Border News Agency မော်လိုက်၊ ဖေဖော်ဝါရီ ၄။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။
Read moreBorder News Agency မိုးညှင်း၊ ဖေဖော်ဝါရီ ၄။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာရှိတဲ့ ဟဲပါးကျေးရွာစစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အဲဒီအင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့လပိုင်းကတည်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ (SNA) တပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်ကာ ဟဲပါးစခန်းကိုသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်ရဲ့ လုံးတုံးစခန်းနဲ့ နမ့်မွန်းတောင်ပေါ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလို တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်ကြီးဒေသရှိ ကျေးရွာအများအပြားကဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲကို တိမ်းရှောင်နေကြရပြီး ဖုန်းနဲ့ အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော် - ဗန်းမော် လမ်းပိုင်းအပါအဝင်အဓိက လမ်းမကြီးအချို့မှာလည်း လမ်းပန်းဆက် သွယ်ရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဘက်က အရပ်သားတွေနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေလည်း သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။
Read moreအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ်လက်မှတ်ရေးထိုးပြီး "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေဟာ နိုင်ငံတော်သမ္မတကို လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒိီကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ပုဂ္ဂိုလ် ငါးဦးထက်မနည်းနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုလည်း သမ္မတကပဲတိုက်ရိုက်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကောင်စီဝင်တွေရဲ့ သက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းဖြစ်ပြီး၊သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေကိုတော့ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ တိုင်းပြည်သာယာဝပြောရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ဒီဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
Read moreကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ၂ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊မော်ကြီးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊ည ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ပါရာမော်တာတစီးနဲ့ရည်ရွယ်ချက်ရှိရှိဗုံးငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ မော်ကြီးရွာမှာစစ်ဘေးရှောင်နေတဲ့ ငပုချွိန်ရွာသားအသက် ရှစ်ဆယ့်ငါးနှစ်အရွယ်ဦးခိုင်အောင် သေဆုံးသွားခဲ့ပြီး၊ဦးခင်မောင်ချေနဲ့ ဦးသိန်းကျော်နုတို့ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်မော်ကြီးရွာရှိ နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊မူရွင်းရွာရှိဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့လို့ ကိုးလသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြေ
Read moreBorder News Agencyတီမော၊ ဖေဖော်ဝါရီ ၃။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။ အဲဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို...
Read moreBorder News Agencyဖယ်ခုံ၊ဖေဖော်ဝါရီ ၃။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၅ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၃၀ ရက်နေ့က ကရင်နီပြည် မြေပြင်တနေရာမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ကရင်နီအမျိုးသားအလံနဲ့ KNDF အလံကို...
Read moreBorder News Agenyရုရှား၊ ဖေဖော်ဝါရီ ၃။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီလက်မှတ်ကို နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး...
Read moreBorder News Agencyမကွေး၊ ဖေဖော်ဝါရီ ၃။ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတခုကို ဝင်စီးတဲ့စစ်ကော်မရှင်စစ်ကြောင်းမိုင်းပေါက်ကွဲပြီးငါးဦးသေဆုံးသွားတယ်လို့ 8 + အညာမြေ စစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ တွင်းမရွာအနီးမှာရှိတဲ့ အဲဒီစခန်းကို...
Read moreBorder News Agencyမန္တလေး၊ ဖေဖော်ဝါရီ ၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းတွေနဲ့တပ်ရင်းတွေမှာ WPS (Women, Peace and Security) ဆိုင်ရာဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကို အမှတ် ၁၊ ၂၊ ၃...
Read moreBorder News Agencyဖားကန့်၊ ဖေဖော်ဝါရီ ၂။ ကချင်ပြည်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၂ ရက်၊ ဒီနေ့မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးတဦးဒဏ်ရာရသွားပါတယ်။ အဲဒီစာသင်ကျောင်း KG တန်းကို လက်နက်ကိုကျရောက်ပေါက်ကွဲခဲ့တာမို့ ကလေးငယ်ထိခိုက်ဒဏ်ရာရသွားတာပါ။ အဲဒီဖားကန့်မြို့နယ်ရှိ...
Read moreHey! Don't Copy my content.