Border News Agency
မန္တလေး၊ စက်တင်ဘာ ၁၁။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့အရပ်သားငါးဦးသေဆုံးပြီးလေးဦးဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ စက်တင်ဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၁၁ရက်၊ ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်လို့ကမ်းပါနီကျေးရွာရှိ အပြစ်မဲ့အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒိီအပြင် ညနေ ၅ နာရီ ၃၀ မိနစ်အ ချိန်ကလည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုပစ်ခတ်တာကြောင့်အရပ်သားပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။












