Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိကျေးရွာနှစ်ရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ပကဖတန့်ဆည်မြို့နယ်က အောက်တိုဘာလ ၅ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တန့်ဆည်မြို့နယ်၊ သာဂရရွာနဲ့ သာဂလရွာကို အောက်တိုဘာလ ၄ ရက်၊မနေ့ည ၉ နာရီအချိန်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ် ဆယ့်ရှစ်လုံးပျက်စီးသွားခဲ့သလို အိမ်မွေးနွားခြောက်ကောင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။












