Border News Agency
စစ်ကိုင်း၊ သြဂုတ် ၁၀။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ ဩဂုတ်လ ၁၀ ရက်၊ ဒီနေ့ ရာသီဥတုသာယာလာတာကြောင့် မူးမြစ်ရေ သိသိသာသာပြန်ကျလာနေပါတယ်။
ဒါပေမယ့်ကျေးရွာတွေအတွင်း ရေကျန်ရှိနေသေးတာကြောင့် ဒေသခံတွေ ရွာပြန်မနေနိုင်သေးဘဲ ဒီနေ့ဆိုရင်ငါးရက်မြောက်အထိ ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
ခင်ဦးနယ်အနောက်ခြမ်းရှိတာတိုင်၊ ဇီးတော၊ ကျွန်းတောကြီး အပါအဝင် ကျေးရွာနှစ်ဆယ်ခန့် ရေနစ်မြုပ်ခဲ့ပြီး ကျွန်းတောကြီးရွာမှ အမျိုးသမီးတဦးလည်း သေဆုံးခဲ့ပါတယ်။
ခုလက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေသလို ရွာထဲပစ္စည်းပြန်ယူသူတွေအနေနဲ့ မြွေအပါအဝင် အဆိပ်ရှိသတ္တဝါတွေကို သတိပြုကြဖို့ ဒေသခံသတင်းအဖွဲ့က သတိပေးထားပါတယ်။











