို ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ဆောင်ခလာ၊ ဖေဖော်ဝါရီ ၁၂။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ ပရာသန်ကီရီဝပ်ကျောင်းအတွင်းမှာ ဖေဖော်ဝါရီလ၁၁ ရက်၊မနေ့က သေနတ်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျောင်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ အဲဒီကျူးလွန်သူဟာ အခင်းမဖြစ်ပွားခင်က ရဲအရာရှိတဦးကို ဓားနဲ့ခုတ်ပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ 9mm သေနတ်ကို လုယူကာ ကျောင်းအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက် ကျောင်းအတွင်းမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတွေကို အစည်းအဝေးခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကျောင်းအုပ်ကြီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျောင်းသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ထားရသလို တရားခံကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး ထိန်းချုပ်ချိန်မှာလည်း တရားခံဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကျူးလွန်သူဟာ အရင်က ရာဇဝတ်မှုမှတ်တမ်းမရှိပေမယ့် စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ဆေးရုံက ဆင်းလာသူဖြစ်ပါတယ်။ သူရဲ့ညီမငယ်ကို ဆရာမဖြစ်သူက အပြစ်ပေးဆုံးမခဲ့တာကို မကျေနပ်လို့ အခုလို လာရောက်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ထားပါတယ်။ စစ်ဆေးမှုတွေ မပြီးမချင်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယာဉ်တွေ ပြန်ထုတ်ခွင့်မပြုသေးဘဲ ကျောင်းသားတွေကိုတော့ ဘေးကင်းရာ ကျောင်းပြင်ပကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency မလေးရှား၊ ဖေဖော်ဝါရီ ၁၂။ မလေးရှားနိုင်ငံ၊ ပီနန်းမြို့က JURU ညစျေးမှာ ဖေဖော်ဝါရီဘ၁၁ ရက်၊မနေ့ညက အာဏာပိုင်တွေ အော်ပရာစီ (Operasi) ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ညစျေးအတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အထောက်အထားမဲ့သူ အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒါကြောင့် ပီနန်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အပြင်ထွက် သွားလာရာမှာ အထူးသတိထားကြဖို့ လိုအပ်နေတာပါ။ အထူးသဖြင့် အထောက်အထား မပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ အခုရက်ပိုင်းမှာ ညစျေးလို လူစည်ကားတဲ့နေရာတွေကို မသွားသင့်ဘူးလို့ မလေးရှားရောက်မြန်မာတွေက အသိပေးထားပါတယ်။ မလေးရှားမှာ အခုနောက်ပိုင်း အော်ပရာစီ ဝင်ရောက်စစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြန်ရှိလာတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Read moreBorder News Agency တနင်္သာရီတိုင်း၊ ဖေဖော်ဝါရီ ၁၂။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ကိုးဦးသေဆုံးပြီး လက်နက်ခုနှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၁၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသရက်ချောင်းမြို့ကနေ ဝင်းဝတပ်စခန်းကို အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရင်း ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ ပူးပေါင်းစစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်ကကိုးဦး သေဆုံးသွားခဲ့ပြီး MA-1 နှစ်လက်၊ MA-3 ငါးလက်နဲ့ ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကို KNLA တပ်မဟာ ၄၊ တပ်မဟာ ၆ နဲ့ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
Read moreBorder News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။
Read moreစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၀၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။ အဲဒီစစ်ဆင်ရေးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုဖေဖော်ဝါရီလအထိအာရက္ခတပ်တော် (AA)၊PDF၊ ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောလင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ ခလရ ၃၀၅၊ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပါ။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂ သောင်းကျော်နဲ့ ဗုံးသီး ၅၀၀ ကျော် ပါဝင်ပြီး စစ်သုံးပစ္စည်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ကော်သူးလေ၊ ဖေဖော်ဝါရီ ၁၁။ ကော်သူးလေအာမီ (KTLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်နယ်ဒါးမြဟာ ထီးသဲလယ်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်နယ်ဒါးမြဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်မိသားစုဝင် လူဦးရေ ၂၀၀ ကျော်ကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးခဲ့တာပါ။ အဲဒီလိုသွားရောက်ရာမှာ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် KTLA ဆေးတပ်ဖွဲ့ဝင်တွေကလည်း စခန်းအတွင်းကမကျန်းမာတဲ့သူတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးခဲ့ပါတယ်။ "ပြည်သူတွေ ခက်ခဲနေတဲ့အချိန်တိုင်းမှာ အမြဲတမ်းအတူရပ်တည်ပြီး တတ်နိုင်သမျှကူညီဖေးမသွားမယ်" လို့လည်း ဗိုလ်ချုပ်နယ်ဒါးမြက ကတိစကားပြောကြားခဲ့ပါတယ်။ KTLA အနေနဲ့ ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မိမိတို့နေရပ်ကို အမြန်ဆုံးပြန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF၊ ပကဖပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်း ပျူစောထီးရွာစခန်းတွေနဲ့ ကျွန်းလှမြို့နယ်က အင်တိုင်းပျူစောထီးရွာစခန်းအပါအဝင် ကောလင်းကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပူးပေါင်းတပ်ဖွဲ့တွေဟာ ကိုးတောင်ဘို့ရွာစခန်းကို ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကိုလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာပဲ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သလို၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စုစုပေါင်း ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ၄၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်မျိုးစုံ ၁၈၇ လက်နဲ့ ကျည်ဆန်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေထဲက အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.