Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ သေဆုံးသွားသူဟာ စစ်တွေဘက်ကနေ မြောက်ဦးမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေါ်အောင်မစိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ဆေးကုသနေရင်းဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာကို ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းတိုက်ခိုက်ခံရစဉ် ကျောကုန်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတုန်းက ဒေါ်အောင်မစိန်ရဲ့ အသက် ၂ လသားအရွယ် မြေးဖြစ်သူ ကလေးငယ်လည်း သေဆုံးခဲ့ရသလို တခြားအရပ်သားပြည်သူ ၇ ဦးလည်း ဒဏ်ရာရသွားခဲ့ကြတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်နဲ့အမျှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreBorder News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆ ။ အာရက္ခဒေသမှာရှိတဲ့ ခရစ်ယာန်ကျမ်းစာကျောင်းတခုရဲ့ ၁၈ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဒီပလိုမာဘွဲ့ရသူငါးဦးကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့သလို ပထမနှစ်နဲ့ ဒုတိယနှစ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။ ဒီပွဲကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ULA/AA တာဝန်ရှိသူတွေကကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို ချီးကျူးစကားပြောခဲ့ပြီး ဆုငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ ပွဲတက်ရောက်လာသူသုံးရာကျော်ကို ထမင်းကျွေးမွေးဧည့်ခံခဲ့သလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့လည်း စည်စည်ကားကား ကျင်းပခဲ့တာပါ။ အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာတာဟာ မျိုးဆက်သစ်လူငယ်တွေရဲ့စာရိတ္တနဲ့ ပညာရည်မြင့်မားဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၂။ အာရက္ခဒေသမှာရှိတဲ့ အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်း (ASPPA) မှာလစ်လပ်နေတဲ့ နေရာတွေအတွက် ဝန်ထမ်းအသစ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်မယ့်သူတွေဟာစည်းကမ်းတွေကို...
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၁။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက "အာရက္ခသူနာပြုသင်တန်းကျောင်း" (Arakkha School of Nursing) ကို ဖွင့်လှစ်တော့မှာဖြစ်ပြီး သင်တန်းသားသစ်တွေကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဲဒီ အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးမယ့် သူနာပြုမျိုးတေသစ်တွေ မွေးထုတ်ပေးဖို့အတွက်...
Read moreBorder News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၁။ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေမှာ အစ္စလာမ်ဘာသာရေးဆုပေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို "အာရက္ခနိုင်ငံတော်သီချင်း" နဲ့စတင်ဖွင့်လှစ်ခဲ့ပြီး ULA/AA အကြီးအကဲတွေ၊ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံ ၁,၅၀၀...
Read moreHey! Don't Copy my content.