Border News Agency
ခင်ဦး၊ ဩဂုတ် ၉။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေတက်နေပြီး ကျေးရွာတဆယ့်ကိုးရွာအရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ အရေးပေါ်စားဝတ်နေရေး၊ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတာပါ။
အဲဒီခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ တာတိုင်၊ဇီးတော၊လက်ပံကွက်၊သက်ပေး၊မူးသာ၊ရွာသစ်၊သက်သာပန်းတောင်း၊အင်တိုင်း(တောင်/မြောက်)၊သရက်ပင်စု၊ရွာသစ်ကုန်း၊အင်းပတ်၊အောင်ချမ်းသာ၊မကျီးအုပ်၊ယာတော်၊မြင်းဒေါင်း၊ကျွန်းတောလေး(ဥယျာဉ်)၊ကျွန်းဝောာကြီး၊သာဝတ္ထိနဲ့ မုံလှစတဲ့ကျေးရွာတွေ ရေဘေးသင့်နေကြပါတယ်။
အဲဒီခင်ဦးမြို့နယ် အနောက်ခြမ်း မူးတိမ်ချောင်းရေကျိုးကျပြီးရေတွေဝင်နေသလို မိုးအဆက်မပြတ်ရွာနေတာမို့ စပါးပျိုးခင်းတွေနဲ့ သီးနှံစိုက်ခင်းတွေရေတွေဝင်နေပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊ မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင် တောင်မြေပြိုတာတွေ၊ လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊ အဆောက်အအုံတွေ ပျက်စီးတာတွေလည်းဖြစ်နေပါတယ်။




















