Border News Agency
ဒါကာ၊သြဂုတ် ၁၀။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စတ္တဂရောင်းမြို့ ပြင်ပပင်လယ်ပြင်မှာ ယာဘဆေးပြားနှစ်သိန်းငါးသောင်းနဲ့အတူ မူးယစ်မှောင်ခိုနှစ်ဦးကိုဖမ်းမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ဩဂုတ် လ ၁၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Kutubdia သင်္ဘောနဲ့ ပတန်ဂါစခန်းပေါင်းပြီး ဒီနေ့ မနက် ၃ နာရီအချိန်သွားစစ်ခဲ့ကြပါတယ်။
အဲဒီမှာစက်လှေတစီးကို ရပ်တန့်ဖို့အချက်ပြခဲ့ပေမယ့် ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် လိုက်လံတားဆီးခဲ့ရတာပါ။
အဲဒီစက်လှေကိုစစ်ဆေးရာမှ တန်ဖိုးတာကာ ၁၂ ကုဋေခွဲ (၁၂၅ သန်း)ခန့်ရှိ ယာဘဆေးပြားတွေနဲ့အတူ မူးယစ်မှောင်ခိုနှစ်ဦးကို လက်ဝယ်ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဆေးပြားတွေနဲ့ မူးယစ်မှောင်ခိုကူးရာမှာအသုံးပြုတဲ့ စက်လှေကိုသိမ်းထားပြီး တရားဥပဒေအရဆက်အရေးယူနေပါတယ်။












