Border News Agencyပလက်၀၊ ဖေဖော်ဝါရီ ၂၈။ ပလက်ဝခရိုင် ဆမီးမြို့နယ်၊ ဆားဝကျေးရွာမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့လို့ အမျိုးသမီးတဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီမီးလောင်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့အမျိုးသမီးဟာ...
Read moreBorder News Agencyထိုင်း၊ ဖေဖော်ဝါရီ ၂၈။ မဲဆောက်မြို့နယ်ထဲကို တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ကိုကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၁ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေပိုင်းမှာဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။...
Read moreBorder News Agencyဘိုလီးဗီးယား၊ ဖေဖော်ဝါရီ ၂၈။ ဘိုလီးဗီးယားနိုင်ငံမြို့တော်အနီးမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငွေစက္ကူအသစ်တွေတင်ဆောင်လာတဲ့ စစ်ဘက်ကုန်တင်လေယာဉ်တစီးပျက်ကျခဲ့လို့ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လမ်းပေါ်ကမော်တော်ယာဉ်အစီး ၂၀ နီးပါး ပျက်စီးသွားခဲ့တယ်လို့...
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၈။ အင်ဒို-ပစိဖိတ်ဒေသရဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Cobra Gold 2026 မှာ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး (HA/DR) ဆိုင်ရာကဏ္ဍတွေမှာ အမျိုးသမီးစစ်သည်တွေရဲ့ပါဝင်မှုကို ပိုမိုမြှင့်တင်လုပ်ဆောင်လာတာတွေ့ရပါတယ်။ အခုနှစ်လေ့ကျင့်ရေးမှာ အမျိုးသမီးစစ်သည်တွေဟာ ရှေ့တန်းကခေါင်းဆောင်မှုကဏ္ဍတွေအပြင် ကွင်းဆင်းဆေးကုသမှု၊ အန္တရာယ်ရှိပစ္စည်းများကိုင်တွယ်မှု (HAZMAT)နဲ့ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပါဝင်နေကြတာပါ။ အဲဒီလိုအမျိုးသမီးစစ်သည်တွေရဲ့ စွမ်းဆောင်ရည်ဟာ ခေတ်သစ်စစ်တပ်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့တင်မကဘဲ ပြည်သူဗဟိုပြု လုံခြုံရေးနဲ့ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ Cobra Gold လေ့ကျင့်ရေးဟာ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အခုလိုအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းအားဖြင့် Smart Power ရှိတဲ့ ခေတ်မီစစ်တပ်ပုံရိပ်ကို ဖော်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၈။ ထိုင်း-မြန်မာနယ်စပ်၊ ချင်းဒိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပြား ၅ သန်းခွဲနီးပါးနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ် ဖာမိူင်းစစ်ကြောင်း (Pha Muang Force) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ နယ်စပ်သဘာဝလမ်းကြောင်းကနေ မူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်ဆိုတဲ့သတင်းကြောင့် အာရုနိုထိုင်းရွာအနီးမှာ ထိုင်းစစ်တပ်ကကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်မှာ လူ ၂၀ ကျော်ပါတဲ့အဖွဲ့က ပစ်ကပ်ကားပေါ်ကို မူးယစ်ဆေးအထုပ်တွေ တင်နေတာကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အာဏာပိုင်တွေက ဝိုင်းဝန်းပိတ်ဆို့စစ်ဆေးဖို့ကြိုးစားချိန်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေဟာ ထွက်ပြေးလွတ်မြောက်သွားကြပြီး လမ်းပြအဖြစ်ယူဆရတဲ့ အာဘေးဆိုသူတစ်ဦးကိုသာ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့သယ်လာတဲ့ ကျောပိုးအိတ်တွေထဲကနေ စိတ်ကြွဆေးပြား ၅,၄၆၀,၀၀၀ ပြားနဲ့ အိုက်စ် ၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့ တရားခံနဲ့မူးယစ်ဆေးဝါးတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာမောင်းဏ(Muang Na) ရဲစခန်းကို လွှဲပြောင်းအပ်နှံထားပြီလို့ သိရပါတယ်။
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၇။ မဲဆောက်မြို့၊ ဘန်ဆောင်ခွဲ ၂ ရွာက ဆောက်လုပ်ရေးခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းမှာ ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်နေထိုင်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ် မရှိဘဲ အလုပ်လုပ်နေကြတာလို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေကို လဝကအက်ဥပဒေနဲ့ အလုပ်သမားဥပဒေတွေအရ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ အခုလိုတရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့မနက်က ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ KPSSC က ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ဒေသခံမိဘပြည်သူတွေနဲ့အတူပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုငြိမ်ခံမနေဘဲ တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေစေဖို့ရည်ရွယ်ပြီး အခုလိုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ "စစ်အာဏာရှင်စနစ်ကို ကျေးလက်ကပုန်ကန်၊ မြို့ပြကဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးမီးစာကို အရှိန်အဟုန်မြှင့်တင်ကာ မိမိတို့ရရာကဏ္ဍ၊ နည်းလမ်းအသီးသီးက ပါဝင်တိုက်ပွဲဝင်ကြဖို့ကိုလည်း KPSSC က တိုက်တွန်းနှိုးဆော်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကြားက ကလေးမြို့ဒေသခံတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လမ်းပေါ်ထွက်ကာ လူထုအားမာန်ကိုပြသခဲ့တာပါ။
Read moreBorder News Agency ရွာငံ၊ ဖေဖော်ဝါရီ ၂၇။ ရွာငံမြို့နယ်၊ ကျောက်ငှက် - အုတ်တွင်းလမ်းပိုင်းမှာကင်းလှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးအပါအဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်ငါးလက်နဲ့ ကျည်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မျှားကလေးရွာဘက်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ၁၀၀၃ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်နှစ်လက်ထပ်ပြီးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၁၀၀၃ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရွာငံမြို့အဝင်ဂိတ်နဲ့ စီးပွားရေးဘဏ်တို့ကိုပါ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးမှတ်တမ်းတွေရှိပြီး စုစုပေါင်းရဲမှူးတဦးအပါအဝင် ၉ ဦးထက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ရေးဖော်ဆောင်မှုတွေမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ပွဲဇုန်ထဲ ပြည်သူ့ကားတစီးဖြတ်ဝင်လာတာကြောင့် ပြည်သူထိခိုက်မှာစိုးလို့ ပစ်ခတ်မှုရပ်တန့်ခဲ့ရပြီး စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ရေးရည်မှန်းချက်တွေ ထိရောက်ဖို့အတွက်ခြေသံလုံလုံနဲ့ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဇုန်တွေနဲ့ ဝေးဝေးနေကြဖို့၊ သေနတ်သံကြားရင် ဘေးလွတ်ရာပုန်းရှောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read moreထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်ရှိ ဟတ်ယောင်းကမ်းခြေမှာ ပြုလုပ်နေတဲ့ ကော်ဘရာဂိုး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်း၊အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကို အပီအပြင် လေ့ကျင့်ခဲ့ကြတာပါ။ စစ်ဆင်ရေးအတွင်း စစ်သင်္ဘောတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ရန်သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်ပြီး ကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့ ပုံစံမျိုးကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းစစ်ဆင်ရေး အစီအစဉ်တွေ ရေးဆွဲတာ၊ ကုန်းတွင်းပိုင်းကို စနစ်တကျ ချဉ်းကပ်တာနဲ့ ဆက်သွယ်ရေး စနစ်တွေကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီကမ်းတက်စစ်ဆင်ရေးဟာ မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရအပြန်အလှန် ယုံကြည်မှုနဲ့ အရေးပေါ်အခြေအနေတွေမှာ အတူတကွ တုံ့ပြန်နိုင်စွမ်းကို ပြသဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကော်ဘရာဂိုးဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.