Border News Agency
နေပြည်တော်၊ သြဂုတ် ၁၀။
နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌမစ္စတာဆာဆာကာဝါဟာ သြဂုတ်လ ၁၀ ရက်၊ဒီနေ့တွေ့ကြပါတယ်။
အဲဒီဆာတာကာဝါက မြန်မာ့ငြိမ်းချမ်းရေးအတွက် အကူအညီတွေပေးမယ်လို့ပြောဆိုခဲ့သလို လေးမျက်နှာမြို့နယ်ရေဘေးပြန်ထူထောင်ရေးအတွက်လည်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်တွေမှာ ငလျင်ဘေးဒဏ်ခံနိုင်တဲ့အဆောက်အဦးတွေ ဆောက်လုပ်ခြင်းဆိုင်ရာဘာသာရပ်တွေ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းကူညီပေးသွားမယ်လို့ ဆိုပါတယ်။










