အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့အမွန်မြတ်ဆုံးဖြစ်တဲ့ရာမဘုရားပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီရာမဘုရားပွဲတော်ကို ဖေဖော်ဝါရီ လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိသုံးရက်တိတိကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဟိန္ဒူ ဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပွဲတော်တွေထဲက ဟိန္ဒူဘုရားခရစ်ရှနာမယ်တော်ကိုပူဇော်ပွဲဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီဘာသာရေးပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ရပ်ရွာအေးချမ်းသာယာရေး၊...
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ပထအပတ်က အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီအစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာ ဂုံဆောင်ဘွဲလက်မှတ်အပ်နှင်းတဲ့ဂျလ်ဆာပွဲကို အာရက္ခတပ်တော်တက်ရောက်ခဲ့ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊မြေပုံ၊...
Read moreမောင်တောမြို့နယ်မှာအာရက္ခတပ်တော်(AA)က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို အရပ်သားပြည်သူတွေ မကြာခဏကြုံနေကြရပါတယ်။ အဲဒီအရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေမှာ မိုင်းရှင်းလင်းရေးတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇားဂုံးနား၊ အီတာလျာ၊ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်ကမိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီလိုမိုင်းရှင်းလင်းရေးလုပ်နေချိန်...
Read moreအာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ အရေပြားရော ဂါအပါအဝင် ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေကြတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနက ဆေးကုသပေးနေပါတယ်။ အဲဒီပေါက်တောမြို့နယ်၊ဇီးချိုမော်ကျေးရွာနဲ့ ရွှေဝေကျေးရွာတွေမှာ အရေပြားရောဂါ၊ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးနေတာဖြစ်ပါတယ်။ အဲဒီ ရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူ၂၀၀...
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ ဖေ ဖော်ဝါရီလ၃ ရက်နေ့က တရားမဝင်ပြင်ပထုတ် အရက်၊ဘီယာ၊ဝိုင်တွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးနေပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပ ဒေစိုးမိုးရေးဌာနက ပြင်ပထုတ်အရက်၊ဘီယာကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် လိုက်လံဖမ်းဆီးနေတယ်လို့ဆိုပါတယ်။ အဲဒီ...
Read moreအာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။ အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။...
Read moreအာရက္ခနယ်ခြားအားလုံးကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ပါတယ်။
Read moreBorder News Agency အမ်း၊နိုဝင်ဘာ ၈။ အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လေးထောင်ကျော် အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ တိုက်လေယာဥ်တွေ၊လက်နက်ကြီးတွေပစ်ခတ်မှုတွေကြားမှာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့အသက်လုထွက်ပြေးနေကြရသလို စားစရာအတွက် ဆန်တွေအရေးတကြီးလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတ...
Read moreအာရက္ခတပ်တော် (AA)က အပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ပေါ်နေရာတချို့မှာ စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ ရေနစ်မြုပ်နေတ ယ်လို့ သံတွဲမြို့ခံတွေက ဆိုကြပါတယ် ။ အဲဒီသံတွဲမြို့အပြင် တောင်ကုတ်မြို့ပေါ်နေရာတ ချို့ နဲ့အမ်းမြို့နယ်မှာရေနစ်မြုပ်တာတွေဖြစ်နေပါတယ်။ ရခိုင်အပါအဝင် မြန်မာပြည်အနှံ့မှာ ရေကြီးရေလျှံနစ်မြုပ်တာတွေ၊လူသေဆုံးတာတွေဖြစ်နေပေမယ့်...
Read moreသံတွဲမြို့နယ်ရှိ စစ်ကောင်စီရေတပ်ကိုအပြီးသတ် သိမ်းပိုက်(ဓာတ်ပုံသတင်း) Border News Agency သံတွဲ၊စက်တင်ဘာလ ၆ ။ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာနဲ့ကွင်းဝိုင်းရွာကြားရှိ စစ်ကောင်စီရေတပ်ကိုစက်တင်ဘာလ ၅ ရက်နေ့၊ညနေ ၆ နာရီအချိန်ခန့်မှာ အာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
Read moreHey! Don't Copy my content.