Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး အမျိုးသမီးကဏ္ဍ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

Author picture

By

Swe Zin Htike
Reading Time: 4 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ သြဂုတ် ၉။

နမူနာဖြစ်စဉ် – ၁

မာရီဟာ အာဏာမသိမ်းခင်တုန်းက သာမန်အမျိုးသမီးငယ်တဦးပါ။ ဆန္ဒပြပွဲတွေမှာဝင်ပါရင်းကတဆင့် နောက်ပိုင်း သူမလည်း တော်လှန်ရေးနယ်မြေထဲရောက်လာပြီး တပ်ဖွဲ့ဝင်ဖြစ်လာပါတယ်။

သူမတို့အမျိုးသမီးတပ်ဖွဲ့တွေကို သင်တန်းပေးရတဲ့ဗိုလ်အဆင့်အမျိုးသမီးတဦးက လိင်စိတ်ခံယူမှုကွဲပြားသူဖြစ်နေပါတယ်။

အဲဒီကွဲပြားသူဗိုလ်အဆင့်အမျိုးသမီးက မာရီရဲ့ခန္ဓာကိုယ်ကို ထိတွေ့တာပွတ်သပ်တာမျိုးတွေက မာရီအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ မာရီငြင်းဆန်ရင် သူမကိုဒဏ်ပေးတဲ့အနေနဲ့ ထိုင်ထလုပ်ခိုင်းတာ၊ကွင်းကိုပတ်ပြေးခိုင်းတာမျိုးတွေ ရှိပါတယ်။

နမူနာဖြစ်စဉ် – ၂

မာရီလည်း နောက်ပိုင်း အဲဒီဗိုလ်အဆင့်အမျိုးသမီးနဲ့ အလိုက်အထိုက်နေရင်း အခွင့်အရေးရလာပါတယ်။ သူမဟာ သင်တန်းနည်းပြလက်ထောက်ဖြစ်လာပါတယ်။

မိသီဟာ နောက်ပိုင်း တော်လှန်ရေးအဖွဲ့ထဲရောက်လာသူဖြစ်ပါတယ်။ မိသီဟာ မဟုတ်မခံတတ်တဲ့သူလည်းဖြစ်ပါတယ်။ မိသီရဲ့ပေါ့ပေါ့ပါးပါးပုံစံကို မာရီဟာသဘောမတွေ့ပါဘူး။ မာရီဟာ သူမသင်တန်းကာလတလျှောက် သူမခံစားခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတိုင်း မိသီကိုခံစားစေပါတော့တယ်။

အဲဒီနမူနာဖြစ်စဉ်နှစ်ခုကိုကြည့်ရင် မာရီဟာ ကနဦးအစမှာတော့ သားကောင်(Victim)ဖြစ်ခဲ့ရသူပါ။ ဒါပေမယ့် သားကောင်အဖြစ်က လွန်ဆန်ခွင့်မရတဲ့အခါ အဲဒီစနစ်ထဲမှာအလိုက်သင့်နေရင်း မိသီကို ကျူးလွန်သူ(Perpetrator)ဖြစ်လာပါတယ်။

အဲဒီဖြစ်စဉ်နှစ်ရပ်စလုံးက လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရမှုနဲ့ စနစ်တခုရဲ့သားကောင်ပုံစံနှစ်ခုကို ပြနေပါတယ်။

တပ်ဖွဲ့အတွင်း လူ့ဂုဏ်သိက္ခာပျောက်ဆုံးခြင်း

မာရီဖြစ်စဉ်ဟာ”အင်စတီကျူရှင်းတခုရဲ့စနစ်အောက်ထဲမှာပဲ သားကောင်ဘဝကနေပြီး သူမလည်း အလားတူ ကျူးလွန်သူဖြစ်လာတဲ့(Victim who act as Perpetrator Cycle )ဖြစ်စဉ်ပါပဲ။

တပ်ဖွဲ့အတွင်းစိတ်ဒဏ်ရာတွေကို စီနီယာကနေ ဂျူနီယာဆီ လက်ဆင့်ကမ်းတဲ့၊ စိတ်ဒဏ်ရာနဲ့ချည်နှောင်တဲ့(Trau ma Bonding)ဖြစ်စဉ်ပါပဲ။

မာရီအတွက် ကိုယ်တိုင်ခံခဲ့ရတဲ့ဒဏ်ရာတွေနဲ့အပြုအမူတွေကို နောက်လိုက်တွေအပေါ် ပြန်ပြုမှုခြင်းဟာ စိတ်ပညာအရ ကျူးလွန်သူကို နမူနာယူခြင်းလို့လည်းခေါ်ဆိုပါတယ်။

မိမိကိုယ်ကို ကာကွယ်ဖို့အတွက်၊ ဒီစနစ်နဲ့ဒီတပ်ဖွဲ့ကို သစ္စာရှိပါတယ်ဆိုတာကိုပြဖို့အတွက် ထိပ်ပိုင်းကဖိနှိပ်သူအတိုင်း တခြားသူတွေအပေါ် ပြန်ပြုမှုတာပဲဖြစ်ပါတယ်။

စနစ်တခုထဲကရုန်းမထွက်နိုင်တဲ့ သားကောင်ပုံစံ

စစ်ဘက်ဆိုင်ရာသင်တန်းတွေမှာ အမိန့်နာခံတတ်မှုကို ရိုက်သွင်းတဲ့အခါသဘောတရားပိုင်းဟာ တရားနည်းလမ်းတကျ မှန်ကန်ဖို့လိုသလို လူဂုဏ်သိက္ခာကို လေးစားဖို့လည်းလိုပါတယ်။

အဲဒီလိုမဟုတ်ဘဲ လူကို လူလို့မသတ်မှတ်ဘဲ”ဘာမေးခွန်းမှထုတ်ခွင့်၊ဝေဖန်စစ်ကြောခွင့်မရှိ၊ငါတို့ပြောစကားနာခံ”ဆိုတဲ့ပုံစံမျိုးက ရေရှည်မှာ ရဲဘော်ရဲဖက်စိတ်နဲ့သစ္စာခိုင်ကြည်မှုကို ပျက်စီးစေတတ်ပါတယ်။

အဲဒီအတွက်အဆုံးသတ်ရလဒ်က ပြိုကွဲလှိုက်စားနေတဲ့တပ်ဖွဲ့၊ အထိအခိုက်များမယ့်တပ်ဖွဲ့ဖြစ်လာတာပါပဲ။

အဲဒါဟာ အာဏာပြမှုကို စနစ်နဲ့လက်ဆင့်ကမ်းလိုက်တဲ့အကျိုးဆက်ပါပဲ။ လက်နက်ကိုင်စစ်ဘက်ဆိုင်ရာသင်တန်းတွေမှာ”မေးခွန်းထုတ်ခွင့်မရှိ၊မဆိုင်းမတွအမိန့်နာခံရမယ်။”ဆိုတဲ့ တဖက်သတ်အာဏာပြစနစ်(Toxic Hierarchy)ကြောင့် အာဏာရှိသူက မတရားမှုတွေကိုတရားဝင်လုပ်ခွင့်ရလာပါတယ်။

လူ့ဂုဏ်သိက္ခာကိုချနင်းပြီး စစ်ပုံကျဖို့လိုတယ်ဆိုတဲ့ အစွန်းရောက်စိတ်မျိုးနဲ့ တဖက်သတ်ထိန်းချုပ်တဲ့စနစ်ဟာ တာဝန်ယူမှု၊တာဝန်ခံမှုပျောက်ဆုံးစေပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာ”ခံရသူက နောက်လာမယ့်သူကို ပြန်ကျူးလွန်တဲ့ယဥ်ကျေးမှုရှင်သန်မယ့် သံသရာဆိုး”ကိုဖန်တီးနေပါတယ်။

ကျား/မ ခံယူချက်အလိုက် သတိပြုရန်လို

အဲဒီစာစုထဲမှာ မီးမောင်းထိုးပြလိုက်တဲ့အချက်နှစ်ချက်ရှိပါတယ်။

ပထမအချက်က လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုလို့ပြောလာရင် အမျိုးသားတပ်ဖွဲ့ဝင်က အမျိုးသမီးတပ်ဖွဲ့ဝင်အပေါ် စော်ကားမှုတွေကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။

မာရီလို ဖြစ်စဉ်မျိုး၊တခြားလိင်စိတ်ခံယူမှုမတူသူတွေနဲ့တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးတွေကြားမှာလည်း ဖြစ်စဥ်တွေရှိနေနိုင်တာကို ဂရုမပြုမိတတ်ကြပါဘူး။

လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ကျား/ မဆိုင်ရာသတ်မှတ်မှုက အမျိုးသားတပ်ဖွဲ့ဝင်နဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်ဆိုပြီး ရုပ်ပိုင်းဆိုင်ရာရှေးရိုးစွဲသတ်မှတ်မှုကိုသာ ဆုတ်ကိုင်ထားတတ်ကြပါတယ်။

လိင်စိတ်ခံယူမှုအခြေအနေအပေါ်မှာ အကဲဖြတ်မှုကမရှိတတ်ပါဘူး။

အဲဒီလိုလိင်စိတ်ခံယူမှုအပေါ် အကဲမဖြ တ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့မူလအတွေးအမြင်ဟာ”မာရီလိုမျိုး အနိုင်ကျင့်ခံရတဲ့ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်စေဖို့အတွက် လမ်းခင်းပေးသလိုဖြစ်နေ”တာကိုလည်း သတိပြုဖို့လိုပါတယ်။

ဒုတိယအချက်က တပ်ဖွဲ့ဝင်တယောက်ချင်းစီရဲ့လိင်စိတ်ခံယူမှုကို အကဲဖြတ်ချက်ကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမိန့်အာဏာတည်ဆောက်မှုနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တရားနည်းလမ်းတကျထည့်သွင်းစဉ်းစားရမယ့်ကိစ္စကိုလည်း သတိပြုဖို့်လိုပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုဟာ အမျိုးသားက အမျိုးသမီးအပေါ် ပြုလုပ်တာလို့ပဲ ပုံသေတွက်ချက်တတ်တဲ့အခါဟာကွက်တွေရှိလာပြီး သားကောင်တွေလည်းပေါ်လာတတ်ပါ။

လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဟာ အမျိုးသား၊အမျိုးသမီးမရွေး၊လိင်စိတ်ခံယူမှုမရွေးဘဲ အာဏာအတန်းအစား(Power Dynamics)အပေါ် မူတည်ပြီး မည်သူမဆို ကျူးလွန်သူ ဒါမှမဟုတ် သားကောင်ဖြစ်သွားနိုင်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရမှုဟာ လက်နက်ကိုင်တပ်ဖွဲ့အာဏာစနစ်တည်ဆောက်မှုနဲ့လည်း ဆက်စပ်နေပါတယ်။

ဘယ်လိုဆက်စပ်နေလဲဆိုတာကို အောက်မှာ ဆွေးနွေးပြထားပါတယ်။

၁။စစ်ဘက်နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ “အထက်အမိန့်ကို မဆိုင်းမတွနာခံရမယ်။”ဆိုတဲ့ တင်းကျပ်တဲ့စည်းမျဉ်းနဲ့လည်ပတ်ကြတာဖြစ်ပါတယ်။

အာဏာစနစ်လွန်ကဲတဲ့အခါ ရာထူး၊အဆင့်မြင့်သူတွေက သူတို့ရဲ့အာဏာကို အလွှဲသုံးစားလုပ်ပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ၊ဖိနှိပ်တာတွေပြုလုပ်ဖို့ လွယ်ကူသွားစေပါတယ်။

၂။လက်နက်ကိုင်အဖွဲ့အစည်းအများစုမှာ အတွင်းရေးတိုင်ကြားမှုစနစ်တွေအားနည်းတာ ဒါမှမဟုတ် တိုင်ကြားသူကို ပြန်အရေးယူ၊ပစ်ပယ်လေ့ရှိကြပါတယ်။

“တပ်ဖွဲ့ရဲ့သိက္ခာ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာအမှုတွေကို ဖုံးဖိထားလေ့ရှိတာကြောင့် ကျူးလွန်သူတွေဟာ အပြစ်ပေးခံရခြင်းမရှိဘဲ ဆက်ကျူးလွန်ခွင့်ရနေတတ်ပါတယ်။

၃။လူအများစုက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို အမျိုးသားက အမျိုးသမီးအပေါ် ပြုလုပ်တာလို့ပဲ ထင်တတ်ကြပေမယ့် လက်တွေ့မှာတော့- အမျိုးသား၊အမျိုးသမီး၊လိင်စိတ်ခံယူမှုကွဲပြားသူအချင်းချင်းကြားမှာ အသွင်အပြင်မျိုးစုံနဲ့ ရှိနေတတ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ လိင်ပိုင်းဆိုင်ရာအလွှဲသုံးစားလုပ်မှုနဲ့စော်ကားမှုဆိုတာ ကျူးလွန်သူရဲ့လိင်ပိုင်းဆိုင်ရာခံယူမှုနဲ့အတူ “အာဏာလက်ဝယ်ရှိသူက အာဏာမဲ့သူအပေါ် ဖိနှိပ်မှု”နဲ့လည်း ဆိုင်နေပါတယ်။

အဲဒါကြောင့် အာဏာနဲ့လုပ်ပိုင်ခွင့်လက်ဝယ်ရှိလာပြီး စနစ်ရဲ့ထိန်းကျောင်းမှုမရှိတဲ့အခါ မည်သူမဆိုကျူးလွန်သူဖြစ်သွားနိုင်ပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို လျှော့ချနိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Code of Conduct)တွေကို တင်းကြပ်စွာ ကျင့်သုံးဖို့၊တိုင်ကြားသူကို ကာကွယ်ပေးနိုင်တဲ့ သီးခြားလွတ်လပ်တဲ့တိုင်ကြားရေးစနစ်တွေထူထောင်ပေးဖို့နဲ့လူ့ဂုဏ်သိက္ခာကို လေးစားတဲ့သင်တန်းပေးမှုစနစ်တွေ အထူးလိုအပ်ပါတယ်။

၄။လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အထက်ကအောက်ကို အာဏာစီးဆင်းတဲ့အင်စတီကျူးရှင်းတွေဖြစ်ပါတယ်။

အဲဒီလို အာဏာအထက်အောက်စီးဆင်းတဲ့အင်စတီကျူးရှင်းတွေမှာ ကျူးလွန်သူတွေဟာ မိမိထက်ရာထူး၊အဆင့်အတန်း၊အခွင့်အာဏာနိမ့်ကျသူကို ပစ်မှတ်ထားလေ့ရှိပါတယ်။ ဘာကြောင့်ဆိုရင် အာဏာမဲ့သူ၊အာဏာနှိမ့်သူတွေမှာပြန်တုံ့ပြန်ဖို့၊ပြန်ငြင်းဆန်ဖို့ ခက်ခဲတတ်လို့ပါ။

အဲဒါကြောင့် အထက်ကိုလည်း မတိုင်ကြားရဲကြပါဘူး။ တိုင်ကြားရင်လည်း ရာထူးတိုးရေး၊အလုပ်အကိုင် ဒါမှမဟုတ် အပြစ်ဒဏ်နဲ့အသက်အန္တရာယ်ထိ ခြိမ်းခြောက်မှုရှိနေပါတယ်။

၅။စိတ်ပညာသဘောတရားအရ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့သင်တန်းတွေ၊စီမံခန့်ခွဲမှုဖြစ်စဉ်တွေဟာ လုပ်ငန်းစဉ်သဘောတရားအပေါ် အသိပညာဖြန့်ဝေတာ၊ကျွမ်းကျင်မှုရှိအောင်လေ့ကျင့်တာမျိုးထက်”ထိန်းချုပ်စိစစ်လိုမှု”က ရှေ့ရောက်နေတတ်ပါတယ်။

ကိုယ့်လက်အောက်ငယ်သားရဲ့ခန္ဓာကိုယ်၊စိတ်ဓာတ်နဲ့လွတ်လပ်ခွင့်တို့ကို စိတ်ကြိုက်ထိန်းချုပ်စီမံနိုင်ကြောင်းပြသလိုတဲ့စိတ်ဓာတ်လွန်ကဲနေတတ်ပါတယ်။

အဲဒီအနေအထားမှာ အဏာရှိသူက အာဏာမဲ့သူအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်မှုတွေ ရှိလာတတ်ပါတယ်။

မာရီဖြစ်စဉ်မှာ သင်တန်းနည်းပြအမျိုး သမီးဗိုလ်ဟာ လိင်ပိုင်းဆိုင်ရာထိပါးတာကို ငြင်းဆန်ပါက ဒဏ်ပေးတာမျိုးဟာ အာဏာနဲ့ထိန်းချုပ်မှုကို လိင်စိတ်ဆန္ဒအတွက် အလွှဲသုံးစားလုပ်မှုလည်းဖြစ်ပါတယ်။

မာရီက မိသီကို လုပ်တာကျတော့”မာရီဟာ စနစ်ထဲစဝင်စဉ်က သားကောင်ဖြစ်ခဲ့ပေမယ့် ရုန်းမထွက်နိုင်တဲ့အပြင် ထိုစနစ်ထဲမှာပဲ ဆက်လက်ရှင်သန်ဖို့အတွက်”ဒီစနစ်မှာ အာဏာရှိသူက ဖိနှိပ်ခွင့်ရှိတယ်။နိမ့်ပါးသူကခံရမယ်။”ဆိုတဲ့ နည်းလမ်းကိုလက်ခံမှု(Internalize)ဖြစ်သွားတာဖြစ်ပါတယ်။

သူမအတွက်တော့ ဒီအပြုအမူဟာ စနစ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်(Normalized behavior)လို့ ရိုက်သွင်းခံလိုက်ရပါတယ်။

အဲဒါကို စနစ်ကပေးတဲ့၊အဖွဲ့အစည်းက ပေးလိုက်တဲ့စိတ်ဒဏ်ရာ(Trauma)အဖြစ်မြင်ဖို့လိုပါတယ်။

မိသီရဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့ပုံစံ၊မဟုတ်မခံစိတ်တွေကို မာရီသဘောမတွေ့တာဟာ “ငါတုန်းကတောင် ဒီလိုစနစ်မှာဒုက္ခခံခဲ့ရတာ၊နင်လည်းခံရမယ်။” ဆိုတဲ့ မလိုမုန်းထားမှုနဲ့အာဏာသုံးပြီး ထိန်းချုပ်လိုစိတ်ကြောင့် ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့မှ လူ့အဖွဲ့အစည်းတခုလုံး အပေါ် သက်ရောက်မှု

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူ့အဖွဲ့အစည်းထဲမှာ သူတို့ကိုယ် သူတို့စည်းကမ်းနဲ့ကျင့်ဝတ်ပိုင်းမှာစံပြအဖြစ် ဘဝင်စိတ်ရှိကြပါတယ်။

ပဋိပက္ခနဲ့စစ်ပွဲကာလတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အခန်းဂဏ္ဍာဟာ လူ့အဖွဲ့အစည်းမှာ ရှေ့ကိုရောက်လာတတ်ပါတယ်။

အဲဒီဘဝင်စိတ်အခံက လက်နက်ကိုင်အဖွဲ့အစည်းကလည်း သူကိုယ်သူ့စံပြအဖြစ် အတော်ဆုံးအဖြစ်နှလုံးသွင်းမိတတ်ပြီး လူ့အဖွဲ့အစည်းကလည်း အဲလိုလက်ခံထားတတ်ကြပါတယ်။

အဲဒါကလူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြားက စိတ်ပညာဆိုင်ရာဆက်စပ်မှုလည်းဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ထဲက အပြုအမှုတွေဟာ ပဋိပက္ခကာလ၊စစ်ပွဲကာလတွေမှာ လူ့အဖွဲ့အစည်းကို ပိုမိုလွှမ်းမိုးတတ်ပါတယ်။

အဲဒီလိုအနေအထားမျိုးမှာ လက်နက်ကိုင်တပ်ဖွဲ့ထဲက တာဝန်ရှိသူတွေရဲ့အမျိုးသမီးတွေအပေါ် ရုပ်ဝတ္ထုအဖြစ်သာသာမြင်မှုတွေဟာ လူ့အဖွဲ့အစည်းကို ပြန်ကူးစက်လာတတ်ပါတယ်။(ဒါတွေကို နားလည်ရင် လက်ရှိ ရခိုင်လူ့ အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေကို လူလို့မထင်တဲ့ကိစ္စတွေ၊ပြန်လုပ်နိုင်စွမ်းမရှိသူတွေအပေါ် လူ့ဂုဏ်သိက္ခာမဲ့စေတဲ့အပြုအမှုတွေ ဟိုတစသည်တစပေါ် လာတာဟာလည်း သိပ်မထူးဆန်းဘူးဆိုတာမြင်သာပါလိမ့်မယ်။)

ဆက်ရန်…

ကိုးကား..

အမေရိကန်စစ်ပြန်ဌာနမှထုတ်ဝေတဲ့တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာ

https://www.mentalhealth.va.gov/msthome/?hl=en-GB

ကျင့်ဝတ်အပေါ် အဖွဲ့အစည်းလိုက်သစ္စာဖောက်မှု

https://www.institutionalcourage.org/institutional-betrayal?hl=en-GB

အာဏာလွန်ကဲမှု အလေ့အထ

https://www.prisonexp.org/?hl=en-GB

လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်းဂျင်ဒါဆိုင်ရာပြုပြင်ပြောင်းလဲရေး၊ကျင့်ဝတ် (Code of Conduct)နဲ့ တိုင်ကြားရေးစနစ်တွေအကြောင်း လမ်းညွှန်ချက်တွေ

https://www.dcaf.ch/gender-and-security?hl=en-GB

စစ်ဘက်နဲ့ဂျင်ဒါဆိုင်ရာ

https://www.ucpress.edu/books/maneuvers/paper?hl=en-GB

ကာကွယ်ရေးဌာနနဲ့ စိတ်ပညာ

Defense Mechanisms In Psychology Explained (+ Examples)

စိတ်ဒဏ်ရာကို ကုစားခြင်း

https://onlinelibrary.wiley.com/doi/full/10.1046/j.1440-1819.1998.00395.x?hl=en-GB
PrevPreviousဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ
Nextအမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရNext
Previous Post

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

Next Post

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ -  သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတွေသေဆုံးခဲ့ရပုံ (အာရက္ခတပ်တော်)

အာရက္ခဒေသမှာ သုံးလအတွင်းအာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဆယ်ဦးသေဆုံး

September 23, 2026

ဂျူးမားဇီပိုင်းယား(သို့မဟုတ်)အမေဇုန်တောကို ကာကွယ်သူ

September 18, 2026
ဓာတ်ပုံ -​ ဂျိုဟိုး လူဝင်မှုကြီးကြပ်ရေး

မလေးရှားမှာ မြန်မာခုနှစ်ဦးအပါအဝင် ပြည့်တန်ဆာဂိုဏ်းဖမ်းခံရ

September 17, 2026

ဒက်စတိုပီးယန်းဘဝတွေ-နိဂုံး

September 16, 2026

ပလက်ဝမှာ ခရိုင်ပါတီကော်မတီနဲ့ ခရစ်ယာန်အသင်းတော်တွေ တွေ့

ကောလင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

ထိုင်းနိုင်ငံ ချောင်းဝတ္ထနမှာ မိုးသည်းထန်းစွာရွာပြီး ရေကြီးနေ

မင်းဘူးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသုံးဦး အလင်းဝင်

တရုတ်အပေါ် မှီခိုနေတာမရှိဘူးလို့ စစ်ခေါင်းဆောင်ဆို

MNDAA နဲ့ အာဏာသိမ်းစစ်တပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နယ်စပ်ဂိတ်ဖွင့်ရေးဆွေးနွေး

Releated Post

​ဓာတ်ပုံ - Paletwa Times

ပလက်ဝမှာ ခရိုင်ပါတီကော်မတီနဲ့ ခရစ်ယာန်အသင်းတော်တွေ တွေ့

September 25, 2026
ဓာတ်ပုံ - ကောလင်းမြို့နယ် ပအဖ

ကောလင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

September 25, 2026
​ဓာတ်ပုံ - Royal Thai Army

ထိုင်းနိုင်ငံ ချောင်းဝတ္ထနမှာ မိုးသည်းထန်းစွာရွာပြီး ရေကြီးနေ

September 25, 2026
​ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း

မင်းဘူးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသုံးဦး အလင်းဝင်

September 25, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

တရုတ်အပေါ် မှီခိုနေတာမရှိဘူးလို့ စစ်ခေါင်းဆောင်ဆို

September 25, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

MNDAA နဲ့ အာဏာသိမ်းစစ်တပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နယ်စပ်ဂိတ်ဖွင့်ရေးဆွေးနွေး

September 25, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page