Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ ပရဲဝိဟဲပြည်နယ်အနီး ရှေ့တန်းမျက်နှာပြင်မှာ ကမ္ဘောဒီးယားစစ်သားတွေက တောမီးကို တမင်ရှို့ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပါ မီးကူးစက်တဲ့ဖြစ်စဉ်တခု ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။ မီးရှို့မှုစတင်ပြီးနောက် ညနေ ၃ နာရီခွဲခန့်မှာ လေဦးတည်ချက်ရုတ်တရက်ပြောင်းလဲသွားတာကြောင့် မီးတောက်တွေဟာ ကမ္ဘောဒီးယားဘက်က ကင်းစခန်းနဲ့ဘုန်းကြီးကျောင်းဝင်းအတွင်းအထိ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ ညနေ ၅ နာရီကျော်မှာလည်း ထပ်မံမီးရှို့ခဲ့ရာ မီးခိုးတွေထိုင်းဘက်ခြမ်းကို လွင့်ပါလာတာကြောင့် ကမ္ဘောဒီးယားစစ်သားတွေက ဝမ်းသာအားရကခုန်ခဲ့ကြတယ်လို့ စစ်ဘက်သတင်းအရ သိရပါတယ်။ ထိုင်းစစ်သားတွေကတော့ မိမိတို့ဘက်ခြမ်းက သံဆူးကြိုးတွေဆီ မီးမကူးစက်အောင် မီးတားလမ်းတွေပြုလုပ်ငြှိမ်းသတ်ခဲ့ရသလို နယ်စပ်ရှိအဆောက်အအုံတွေ မီးမလောင်အောင် လူသားချင်းစာနာမှုနဲ့ ကူညီပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း ဆမ်တဲနယ်မြေမှာ နှစ်ဖက်စစ်သားတွေတွေ့ဆုံခဲ့ကြပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မီးဘေးကာကွယ်ရေးအတွက် အပြုသဘောဆောင် ညှိနှိုင်းခဲ့ကြပါတယ်။ နယ်စပ်ဒေသမှာ အခုလိုတောမီးရှို့မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်အပြင် အိုးအိမ်၊ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်နိုင်တဲ့အတွက် နှစ်ဖက်စစ်တပ်အကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Read moreBorder News Agency ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၁၈။ ကေအဲန်ယူ ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တဦးဒဏ်ရာရကာ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဆောထိမြို့နယ်အတွင်းကို ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ ပျဥ်ရင်ကျေးရွာက စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ မူးမြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးအလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ရွာသားတဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ လယ်ဒိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ရေတွင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွေကိုလည်း စက်တပ်လေထီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။ အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။
Read moreအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ်တဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကျော်မှာ မျက်နှာတခုလုံးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၁၃ ရက်နိ၊မနက်၁၁ နာရီခွဲအချိန်ခန့်က အဖေဖြစ်သူဦး ကျော်နိုင်နဲ့တတူ ကံ့ကော်ရိပ်ရွာအရှေ့ဖက်က သီဟို၌ခြံမှာ မြက်ရှင်းလင်းရာကနေ စစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်မိရာ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာအနီးအနားမှာ စစ်ကော်မရှင်တပ်က စခန်းချနေထိုင်ခဲ့ပြီး မြေမြုပ်မိုင်းထောင်တာ၊လက်နက်စွန့်ပစ်တာတွေပြုလုပ်ခဲ့တယ်လို့ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreတနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းတခုနဲ့ စစ်ဆေးရေးဂိတ်တခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)က ထုတ်ပြန်ပါတယ်။ အဲဒီ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ GTC တပ်စခန်းနဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်း GTC တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုပါ သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေချိန်မှာ စစ်ကော်မရှင်ဘက်က စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒိီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အသေအပျောက်များသလို သူတို့ဆီလက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ စက်လတ် ၁ လက်၊ G3 ၁၃ လက်၊ G4 ၂ လက်အပြင် ကျည်ဆန် ၃,၀၀၀ ကျော်နဲ့ လက်ပစ်ဗုံးတွေ၊ စကားပြောစက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
Read moreBorder News Agency သံတောင်၊ ဖေဖော်ဝါရီ ၁၇။ ကေအဲန်ယူ တောအူးခရိုင်၊ ဒေါ်ဖားခို (သံတောင်) မြို့နယ်ထဲက ကွင်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကွင်းချောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ အဲဒီဗုံးသီးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေအမိုးနဲ့ နံရံတွေပျက်စီးသွားခဲ့ရသလို အနီးအနားကပြည်သူပိုင်ပစ္စည်းတချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ အဲဒီတောအူးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရပါတယ်။
Read moreBorder News Agency သံတွဲ၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုစိုးလွင် (ခ) ကိုကို ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ ကိုစိုးလွင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကသူရဲ့စိုက်ခင်းကိုသွားကြည့်ရာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီမိုင်းပေါက်ကွဲလို့ ကိုစိုးလွင်မှာညာဘက်ခြေထောက်အောက်ပိုင်းမှာ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက် ၅၇ နှစ်အရွယ် ဦးမောင်လုံးနဲ့ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၆။ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၄၁၆ မှ အပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ပါတယ်။ အဲဒီပြည်သူ့စစ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မဆီမှာ ခိုလှုံခဲ့တာဖြစ်ပါတယ်။ အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို အထူးလှုပ်ရှားတပ်မကနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ကာဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးအနေနဲ့ အလင်းဝင်လာသူတွေကို သူတို့ရဲ့မူဝါဒအတိုင်း ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆက်လက်ခိုလှုံလိုသူတွေကိုလည်း အမြဲတမ်းဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ စစ်ကော်မရှင်တပ်အတွင်းကနေစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ပိုမိုများပြားလာနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၇။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ ရှေ့တန်းနယ်မြေတချို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေတယ်လို့ Army Military Force က ထုတ်ပြန်ပါတယ်။ အဲဒီကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဆူးကြိုးခြံစည်းရိုးအနီးကို ဝင်ရောက်လာတာကြောင့် အဲဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဖက်အချေအတင် စကားများမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထိတွေ့မှုဖြစ်ပြီးနောက်မှာ ကမ္ဘောဒီးယားရှေ့တန်းတပ်ဖွဲ့ဝင်တွေက နယ်စပ်အနီးမှာဘန်ကာဆောက်ဖို့ မြေကျင်းတွေအပြင်းအထန်တူးဖော်နေပြီး စစ်ရေးအရပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အခြေအနေပိုမိုဆိုးရွားမသွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေကြပြီး နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။
Read moreBorder News Agency ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကိုခံရတဲ့ စစ်မှုထမ်းတပ်သား ၉ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ဆီမှာ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီတပ်သား ၉ ဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက KNU နယ်မြေထဲကို ရောက်ရှိလာတာဖြစ်ပြီး သူတို့ဟာဆန္ဒမပါဘဲ အတင်းအဓမ္မစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီခိုလှုံလာသူတွေထဲမှာ အသက် ၂၃ နှစ်ကနေ ၄၁ နှစ်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီတပ်သားတွေကို KNU ဘက်က ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသလို စစ်ကော်မရှင်တပ်ထဲမှာ အဓမ္မခိုင်းစေခံနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။
Read moreHey! Don't Copy my content.