Border News Agency
ဘူးသီးတောင်၊ အောက်တိုဘာ ၅။
ဘူးသီးတောင်မြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ရေနစ်မြုပ်လို့ ကလေးငယ်နှစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီ သပိတ်တောင်မူဆလင်ကျေးရွာက ဦးအာမာန်အူလ္လာရဲ့သမီး အသက် ၁၃ နှစ်အရွယ် မအိုမာအူလ္လာနဲ့ သူ့ရဲ့ညီမဖြစ်သူ အသက် ၈ နှစ်အရွယ် မရိုမာနာ တို့ရေနစ်သေဆုံးသွားခဲ့တာပါ။
သူတို့ညီမ ၂ ဦးဟာ အောက်တိုဘာလ ၃ ရက်၊မနက် ၁၀ နာရီအချိန်မှာ သပိတ်တောင်ရွာ အနောက်ဖက်ရှိကွမ်းခင်းသို့ မိဘတွေကိုထမင်းသွားပေးခဲ့တယ်လို့ဆိုပါတယ်။
ထမင်းသွားပေးရာကနေ နေအိမ်သို့ပြန်လာကြချိန် မနက် ၁၁ နာရီအချိန်ခန့်မှာ သပိတ်တောင်ရွာအနောက်ဖက်ရှိ ချောင်းကိုဆင်းကူရာမှ ရေနစ်မြုစ်သေဆုံးသွားကြတာဖြစ်ပါတယ်။
ပေါက်တောမြို့နယ်၊ ပြင်မရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ရေနစ်မြုပ်လို့ အသက် ၇၅ နှစ်အရွယ် ဦးထွီးဖြူ သေဆုံးသွားခဲ့တာပါ။
အဲဒီအပြင် မြေပုံမြို့နယ်၊ငမန်းရဲကျွန်း၊ပြင်ချောင်းရွာမှာ စက်တင်ဘာလ ၁၂ ရက်၊မနက် ၈ နာရီခွဲအချိန်က ဦးမိုးထက်နိုင်ရဲ့သား အသက် ၅ နှစ်အရွယ်မောင်ရဲသူရလင်းရေနစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
နောက်ပြီးတောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှာ စက်တင်ဘာလ ၃ ရက်နေ့က ဦးထွန်းသူရလင်းရဲ့ သား အသက် ၉ နှစ်အရွယ် မောင်ဇွဲမြတ်သူရ ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။
အာရက္ခဒေသမှာ ခုနှစ်မိုးရာသီအတွင်း ရေနစ်သေဆုံးသူအများအပြားရှိလာနေတာမို့ မြစ်၊ချောင်း၊ အင်းအိုင်တွေမှာ ရေစီးရေသန်တာတာကြောင့် မြစ်ချောင်း၊ အင်းအိုင်းတွေကို ဖြတ်ကူးသွားရရင် သတိထားကြဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။