Border News Agencyအီရန်၊ မတ် ၁။ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ကြီး ခါမေနီနဲ့အတူ ကာကွယ်ရေးဝန်ကြီးအပါအဝင် စစ်ဘက်အရာရှိကြီးတွေ အများကြီး သေဆုံးသွားပြီလို့ အစ္စရေးဘက်က မတ်လ ၁ ရက်၊ ဒီနေ့မှာ နာမည်စာရင်းတွေနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးက...
Read moreBorder News Agencyပုလော၊ မတ် ၁။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ထုတ်ပြန်ပါတယ်။ ပုလောမြို့နယ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား...
Read moreBorder News Agencyရန်ကုန်၊ မတ် ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒုတိယဗဟိုကော်မတီဟာ ကြားကာလသတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom မှတဆင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ...
Read moreBorder News Agencyအဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၈။ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ လူနေရပ်ကွက်တခုအတွင်းသို့ အီရန်နိုင်ငံမှပစ်လွှတ်လိုက်တဲ့ ပစ်စင်ဒုံးကျည်အစအနတွေကျရောက်ပေါက်ကွဲလို့ အာရှနိုင်ငံသားတဦးသေဆုံးသွားခဲ့တယ်လို့ ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ ယူအေအီး လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အဲဒီဒုံးကျည်ကို ကောင်းကင်ယံမှာတင်ထိရောက်စွာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာကြောင့် ပိုမိုကြီးမားတဲ့ဘေးအန္တရာယ်ဆိုးကြီးကို ဟန့်တားနိုင်ခဲ့တာဖြစ်တယ်လို့...
Read moreBorder News Agencyတီဟီရန်၊ ဖေဖော်ဝါရီ ၂၈။ အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဒေါသတကြီးဟိန်းဟောက်သံ (Epic Fury) လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကြီးကိုစတင်လိုက်ပြီး အီရန်နိုင်ငံရဲ့ အချက်အခြာကျတဲ့နေရာတွေကို အပြင်းအထန်လေကြောင်းကနေ တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြို့တော်တီဟီရန်မှာရှိတဲ့...
Read moreBorder News Agencyအဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၈။ အီရန်နိုင်ငံကပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အစအနတွေဟာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အာရှနွယ်ဖွားအရပ်သားတဦး သေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အီရန်ကဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ရာကနေ နောက်ဆက်တွဲဖြစ်ပွားခဲ့တာ...
Read moreBorder News Agencyအစ္စရေး၊ ဖေဖော်ဝါရီ ၂၈။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီယာဟာတာမီသေဆုံးသွားပြီလို့ Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် စစ်ဆင်ရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲနေချိန်မှာ အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့...
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၈။ ထိုင်း-မြန်မာနယ်စပ်၊ ချင်းဒိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၅ သန်းခွဲနီးပါးနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ် ဖာမိူင်းစစ်ကြောင်း (Pha Muang Force) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ နယ်စပ်သဘာဝလမ်းကြောင်းကနေ မူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်ဆိုတဲ့သတင်းကြောင့် အာရုနိုထိုင်းရွာအနီးမှာ ထိုင်းစစ်တပ်ကကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်မှာ လူ ၂၀ ကျော်ပါတဲ့အဖွဲ့က ပစ်ကပ်ကားပေါ်ကို မူးယစ်ဆေးအထုပ်တွေ တင်နေတာကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အာဏာပိုင်တွေက ဝိုင်းဝန်းပိတ်ဆို့စစ်ဆေးဖို့ကြိုးစားချိန်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေဟာ ထွက်ပြေးလွတ်မြောက်သွားကြပြီး လမ်းပြအဖြစ်ယူဆရတဲ့ အာဘေးဆိုသူတစ်ဦးကိုသာ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့သယ်လာတဲ့ ကျောပိုးအိတ်တွေထဲကနေ စိတ်ကြွဆေးပြား ၅,၄၆၀,၀၀၀ ပြားနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ တရားခံနဲ့မူးယစ်ဆေးဝါးတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာမောင်းဏ(Muang Na) ရဲစခန်းကို လွှဲပြောင်းအပ်နှံထားပြီလို့ သိရပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၂၈။ NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန်နဲ့ပတ်သက်တဲ့ အမှုကိစ္စကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရပ်တန့်ထားခဲ့တဲ့ CDM ကျန်းမာရေးကွန်ယက်ဟာ ဖေဖော်ဝါရီလ၂၇ ရက်နေ့မှာ အဲဒီကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။ အဲဒီကွန်ယက်ဘက်ကတောင်းဆိုထားတဲ့ အချက် ၆ ချက်အပေါ် NUG အစိုးရဘက်က အတတ်နိုင်ဆုံးကိုက်ညီအောင် လိုက်နာဆောင်ရွက်ပေးခဲ့သလို၊ နွေဦးတော်လှန်ရေးရဲ့ အဓိကထောက်တိုင်ဖြစ်တဲ့ CDM တွေရဲ့အခန်းကဏ္ဍကို အလေးထားလက်တွဲသွားမယ်လို့ ကတိပြုခဲ့တာကြောင့် အခုလို ပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ NUG အစိုးရအနေနဲ့ CDM တွေနဲ့ ပြည်သူ့အသံကိုအလေးထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့အပေါ် CDM ကျန်းမာရေးကွန်ယက်က ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းနဲ့ ရပ်တန့်ထားတဲ့လုပ်ငန်းစဉ်တွေကို အမြန်ဆုံးပြန်လည်စတင်သွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အာဏာရှင်စနစ်အပြီးတိုင်ပပျောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် CDM တွေနဲ့ အစိုးရတစ်သားတည်းဖြစ်အောင် ယုံကြည်မှုတည်ဆောက်ပြီး တော်လှန်ရေးခရီးကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
Read moreBorder News Agency လားရှိုး၊ ဖေဖော်ဝါရီ ၂၈။ လားရှိုးမြို့နယ်အတွင်း နှစ်ဖက်နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီး TNLA အုပ်ချုပ်ရေးဝန်ထမ်းနဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA ဘက်က ဖမ်းဆီးထားတာကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရဆီ TNLA က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း လားရှိုးမြို့၊ မိုင်းယော်ဒေသမှာ နယ်မြေအငြင်းပွားမှုတွေ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ TNLA ရဲ့ တိုင်ကြားစာထဲမှာတော့ မိုင်းယော်ဒေသက ကျေးရွာ ၃ ရွာမှာရှိတဲ့ သူတို့ရဲ့အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၅ ဦးကို MNDAA ဘက်က အတင်းအဓမ္မဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဒီပြဿနာအပေါ် တရုတ်အစိုးရအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတာပါ။ အဲဒီ MNDAA ဘက်က ဖမ်းဆီးထားသူတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အရာရှိတဦးနဲ့လက်နက်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့အတွက် "ဝ" တပ်ဖွဲ့ (UWSA) ကလည်း ကြားဝင်စေ့စပ်ပေးနေတယ်လို့ သိရပါတယ်။ TNLA နဲ့ MNDAA တို့ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တွေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူတူဆင်နွှဲခဲ့ကြသူတွေဖြစ်ပေမယ့် အခုလိုနယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
Read moreHey! Don't Copy my content.