Border News Agency
မုံရွာ၊ သြဂုတ် ၉။
မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၉ ရက်နေ့၊ မနက် ၈ နာရီအချိန်ထုတ်ပြန်ပါတယ်။
အဲဒီမုံရွာမြို့မှာ ချင်းတွင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ပေဝက်ကျော်ရောက်နေပြီး နောက်တရက်အတွင်းပေဝက်ခန့်တက်လာနိုင်တာမို့ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် မုံရွာမြို့နယ်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာကိုရှောင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊ မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင် တောင်မြေပြိုတာတွေ၊ လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊ အဆောက်အအုံတွေ ပျက်စီးတာတွေလည်းဖြစ်နေပါတယ်။










