Border News Agency မော်လိုက်၊ ဖေဖော်ဝါရီ ၄။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။
Read moreBorder News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၄။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ Call Center ဂိုဏ်းအတွက်ငွေထုတ်ပေးနေတဲ့ အမျိုးသားတဦးကို ATM စက်ရှေ့မှာတင် လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၅ နယ်မြေရဲတပ်ဖွဲ့ (PCT 5) က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒိိီချင်းမိုင်ခရိုင်၊ ဆန်ဆိုင်း (San Sai) မြို့နယ်ရှိ စက်သုံးဆီဆိုင်တခုမှာ သံသယရှိသူနိုင်အတ်စဝင်း (Mr. Atsawin) ဆိုသူက ATM စက်ကနေငွေထုတ်ယူနေစဉ် ရဲတပ်ဖွဲ့ကစောင့်ကြည့်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ ငွေသား ၄၉,၉၀၀ ဘတ်၊ လက်ကိုင်ဖုန်းနဲ့ အခြားသက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိသူရဲ့ဝန်ခံချက်အရ သူဟာတရုတ်အကြီးအကဲ (Chinese Bosses) တွေရဲ့ခိုင်းစေမှုကြောင့် Telegram ကနေတဆင့်ချိတ်ဆက်ကာ ဘဏ်ကတ်မလိုဘဲငွေထုတ်တဲ့စနစ် (Cardless Withdrawal) နဲ့ ငွေထုတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို ငွေထုတ်ပေးပြီးနောက် အခြားဘဏ်စာရင်းတခုဆီ ပြန်လည်လွှဲပြောင်းပေးရတာဖြစ်ပြီး အဲဒီလုပ်ငန်းအတွက် တရက်ကို လုပ်ခ ၃,၀၀၀ ဘတ်ရရှိတယ်လို့ သူကဝန်ခံထားတယ်လို့ သိရပါတယ်။ သူရဲ့ဖုန်းကို စစ်ဆေးရာမှာတော့ ငွေထုတ်ဖို့ခိုင်းစေထားတဲ့ အွန်လိုင်းအဖွဲ့ပေါင်းများစွာကိုတွေ့ရှိခဲ့ရပြီး အမှုပေါင်း ၁၀ ခုထက်မနည်းမှာ ပါဝင်ပတ်သက်နေတာကိုရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီတရားခံကို တရားမဝင်လျှို့ဝှက်အဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မှု (Ang-Yi) စတဲ့ ပုဒ်မတွေနဲ့အမှုဖွင့်ပြီး မဲ့ဂျိုး (Mae Jo) ရဲစခန်းမှာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ဘဏ်စာရင်းတွေကို သူတပါးကိုအငှားဖွင့်ပေးတာ ဒါမှမဟုတ် ငွေထုတ်ပေးတာမျိုးတွေမလုပ်ကြဖို့နဲ့ ကျူးလွန်မိပါက ပြင်းထန်တဲ့ဥပဒေအရ အရေးယူမှုတွေခံရနိုင်တယ်လို့ အမှတ် ၅ နယ်မြေရဲတပ်ဖွဲ့က အထူးသတိပေးထားပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၄။ ထိုင်းနိုင်ငံ၊ ကမ်ဖဲန်းဖက်ခရိုင် (Kamphaeng Phet) အတွင်းမှာ ဖေဖော်ဝါရီလ ၄ ရက်၊ မနက်အစောပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီး အသက်ဆယ့်ကိုးနှစ်အရွယ်လူငယ်တဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။ အဲဒီကမ်ဖဲန်းဖက်မြို့၊ နိုင်မောင်းရပ်ကွက်ရှိ နေအိမ်တအိမ်ရှေ့မှာ မနက်၂ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ်ဖဲန်းဖက်မြို့မရဲစခန်းမှူး ရဲမှူးကြီးဆုမ်ကဆမ် ကျာရတ် (Pol. Col. Somkasem Jarak) နဲ့ အဖွဲ့ကအခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ အသက်ဆယ့်ကိုးနှစ်အရွယ် မစ္စတာမုန်ကွန်းချန်အင် (Mr. Mongkol Jan-im) ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်နံဘေးမှာ ကျည်ထိမှန်ဒဏ်ရာပြင်းထန်တာကြောင့် ကမ်ဖဲန်းဖက်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးရုံရောက်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဒီပစ်ခတ်မှုဟာ လူငယ်အချင်းချင်းအငြှိုးအတေးရှိရာကနေ စကားများရန်ဖြစ်ပြီးနောက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ယူဆထားပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ကအနီးကပ်လိုက်လံစုံစမ်းခဲ့ရာမှာ ပါဝင်ပတ်သက်သူလူငယ်လေးဦးကို သက်သေခံလက်နက်တွေနဲ့အတူ ဒီနေ့နေ့လည်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ အသက်ဆယ့်ငါးနှစ်ကနေ ဆယ့်ခုနှစ်နှစ်အတွင်းရှိ လူငယ်တွေဖြစ်ကြပြီး သူတို့နဲ့အတူအမှတ်စဉ်မပါတဲ့ လက်လုပ်ပြောင်းတိုသေနတ်တလက်၊ ကျည်ဆန်သုံးတောင့်နဲ့ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။ သူတို့ဟာ အရင်ကတည်းကအငြှိုးအတေးရှိတာကြောင့် စကားများရန်ဖြစ်ရာကနေ နောက်ထပ်လူတစုကလာရောက်ကူညီပြီး ကလဲ့စားချေပစ်ခတ်ခဲ့တာလို့ ထွက်ဆိုထားကြပြီး လက်ရှိမှာတော့ သူတို့ကိုကြိုတင်ကြံစည်မှုနဲ့ လူသတ်မှုအပါအဝင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်မှာ ဇီးသီးခူးဖို့အတွက် ရွာအနောက်ဘက်မှာရှိတဲ့ ချောင်းကိုဖြတ်ကူးနေချိန် ရေနစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီနောက် ရွာသားတွေကသူတို့နှစ်ဦးကို ရှာဖွေခဲ့ကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီခွဲခန့်အချိန်မှာ ကမ်းနဲ့မီတာ ၁၀၀ ဝေးတဲ့ဂေါ်ဒူသာရချောင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့နေ့လည်ပိုင်းမှာ င်္သဂြိုဟ်သွားမယ်လို့ မိသားစုတွေက ဆိုကြပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်ကကလေးငယ်တွေနဲ့ စိတ်ဝေဒနာခံစားနေရသူတွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြည့်ရှုကြဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency မိုးညှင်း၊ ဖေဖော်ဝါရီ ၄။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာရှိတဲ့ ဟဲပါးကျေးရွာစစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အဲဒီအင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့လပိုင်းကတည်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ (SNA) တပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်ကာ ဟဲပါးစခန်းကိုသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်ရဲ့ လုံးတုံးစခန်းနဲ့ နမ့်မွန်းတောင်ပေါ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလို တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်ကြီးဒေသရှိ ကျေးရွာအများအပြားကဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲကို တိမ်းရှောင်နေကြရပြီး ဖုန်းနဲ့ အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော် - ဗန်းမော် လမ်းပိုင်းအပါအဝင်အဓိက လမ်းမကြီးအချို့မှာလည်း လမ်းပန်းဆက် သွယ်ရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဘက်က အရပ်သားတွေနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေလည်း သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၄။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ကို ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကနေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံစဉ်အတွင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ အောင်မြင်ခဲ့ကြောင်းနဲ့ လာမယ့်မတ်လတတိယပတ်အတွင်းမှာ လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကလည်း မြန်မာနိုင်ငံမှာအခက်အခဲတွေကြားက ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို အသိအမှတ်ပြုကြောင်းနဲ့ ရုရှားသမ္မတ ပူတင်ကပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာကို လာရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရုရှားအပါအဝင် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေတက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ့် ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနှစ်နိုင်ငံကြား Cyber security နဲ့ Information security ဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် စီးပွားရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အာကာသနည်းပညာနဲ့ ပညာရေးကဏ္ဍတွေမှာပါ ပူးပေါင်းဆော င်ရွက်မှုတွေတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
Read moreနိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပြင်ဆင်တဲ့ဥပဒေကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ အဲဒီပြင်ဆင်ချက်ဟာ နေအိမ်သို့ ဝင်ရောက်ရှာဖွေတာ၊ ပစ္စည်းသိမ်းဆည်းတာ သို့မဟုတ် လူပုဂ္ဂိုလ်ကိုရှာဖွေဖမ်းဆီးဆောင်ရွက်ရာမှာအနည်းဆုံး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသို့မဟုတ် တာဝန်ခံနှစ်ဦးနဲ့အတူဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အဲဒီအပြင်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ချက်ရှိပါက ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ နောက်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်အရ ဆောင်ရွက်ရသူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်းတစုံတရာ မရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။ အဲဒီအပြင် နိုင်ငံတော်သမ္မတသို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီကိစ္စရပ်တွေကို ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီပြင်ဆင်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်တာလို့ဆိုပါတယ်။ အဲဒီဥပဒေပြင်ဆင်ချက်ဟာထုတ်ပြန်တဲ့နေ့မှစပြီး အာဏာတည်မှာဖြစ်သလို နိုင်ငံတော်အခြေအနေအရ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေဖို့ ဆောင်ရွက်တာလို့လည်းဆိုပါတယ်။
Read more၂၀၂၅ ခုနှစ်အတွင်း အပိုင်းလိုက်ခွဲခြားကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ အဲဒီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၇၃၉ ဦးနဲ့ အများဆုံး အနိုင်ရရှိထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ဦးနဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၃၉ ဦးစီ အသီးသီး အနိုင်ရရှိထားပါတယ်။ အဲဒီထဲနိုင်ငံရေးပါတီတွေဖြစ်တဲ့ ပြည်သူ့ပါတီက ၃၀ ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀ ဦးနဲ့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁၈ ဦးတို့လည်း လွှတ်တော်အသီးသီးအတွက် ရွေးကောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦးနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၇ ဦးဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲပြီး မဲဆန္ဒနယ်ပေါင်း ၆၈၈ နယ်မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။ အဲဒီအပြင် ဇိုမီးအမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် အခြားသော တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။ အဲဒါဟာ FPTP နဲ့ PR စနစ်နှစ်မျိုးစလုံးကို အသုံးပြုပြီး မဲဆန္ဒနယ်အလိုက် ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးအတည်ပြုစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တာဖြစ်ပါတယ်။
Read moreအာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် - ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။
Read moreHey! Don't Copy my content.