Border News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။ အာဏာသိမ်းစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုအသုံးချပြီး လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူ - ဗဟိုက ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကမူးယစ်ဆေးဝါး (WY) အပြား ၁၀၀ ခန့် သယ်ဆောင်လာတဲ့ အသက် ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ဦးကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ အဲဒီကလေး ၂ ဦးဟာကျောက်တံခါးမြို့ ဈေးပိုင်းမှာနေထိုင်သူတွေဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ ခိုင်းစေမှုကြောင့် လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ စစ်ကော်မတရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားနည်းလာစေဖို့အတွက် စစ်ရေးနည်းလမ်းတင်မကဘဲ အကျိုးအမြတ်နဲ့ ဆွဲဆောင်တာ၊ တော်လှန်ရေးပုံရိပ်တွေ ညှိုးနွမ်းအောင်သတင်းတု၊ သတင်းမှားတွေထုတ်လွှင့်နေတယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဒေသခံလူထုရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်လာခဲ့တာဟာ ကရင့်တော်လှန်ရေး အဆက်ဆက်မှာ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။
Read moreBorder News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။ ကေအဲန်ယူ - ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီလယ်ဒိုမြို့နယ်၊ တလင်းကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိန်တောအခြေစိုက်စစ်ကော်မရှင်တပ်က ဖျံဒရုန်းနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်လို့ စောဇော်မင်းနောင်၊ စောဖိုးထက်နဲ့စောမောင်ဆဲတို့ရဲ့ နေအိမ် ၃ လုံးပျက်စီးခဲ့သလို စောဖီးကောက်ရဲ့ နွားတဲတလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။ အဲဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရသလို ပြည်သူတွေဟာလည်း ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေထိုင်နေကြရပါတယ်။
Read moreBorder News Agency (BNA) ပုလဲ၊ ဖေဖော်ဝါရီ ၁၉။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့ဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် စစ်အင်အားအသုံးပြုပြီး မလွှဲမရှောင်သာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။ အဲဒီ ဗိုလ်နဂါးနဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်တာတွေအပြင် တရားမဝင်အခွန်ဂိတ်တွေဖွင့်ပြီး အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ NUG တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့တာတွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ အခုလို အရေးယူဆောင်ရွက်တာဟာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကိုဖယ်ရှားဖို့ စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခဲ့ရတာအတွက် ဝန်ကြီးဌာနအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ BNRA အဖွဲ့ဝင်တွေအနေနဲ့တော့ မိမိတို့ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။
Read moreBorder News Agency ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၉။ ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ထံရှိလက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံဖို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ယင်းမာပင်ခရိုင်အတွင်းနေထိုင်ပြီး BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ကိုင်ဆောင်ထားသူ ရဲဘော်တွေအနေနဲ့ မိမိတို့နေထိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ် ပကဖ အဖွဲ့တွေထံသို့ အမြန်ဆုံးဆက်သွယ်ကာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်တာနဲ့ ဖျက်ဆီးတာတွေ လုံးဝမပြုလုပ်ကြဖို့ တားမြစ်ထားပြီး၊ အကယ်လို့ စစ်ဆေးပေါ်ပေါက်လာပါက ပြင်းထန်စွာအရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ နောက်ပြီး သက်ဆိုင်ရာရပ်ကျေးနဲ့ တိုက်နယ်အဆင့် ပကဖ၊ ပအဖ အဖွဲ့တွေအနေနဲ့လည်း မိမိတို့နယ်မြေအတွင်း အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိပါက သတင်းစကားပါးပေးဖို့နဲ့ ခရိုင်၊ မြို့နယ် ပကဖ တာဝန်ခံတွေဆီသို့ ချိတ်ဆက်ပေးကြဖို့ ညွှန်ကြားထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၈။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ ပရဲဝိဟဲပြည်နယ်အနီး ရှေ့တန်းမျက်နှာပြင်မှာ ကမ္ဘောဒီးယားစစ်သားတွေက တောမီးကို တမင်ရှို့ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပါ မီးကူးစက်တဲ့ဖြစ်စဉ်တခု ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။ မီးရှို့မှုစတင်ပြီးနောက် ညနေ ၃ နာရီခွဲခန့်မှာ လေဦးတည်ချက်ရုတ်တရက်ပြောင်းလဲသွားတာကြောင့် မီးတောက်တွေဟာ ကမ္ဘောဒီးယားဘက်က ကင်းစခန်းနဲ့ဘုန်းကြီးကျောင်းဝင်းအတွင်းအထိ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ ညနေ ၅ နာရီကျော်မှာလည်း ထပ်မံမီးရှို့ခဲ့ရာ မီးခိုးတွေထိုင်းဘက်ခြမ်းကို လွင့်ပါလာတာကြောင့် ကမ္ဘောဒီးယားစစ်သားတွေက ဝမ်းသာအားရကခုန်ခဲ့ကြတယ်လို့ စစ်ဘက်သတင်းအရ သိရပါတယ်။ ထိုင်းစစ်သားတွေကတော့ မိမိတို့ဘက်ခြမ်းက သံဆူးကြိုးတွေဆီ မီးမကူးစက်အောင် မီးတားလမ်းတွေပြုလုပ်ငြှိမ်းသတ်ခဲ့ရသလို နယ်စပ်ရှိအဆောက်အအုံတွေ မီးမလောင်အောင် လူသားချင်းစာနာမှုနဲ့ ကူညီပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း ဆမ်တဲနယ်မြေမှာ နှစ်ဖက်စစ်သားတွေတွေ့ဆုံခဲ့ကြပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မီးဘေးကာကွယ်ရေးအတွက် အပြုသဘောဆောင် ညှိနှိုင်းခဲ့ကြပါတယ်။ နယ်စပ်ဒေသမှာ အခုလိုတောမီးရှို့မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်အပြင် အိုးအိမ်၊ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်နိုင်တဲ့အတွက် နှစ်ဖက်စစ်တပ်အကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Read moreBorder News Agency ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၁၈။ ကေအဲန်ယူ ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တဦးဒဏ်ရာရကာ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဆောထိမြို့နယ်အတွင်းကို ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ ပျဥ်ရင်ကျေးရွာက စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ မူးမြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးအလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ရွာသားတဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ လယ်ဒိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ရေတွင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွေကိုလည်း စက်တပ်လေထီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့အတွက် ကမ္ဘောဒီးယားတော်ဝင်တပ်မတော် (RCAF) က ခံစစ်ဘန်ကာတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင် တည်ဆောက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုတည်ဆောက်ရာမှာ ဖနွမ်းပင်မြို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ရှေ့တန်းစစ်သည်တွေကို အားပေးကူညီတဲ့အနေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ အဲဒီ ပုဂ္ဂလိကကဏ္ဍကနေ ဘန်ကာတည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် မော်တော်ကားတာယာ ၁,၃၀၀ ကျော်နဲ့ ဆာလာအိတ်ခွံ ၂၀,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ တည်ဆောက်ရေးပစ္စည်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နယ်စပ်ကို သယ်ယူခဲ့တာဖြစ်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်သည်တွေဟာ ကွန်ကရစ်တိုင်တွေကို ကိုယ်တိုင်ထမ်းပိုးပြီး တောင်ကုန်းပေါ်က ခံစစ်စခန်းတွေကို အင်တိုက်အားတိုက် တည်ဆောက်နေကြပါတယ်။ အဲဒီလို ခံစစ်စခန်းတွေ အဆင့်မြှင့်တင်တာဟာ ရှေ့တန်းရောက်စစ်သည်တွေရဲ့ ဘေးကင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မယ်လို့ ကမ္ဘောဒီးယားစစ်ဘက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။
Read moreအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ်တဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကျော်မှာ မျက်နှာတခုလုံးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၁၃ ရက်နိ၊မနက်၁၁ နာရီခွဲအချိန်ခန့်က အဖေဖြစ်သူဦး ကျော်နိုင်နဲ့တတူ ကံ့ကော်ရိပ်ရွာအရှေ့ဖက်က သီဟို၌ခြံမှာ မြက်ရှင်းလင်းရာကနေ စစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်မိရာ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာအနီးအနားမှာ စစ်ကော်မရှင်တပ်က စခန်းချနေထိုင်ခဲ့ပြီး မြေမြုပ်မိုင်းထောင်တာ၊လက်နက်စွန့်ပစ်တာတွေပြုလုပ်ခဲ့တယ်လို့ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreတနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းတခုနဲ့ စစ်ဆေးရေးဂိတ်တခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)က ထုတ်ပြန်ပါတယ်။ အဲဒီ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ GTC တပ်စခန်းနဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်း GTC တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုပါ သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေချိန်မှာ စစ်ကော်မရှင်ဘက်က စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒိီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အသေအပျောက်များသလို သူတို့ဆီလက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ စက်လတ် ၁ လက်၊ G3 ၁၃ လက်၊ G4 ၂ လက်အပြင် ကျည်ဆန် ၃,၀၀၀ ကျော်နဲ့ လက်ပစ်ဗုံးတွေ၊ စကားပြောစက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
Read moreBorder News Agency သံတောင်၊ ဖေဖော်ဝါရီ ၁၇။ ကေအဲန်ယူ တောအူးခရိုင်၊ ဒေါ်ဖားခို (သံတောင်) မြို့နယ်ထဲက ကွင်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကွင်းချောင်းကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ အဲဒီဗုံးသီးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေအမိုးနဲ့ နံရံတွေပျက်စီးသွားခဲ့ရသလို အနီးအနားကပြည်သူပိုင်ပစ္စည်းတချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ အဲဒီတောအူးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါ မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရပါတယ်။
Read moreHey! Don't Copy my content.