စစ်ရေး

မောင်တောမြို့နယ်က မြိုလူမျိုးတွေ စားဝတ်နေရေး အကူအညီလိုအပ်နေ

Border News Agencyမောင်တော၊ဩဂုတ် ၅။ မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့်တောင်ယာကို မသွားနိုင်ကြတော့တဲ့အ တွက် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတာမို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။ အဲဒီမြိုလူမျိူးတွေဟာ တော၊ တောင်တွေကို မှီခိုအသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်တာမို့ မိုင်းအန္တရာယ်ကြောင့် တောတောင်တွေကို...

Read more

စစ်ကောင်စီကြောင့် တလအတွင်းအမျိုးသမီးခြောက်ဆယ်လေးဦးသေဆုံး

Border News Agencyနောင်ချို၊ ဩဂုတ် ၅။ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီတပ်အကြမ်းဖက်တိုက်ခိုက်လို့ ဇူလိုင်လ တလအတွင်း အမျိုးသမီးစုစုပေါင်းခြောက်ဆယ်လေးဦးသေဆုံးပြီး ရှစ်ဆယ်ဒဏ်ရာရသွားတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကသြဂုတ်လ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိလေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊...

Read more

စစ်‌ကောင်စီတပ်သားနှစ်ဦး KNLA ဆီအလင်းဝင်

Border News Agencyကရင်ပြည်၊ သြဂုတ် ၅။ မြိတ်ထားဝယ်ခရိုင်အတွင်းစစ်‌ကောင်စီ တပ်ရဲ့ခလရ (၄၀၃)ဝင်းဝတပ်စခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦးဟာ ကရင်အမျိုးသားအစည်းအရုံးထံအလင်းဝင်လာတယ်လို့ သြဂုတ်လ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ KNLA တပ်မဟာ ၄ တပ်ရင်း ၁၂၊ တပ်ခွဲ...

Read more

ကျောက်မဲမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဦးဒဏ်ရာရ

Border News Agencyကျောက်မဲ၊ ဩဂုတ် ၄။ ကျောက်မဲမြို့ကို သြဂုတ်လ ၄ ရက်၊ဒီနေ့မနက် ၁၀ နာရိီ၊၂၃ မိနစ်အချိန်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့၊ရပ်ကွက် ၆ ရှိ...

Read more

KNU ဖမ်းထားသူတွေကို သူတို့ဆန္ဒအရဆုံးဖြတ်ခွင့်ပေး

Border News Agencyကရင်ပြည်၊ သြဂုတ် ၄။ ညောင်လေးပင်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းနှစ်ဆယ့်ခြောက်ဦးထဲက အိမ်ပြန်လိုသူတွေကို နေရပ်ပြန်ခွင့်ပြုခဲ့ပြီး မပြန်နိုင်သေးတဲ့သူတွေကို အလုပ်အကိုင်ရှာပေးထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ သြဂုတ်လ ၄ရက်၊ ဒီနေ့ကထုတ်ပြန်ပါတယ်။ တပ်မဟာ (၃)နယ်မြေ တောင်စုရွာမှာ စစ်ကြောင်းထိုးအထိုင်ချထားတဲ့...

Read more

ပဲခူးရိုးမ၊ဆွာဆည်ရှိစစ်ကောင်စီတပ်စခန်းကို မဟာမိတ်အဖွဲ့တွေသိမ်းပိုက်

(စစ်ကောင်စိီတပ်သားခြောက်ဦးသေဆုံး) Border News Agencyပဲခူး၊ သြဂုတ် ၃။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဇူလိုင်လ ၃၀ ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရမှသြဂုတ်လ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က...

Read more

ကိုးကန့်မှာ ဆေးဘက်ဆိုင်ရာသင်တန်းဖွင့် (ဓာတ်ပုံသတင်း)

Border News Agencyလောက်ကိုင်၊ သြဂုတ် ၃။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ရဲ့ကျန်းမာရေးဦးစီးဌာနမှအပတ်စဉ် ၁ ဆေးဘက်ဆိုင်ရာဝန်ထမ်းလေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ခဲ့တယ်လို့ သြဂုတ်လ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းကို သြဂုတ်လ ၁ ရက်နေ့မှာ သင်တန်းသားနှစ်ရာကျော်နဲ့ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။ သင်တန်းရဲ့ရည်ရွယ်ချက်မှာကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုအဆင့်အတန်းနဲ့သူနာပြုစုစောင့်ရှောက်ရေးစွမ်းရည်တွေကို ပိုပြီးမြှင့်တင်ပေးပြီး တပ်တော်ရဲ့...

Read more

သံတွဲမြို့နယ်ကိုစစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်

Border News Agencyသံတွဲ၊ သြဂုတ် ၃ ။ သံတွဲမြို့နယ်၊ ဂျိတ္တောရွာကို သြဂုတ်လ ၂ ရက်၊မနေ့က စစ်ကောင်စီတပ်နေဗီကနေ လက်နက်ကြီးပစ်ခတ်လို့နေအိမ်တအိမ်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီဂျိတ္တော၊အမှတ် ၄ ရပ်ကွက်က ဦးအောင်ထွန်းရဲ့နေအိမ်ဟာ လက်နက်ကြီးကျဥ်ကျလို့ ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စိိီတပ်ရဲ့ပင်လယ်ပြင်မှာရှိတဲ့...

Read more

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့မိသားစုဝင်တွေကို ကိုးကန့်တပ်ထောက်ပံ့

Border News Agencyကွတ်ခိုင်၊သြဂုတ် ၂။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ဒဏ်ရာရသွားတဲ့မိသားစုဝင်တွေကို ကိုးကန့်တပ်က ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ သြဂုတ်လ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၃၀ရက်၊ ည ၁၂ နာရီ၊၅၂ မိနစ်အချိန်က လူနေတဲ့ရပ်ကွက်တခုကို...

Read more

မိုးကုတ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်သေဆုံး၊ ဒဏ်ရာရ

Border News Agencyမိုးကုတ်၊သြဂုတ် ၂ ။ မိုးကုတ်မြို့အနောက်ပိုင်းတနေရာကို သြဂုတ်လ ၂ ရက်၊ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်သေဆုံး၊ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်က မိုးကုတ်မြို့အနောက်ရှိ နေရာတချို့ကို...

Read more
Page 116 of 140 1 115 116 117 140

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here