Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

​ကနေဒါမှာ ဆယ်စုနှစ်တခုအတွင်း ကျောင်းပစ်ခတ်မှုဖြစ်ပွားလို့ လူကိုးဦးသေဆုံး

Photo - လူမှုကွန်ရက်

Photo - လူမှုကွန်ရက်

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency 

​ကနေဒါ၊ ဖေဖော်ဝါရီ ၁၂။

​ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ် (British Columbia) မြောက်ပိုင်းရှိ တမ်ဘလာရစ်ချ် (Tumbler Ridge) မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအပါအဝင် စုစုပေါင်းလူကိုးဦး သေဆုံးခဲ့တယ်လို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) က ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီ​ကျူးလွန်သူဟာ အသက်ဆယ့်ရှစ်နှစ်အရွယ် ဂျက်ဆီဗန်ရုစဲလား (Jesse Van Rootselaar) ဆိုသူဖြစ်ပြီး သူမဟာ ကျောင်းကိုမသွားခင်မှာ အိမ်မှာရှိနေတဲ့မိခင်နဲ့ ဆယ့်တနှစ်အရွယ် မောင်လေးဖြစ်သူကို အရင်ဆုံးပစ်သတ်ခဲ့တာပါ။

အဲဒီနောက် တမ်ဘလာရစ်ချ် အထက်တန်းကျောင်းကိုသွားရောက်ပြီး ကျောင်းဝင်းအတွင်းမှာ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ​ဒီပစ်ခတ်မှုကြောင့် ကျောင်းအတွင်းရှိဆရာမတဦးနဲ့ အသက်ဆယ့်နှစ်နှစ်ကနေ ဆယ့်သုံးနှစ်ကြားရှိတဲ့ ကျောင်းသား၊  ကျောင်းသူငါးဦး သေဆုံးခဲ့ရသလို၊ အခြားကျောင်းသား နှစ်ဆယ့်ခုနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ကျူးလွန်သူဂျက်ဆီကတော့ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ချိန်မှာ မိမိကိုယ်ကိုယ်ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

​ကျူးလွန်သူဂျက်ဆီဟာ အမျိုးသားအဖြစ်မွေးဖွားလာသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၆ နှစ်ကစပြီး အမျိုးသမီးအဖြစ်ပြောင်းလဲနေထိုင်သူ (Transgender woman) တဦးဖြစ်ပါတယ်။

သူမဟာ အရင်ကလည်းစိတ်ကျန်းမာရေးပြဿနာကြောင့် ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စစ်ဆေးမှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးသူပါ။

ဒီပစ်ခတ်မှုမှာတော့ ပြောင်းရှည်သေနတ်တလက်နဲ့ ပြုပြင်ထားတဲ့လက်ကိုင်သေနတ်တလက်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

​ဒီဖြစ်ရပ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးကျောင်းပစ်ခတ်မှုတွေထဲက တခုဖြစ်ပြီး တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) က ဒီဖြစ်စဉ်ဟာ “ကနေဒါပြည်သူအားလုံးအတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်နေ့” လို့ပြောကြားခဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ အစိုးရအဆောက်အအုံတွေမှာ နိုင်ငံတော်အလံကို ၇ ရက်တိုင်တိုင် ထက်ဝက်လျှော့ချလွှင့်ထူဖို့ ညွှန်ကြားထားပါတယ်။

​လက်ရှိမှာတော့ ဒေသခံပြည်သူတွေက သေဆုံးသူတွေအတွက် ကျောင်းရှေ့မှာပန်းခွေတွေချပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အမှတ်တရတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

PrevPreviousနိုင်ငံကူးလက်မှတ်ဥပဒေအသစ်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်စီစဉ်နေ
Nextဘင်္ဂလားဒေ့ရှ်မှာ မဲရုံမီးရှို့မှုတွေကြား ယူနွတ်စ်မဲပေးပြီး ရွေးကောက်ပွဲစတင်Next
Previous Post

နိုင်ငံကူးလက်မှတ်ဥပဒေအသစ်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်စီစဉ်နေ

Next Post

ဘင်္ဂလားဒေ့ရှ်မှာ မဲရုံမီးရှို့မှုတွေကြား ယူနွတ်စ်မဲပေးပြီး ရွေးကောက်ပွဲစတင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

March 16, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026
Photo - PLA

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

March 16, 2026

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

Releated Post

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

March 16, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026
Photo - PLA

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

March 16, 2026

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026
Photo-KarenYouthOrganization

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

March 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page