Border News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
Read moreBorder News Agency ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။ စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA - 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
Read moreBorder News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read moreBorder News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၇။ လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။ တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။
Read moreBorder News Agency ဆော၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။ ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက "မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်" လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
Read moreBorder News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ပဲခူး၊ ဖေဖော်ဝါရီ ၆ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ သကြားစက်အနီးက စစ်ကော်မရှင်ဂိတ်စခန်းတခုကို ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ််။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး သေဆုံးသွားတယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းမှ ထုတ်ပြန်ပါတယ်။ အဲဒီအပြင် MA - 3 တလက်၊ MA - 11 တလက်၊ ကျည်ဘောက်နှစ်ခုနဲ့ ကျည်ဆံအထောင့်လေးဆယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာ၊ ပေါ်တာဆွဲတာတွေလုပ်နေသလို အနီးနားကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က ဆာဂွန်းဂိတ်စခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ကရင်နီပြည်၊ ဖေဖော်ဝါရီ ၆ ။ ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆို - ဖရူဆို - ထားလဲ - နန်းဖဲ - ဘောလခဲလမ်းမကြီးနဲ့ လမ်းသွယ်အားလုံးကို စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၆ ရက်၊ ဒီနေ့ကစပြီး လုံးဝအသုံးမပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို - ထားလဲ လမ်းပိုင်းနဲ့ နန်းဖဲရွာဘက်ကို စစ်ကြောင်းထိုးလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီလို တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ အများပြည်သူသွားလာနေတဲ့လမ်းကြောင်းတွေနဲ့ နီးစပ်နေတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းတွေကို လုံးဝမဖြတ်သန်းကြဖို့ KNDF က အထူးမေတ္တာရပ်ခံထားပါတယ်။ အဲဒီလမ်းပိုင်းတွေကို မြေပြင်စစ်ရေးအခြေအနေအရ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့လည်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
Read moreBorder News Agency မကွေး၊ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက မိအယ်ကျေးရွာကို ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမိအယ်ကျေးရွာကို မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစီးမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးတဦး၊ အသက်လေးဆယ်နဲ့ ငါးဆယ်ကျော်အမျိုးသမီးနှစ်ဦး၊ ဆယ့်သုံးနှစ်နဲ့ဆယ်နှစ်အောက် မိန်းကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ "တိုက်ပွဲမရှိဘဲ ရွာကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးမချခင်တနာရီလောက်ကတည်းကကျောက်ထုအမြှောက်တပ် ၃၆၈ ကနေ ဒရုန်းနဲ့ကင်းထောက်နေတာ။ ပြီးတော့မှခပ်နိမ့်နိမ့်ပျံပြီး ရွာထဲတည့်တည့်ကို ဗုံးချသွားတာပါ။"လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မိအယ်ရွာကနေအိမ်လေးလုံးပျက်စီးခဲ့ပြီး အဲဒီထဲကတလုံးကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ယောဒေသကိုလေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို မနေ့ညကလည်းထီးလင်းမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ယောဒေသအတွင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏပျံသန်းနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့အသိပေးထားပါတယ်။
Read moreBorder News Agency ဒီပဲယင်း၊ဖေဖော်ဝါရီ ၆။ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကိုဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီညောင်လှရွာကို စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မော်တာနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူအမျိုးသားလေးဦးဒဏ်ရာရသွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒီပဲယင်းမြို့နယ် ပအဖကအသိပေးထားပါတယ်။
Read moreHey! Don't Copy my content.