Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၂၇။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်း စက်တင်ဘာလ ၂၇ ရက်၊မနက်ပိုင်းမှစလို့ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် ကျေးရွာအများအပြားမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားနေပါတယ်။
အဲဒီမိုးရွာသွန်းမှုကြောင့် ကဒက်ငယ်ဆိပ်ကျေးရွာနဲ့ ကညုံကျွန်းကျေးရွာတွေမှာ ဒီနေ့မနက် ၆ နာရီခွဲခန့်မှစလို့ ရေမြင့်တက်လာခဲ့ပြီးနေအိမ်တွေနဲ့ လမ်းမတွေရေဖုံးလွှမ်းသွားခဲ့တာပါ။
အဲဒီအပြင် လောင်းလုံးမြို့နယ်၊ကရင်ကြီးကျေးရွာမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး အခြေအနေဆိုးရွားနေပါတယ်။
အဲဒီရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဒေသခံတွေသွားလာရေးခက်ခဲနေပြီး ထိခိုက်ခံစားနေရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။


















