Border News Agency
ပလက်ဝ၊ ဩဂုတ် ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊မီးဇာကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအမိနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမီးဇာကျေးရွာကို ဩဂုတ်လ ၂၆ ရက်၊ ညနေ ၄ နာရီအချိန်က အာဏာသိမ်းစစ်တပ် တိုက်လေယာဥ်ငါးစီးနဲ့ ရွယ်ရည်ချက်ရှိရှိ ဗုံးအလုံးငါးဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သားအမိနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
ပလက်ဝမြို့နယ်၊ရွှေလိုက်ဝကျေးရွာရှိ MDF ရဲ့စစ်သင်တန်းကျောင်းကို သြဂုတ်လ ၂၅ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သင်တန်းသားငါးဦးကျဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် စိမ်းညှင်းဝရွာကိုလည်း သြဂုတ်လ ၂၄ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအဝင်ငါးဦးသေဆုံးပြီး ဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပလက်ဝဒေသကို ခုရက်ပိုင်းတွေမှာ လေကြောင်းပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့သတိထားကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။








