Border News Agency
အမ်း၊ ဩဂုတ် ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာကို သြဂုတ်လ ၉ ရက်နေ့ည ၉ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားပါတယ်။
အဲဒီအမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာက အသက်ခြောက်ဆယ်ခုနှစ်နှစ်အရွယ်ဒေါ်မလေးငယ်နဲ့ အသက်နှစ်ဆယ်သုံးနှစ်အရွယ် မောင်မောင်ဉာဏ်သေဆုံးသွားပြီး အသက်ခုနှစ်နှစ်အရွယ် မပိုးဥပိုင်၊ အသက်သုံးဆယ်အရွယ်ဒေါ်စိုးနန္ဒလှိုင်၊ အသက်တဆယ့်ရှစ်နှစ်အရွယ် မောင်ထွန်းထွန်းဝင်းဒဏ်ရာရသွားသလို ကားငါးစီးလည်း ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ကရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေတာမို့ ပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။
















