Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၁။
လာမယ့်ဒီဇင်ဘာလမှာ ပထမအကြိမ်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲပြီးပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ စက်တင်ဘာလ ၁ ၁ ရက်၊ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်ပွဲမှာပြောတာပါ။
“ရွေးကောက်ပွဲကို အကြမ်းဖျင်းအားဖြင့် အပိုင်း ၃ ပိုင်းလောက် လုပ်မယ်။ တပိုင်းတပိုင်းကို တပတ်နှစ်ပတ်လောက် ခြားမယ်။ပြောရရင်တော့ ၂၀၂၆ ဇန်န ဝါရီလထဲမှာ ရွေးကောက်ပွဲပြီးသွားမယ့် အနေအထားပါ။ ရက်တွေထုတ်ပြန်မှာပါ။ နောက်တခုက ရွေးကောက်ပွဲက လွှ တ်တော်ကို ချိတ်နေတာရှိပါတယ်။ ဖွဲ့စ ည်းပုံ အခြေခံဥပဒေပုဒ်မအရ ပြည်သူ့ လွှတ်တော်ပထမအကြိမ်အစည်းအ ဝေးကို ရွေးကောက်ပွဲစတင်ကျင်းပတဲ့ နေ့ရက်ကနေ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမယ်လို့ ပြဋ္ဌာန်းရမယ်။ဒီဇင် ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ စတင်ကျင်းပမယ်။အဲဒီရက်ကစပြီး ရက် ပေါ င်း ၉၀ မကျော်ရဘူး။အဲဒီတော့ရွေး ကောက်ပွဲ စတင်ကျင်းပတဲ့ကာလကနေ နောက် ၃ လပဲ ရှိမယ်။” လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာလကုန်ကစပြီး ၁၄ ရက်ကြာကပ်ထားကြေညာမှာဖြစ်သလို မဲဆန္ဒရှင်ပြည်သူတွေလာကြည့်ပြီး မဲစာရင်းမပါတာ၊ မှားယွင်းနေတာ၊ ဖြည့်စွက်ချင်တာရှိရင် သတ်မှတ်ထားတဲ့ပုံစံတွေနဲ့လျှောက်ထားတောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စာရင်းတွေရရှိဖို့ မြေပြင်နဲ့တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၂၀၂၄ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်မှုကရရှိလာတဲ့ လူဦးရေစာရင်း တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်မှာရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝ င် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှ တ်ပုံတင်ထားကြပေမယ့်ပြည်သူလူထုကိုကိုယ်စားမပြုကြဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာထိန်းချုပ်ထားပြီး စစ်တွေမြို့မှာတော့ ရွေးကောက်ပွဲအတွက် နိုင်ငံသားစီစစ်ရေးကဒ်တွေပြုလုပ်ပေးနေပေမယ့် ဒေသခံပြည်သူအများစုဟာ နေရပ်စွန့်ခွာထွက် ပြေးနေကြပါတယ်။






