Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၁။
နိုင်ငံရေးပါတီတွေ ပယ်ဖျက်ခံရရင်အယူခံဝင်ခွင့်မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စက်တ င်ဘာလ ၁၁ ရက်၊ ဒီနေ့ နေပြည်တော် ရပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြောပါတယ်။
အဲဒါဟာဥပဒေအတိုင်းဆောင်ရွက်တာလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစု(ND F)ပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊အမျိုးသမီးပါတီ(မွန်) နဲ့ပြည်ထောင်စုလယ်သမားအလုပ်သ မားအင်အားစုပါတီကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ကြေညာပါတယ်။
အဲဒါကြောင့်လာမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုတဝှမ်းဝင်ရောက်ယှဉ်ပြို င်ဖို့မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီကိုးခုထဲကခြောက်ပါတီသာပြီး တိုင်းဒေသကြီး၊ပြည်နယ်အလိုက်ယှဉ်ပြိုင်မယ့်ငါးဆယ်တပါတီရှိတယ်လို့ ဆိုပါတယ်။
လာမယ့်ဒီဇင်ဘာလမှာ ပထမအကြိမ်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲပြီးပြုလုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာလကုန်ကစပြီး ၁၄ ရက်ကြာကပ်ထားကြေညာမှာဖြစ်သလို မဲဆန္ဒရှင်ပြည်သူတွေလာကြည့်ပြီး မဲစာရင်းမပါတာ၊မှားယွင်းနေတာ၊ဖြည့်စွက်ချင်တာရှိရင် သတ် မှတ် ထားတဲ့ပုံစံတွေနဲ့လျှောက်ထားတောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စာရင်းတွေရရှိဖို့ မြေပြင်နဲ့တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာ န၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၂၀၂၄ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်မှုကရရှိလာတဲ့ လူဦးရေစာရင်း တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်မှာရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် ရခိုင်အခြေစိုက်ပါတီခြော က်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။