Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်တော်မြို့နယ် စစ်ရေး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခဒေသသီတင်းကျွတ်ကာလ လုံခြုံရေးအတွက်ဒေသန္တရအမိန့်ထုတ်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
32
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၅။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သီတင်းကျွတ်ကာလအတွင်း လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA) က ဒေသန္တရအမိန့်ထုတ်ပြန်ထားတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့်သီတင်းကျွတ်ကာလ ပြည်သူတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို မြို့နဲ့ကျေးရွာတွေမှာ အမိန့်ထုတ်ထားတာလို့ ဒေသခံတွေကဆိုကြပါတယ်။

“သီတင်းကျွတ်ကာလမှာမလိုအပ်ဘဲလူစုလူဝေးလုံးဝမပြုလုပ်ကြဖို့၊ညရှစ်နာရီခွဲအချိန်ကစပြီးနောက်ပိုင်းကာလတွေမှာ မီးအရမ်းလင်းတဲ့မီးသီးနဲ့မီးအိမ်တွေကို လုံးဝ မထွန်းကြဖို့လို့ အမိန့်ထုတ်ထားပါတယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ဆေးရုံစတဲ့နေရာတွေနဲ့လူစုလူဝေးရှိတဲ့နေရာတွေကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် သီတင်းကျွတ်ကာလမှာ မလိုအပ်ဘဲလူစုလူဝေးလုံးဝမပြုလုပ်ကြဖို့၊ ညရှစ်နာရီခွဲအချိန်ကစလို့ အားအလွန်ကောင်းတဲ့ မီးသီးနဲ့မီးအိမ်တွေကို လုံးဝမထွန်းကြဖို့၊သတ်မှတ်ထားတဲ့အချိန်ထက်ကျော်လွန်ပြီးဆူပူမှုတွေလုံးဝမပြုလုပ်ကြဖို့သတိပေးထားတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် နေအိမ်မှာဧည့်သည်တွေရောက်လာရင် နီးစပ်ရာကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရပ်ကွက်ခေါင်းဆောင်တွေဆီ အသိပေးတိုင်ကြားကြဖို့ဒေသန္တရအမိန့်တွေထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

“ရခိုင်မှာနေ့စဥ်နေ့တိုင်းလိုလို စစ်ကောင်စီကဗုံးကြဲနေတော့ပြည်သူတွေမလိုအပ်ဘဲ ထိခိုက်သေဆုံးမှုမရှိရအောင်တပ်တော်က လုံခြုံရေးအတွက်အမိန့်ထုတ်ထားတာပါ။ လုံခြုံရေးအတွက်ခုလိုအမိန့်ထုတ်ပြန်တာကို လက်ခံပါတယ်။” လို့ ကျောက်တော်မြို့နယ်ရှိ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဒေသန္တရအမိန့်ကို အာရက္ခဒေသက မြို့နယ်တိုင်းမှာ မြို့နဲ့ကျေးရွာအလိုက် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် ရွာဆော်တွေက တလမ်းဝင်တလမ်းထွက် အသိပေးကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ ချိုးဖောက်ရင်ဘယ်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် သီတင်းကျွတ်ကာလ လူစုလူဝေးမလုပ်ကြဖို့နဲ့ စစ်ရေးသတိအမြဲရှိနေဖို့ အာရက္ခတပ်တော်က ထုတ်ပြန်အသိပေးခဲ့ပါတယ်။

PrevPreviousဘူးသီးတောင်မှာ ရေနစ်မြုပ်လို့ကလေးနှစ်ဦးသေဆုံး
Nextတန့်ဆည်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရNext
Previous Post

ဘူးသီးတောင်မှာ ရေနစ်မြုပ်လို့ကလေးနှစ်ဦးသေဆုံး

Next Post

တန့်ဆည်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ပေါက်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်နီးပါးသေဆုံး

November 16, 2025

“ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်တာပါပဲ။ အစာတွေကတော့မှာယူရတာပါ။”

November 15, 2025

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၈

November 15, 2025
ဓာတ်ပုံ - တပ်ရင်း ၃၅၀၄၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရေတာရှည်မြို့နယ် တိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်ဦးသေဆုံး

November 15, 2025

ပေါက်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်နီးပါးသေဆုံး

“ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်တာပါပဲ။ အစာတွေကတော့မှာယူရတာပါ။”

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၈

ရေတာရှည်မြို့နယ် တိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်ဦးသေဆုံး

ဘာထလေရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

၁၀၅ နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်ဆန္ဒပြသပိတ်

Releated Post

ပေါက်မြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်နီးပါးသေဆုံး

November 16, 2025

“ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်တာပါပဲ။ အစာတွေကတော့မှာယူရတာပါ။”

November 15, 2025

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၈

November 15, 2025
ဓာတ်ပုံ - တပ်ရင်း ၃၅၀၄၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရေတာရှည်မြို့နယ် တိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်ဦးသေဆုံး

November 15, 2025

ဘာထလေရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

November 15, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

၁၀၅ နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်ဆန္ဒပြသပိတ်

November 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page