Border News Agency
တနင်္သာရီတိုင်း၊စက်တင်ဘာ ၂၇။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ နာမည်ကြီးမောင်းမကန်ကမ်းခြေမှာ စက်တင်ဘာလ ၂၇ ရက်၊ဒီနေ့ မနက်က ပင်လယ်ရေအရောင်မှာ ပုံမှန်မဟုတ်ဘဲ နောက်ကျိကာ အရောင်ပြောင်းလဲနေတဲ့အတွက် ဒေသခံတွေနဲ့ခရီးသွားတွေစိုးရိမ်ပူပန်နေကြပါတယ်။
ဒေသတွင်းမိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ကုန်းဘက်မှနုန်းမြေနဲ့ မြေနီရေတွေပင်လယ်အတွင်းသို့စီးဝင်ကာ ပင်လယ်လှိုင်းတံပိုးတွေနဲ့အတူ ရေအရောင်ပြောင်းလဲနေတာဖြစ်ပါတယ်။
လက်ရှိမှာ ရာသီဥတုဆိုးရွားမှုနဲ့အတူ ပင်လယ်လှိုင်းကြီးနိုင်တဲ့အတွက် ကမ်းခြေသို့လာရောက်လည်ပတ်သူတွေနဲ့ ဒေသခံတွေအနေနဲ့ ရေကူးတာ၊ ငါးဖမ်းလှေတွေထွက်တာကို သတိပြုကြဖို့တာဝန်ရှိသူတွေကအသိပေးထားပါတယ်။

















