Border News Agency
ဘားအံ၊သြဂုတ် ၉။
ဘားအံမြို့မှာသံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၉ ရက်နေ့၊မနက် ၈ နာရီအချိန်ထုတ်ပြန်ပါတယ်။
အဲဒီဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်ဟာပေဝက်ခန့်ရောက်နေပြီး နောက်တရက်အတွင်းသုံးလက်မခန့်ထပ်တက်လာနိုင်တာမို့ စိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘားအံမြို့နယ်ရှိမြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေရေ ဘေးလွတ်ရာကိုရှောင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင် တောင်မြေပြိုတာတွေ၊လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊အဆောက်အအုံတွေ ပျက်စီးတာတွေလည်းဖြစ်နေပါတယ်။










