Border News Agency
နေပြည်တော်၊သြဂုတ် ၁၀။
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးသံတမန်ခန့်အပ်ဖို့မလိုတော့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေးတောင်းဆိုချက်ကို အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၀ ရက်၊ဒီနေ့မှာ ငြင်းပယ်လိုက်ပါတယ်။
အာဆီယံဘက်မှဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့နဲ့ အထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုဖို့ သြဂုတ်လ ၇ ရက်နေ့ကတောင်းဆိုခဲ့တာပါ။
အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးထားပြီးဖြစ်လို့ ခြွင်းချက်မရှိလွှတ်ပေးရေးမှာ ဥပဒေအတိုင်းသာဆောင်ရွက်မယ်လို့ တုံ့ပြန်ထားပါတယ်။
အဲဒီပြင်ရွေးကောက်ပွဲပြုလုပ်ပြီးစီးခဲ့ပြီဖြစ်လို့ အာဆီယံအထူးသံတမန်ထပ်မံခန့်အပ်ဖို့မလိုတော့ကြောင်း အာဏာသိမ်းစစ်တပ်ကပြောဆိုထားသလို အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ကိုလည်း စစ်တပ်ရဲ့ လွှတ်တော်က ငြင်းပယ်ထားပါတယ်။
အသက်ဆယ်ရှစ်တနှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ဆယ့်ရှစ်နှစ် ပြစ်ဒဏ်ကျခံနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ICRC ကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။








